ကမ္ဘာကြီးအတွက် ပလက်စတစ်တွေကို မဖြစ်မနေ လျှော့သုံးဖို့ လိုအပ်နေတဲ့ အကြောင်းအရင်းများ

Photo by cottonbro from Pexels
Sponsored

တစ်နေ့ထက် တစ်နေ့ ပလက်စတစ် သုံးစွဲမှုကတော့ မြင့်တက်လျက် ရှိပါတယ်။ ပလက်စတစ်က ပစ္စည်းထုပ်ပိုးမှုတွေမှာ တော်တော် အသုံးဝင်တယ်ဆိုပေမယ့်လည်း ကမ္ဘာကြီးအတွက်တော့ အတော် အန္တရာယ်ရှိတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် ပလက်စတစ် သုံးစွဲမှုတွေကို ကမ္ဘာမှာ ဒီအကြောင်းအရင်းတွေကြောင့် လျှော့ချပြီး အသုံးပြုနေကြပါတယ်။

သဘာဝပတ်ဝန်းကျင်မှာ အမှိုက်များနေတယ်

Sponsored

တစ်နှစ်ကို ပလက်စတစ် တန် ၈ သန်းလောက်က ပင်လယ်သမုဒ္ဒရာထဲကို ရောက်နေပါတယ်။ အမှိုက်တွေရဲ့ ၉၀ ရာနှုန်းလောက်က သမုဒ္ဒရာရဲ့ မျက်နှာပြင်ပေါ် ပြန့်နေပြီး ရေမျက်နှာပြင်ကို အကျည်းတန်နေစေပါတယ်။ တစ်မိုင်ပတ်လည်ကို ပလက်စတစ် အပိုင်းအစပေါင်း ၄ သောင်း ၆ ထောင်ကျော် ရှိနေတာမို့ ပလက်စတစ်ကို မလျှော့ချရင် သမုဒ္ဒရာ တစ်ခုလုံး အရုပ်ဆိုးနေမှာ ဖြစ်ပါတယ်။

READ
အ၀တ်အထည်တွေ တာရှည်ခံအောင်အမျိုးအစားကိုလိုက်ပြီး စနစ်တကျထိန်းသိမ်းနည်းများ
fahroni/Freepik

သတ္တဝါတွေကို သတ်နေတယ်

ကမ္ဘာကြီးက သတ္တဝါ ပေါင်းစုံ ယှဉ်တွဲနေထိုင်ရာ နေရာ ဖြစ်ပတယ်။ ပင်လယ်ပြင်တွေနဲ့ သမုဒ္ဒရာတွေမှာ ရှိနေတဲ့ ပလက်စတစ်တွေက ပင်လယ်ငှက်ပေါင်း တစ်သန်းလောက်နဲ့ ရေနေသတ္တဝါ တစ်သိန်းကို နှစ်စဉ် အသက်ဆုံးရှုံးစေလျက် ရှိနေပါတယ်။ ဒါက ပလက်စတစ်ကြောင့် သတ္တဝါတွေ မျိုးတုန်းသွားနိုင်ချေရှိနေပြီလို့ လူသားတွေကို ပြောနေတာ ဖြစ်ပါတယ်။

user7264515/Freepik

လွယ်လွယ် မပျက်စီးသွားဘူး

ပလက်စတစ်တွေက နှစ်ပေါင်း ၄၅၀ ကနေ ၁၀၀၀ ကြာမှ ပျက်စီးတာပါ။ ပျက်စီးဖို့ ခက်ခဲတဲ့ ဒီပလက်စတစ် အစိတ်အပိုင်းတွေက သမုဒ္ဒရာမှာဆိုရင် ရေပေါ်မှာပေါ်နေတဲ့ ပလက်စတစ်အမှိုက် အစုအဝေးက အမေရိကန်နိုင်ငံ ပြည်နယ် တစ်ခုစာလောက်ကို ကြီးမားနေပါတော့တယ်။ ဒါက သိပ်ကို အန္တရာယ် ကြီးနေတဲ့ အခြေအနေပါပဲ။

READ
သင်တလွဲအဓိပ္ပာယ်ကောက်ပြီး သုံးမိနေတဲ့ Emoji Sticker တွေရဲ့ အဓိပ္ပာယ်အမှန်များ
Photo by Tom Fisk from Pexels

ပလက်စတစ် သုံးစွဲမှု အရမ်းများနေတယ်

တစ်နှစ်ကို ပလက်စတစ် သန်း ၃ ရာလောက် ထုတ်လုပ်နေလျက် ရှိပြီး တစ်ဝက်လောက်ကတော့ တစ်ခါသုံးပြီး လွှင့်ပစ်ရတဲ့ ပလက်စတစ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အမှိုက်တွေက ပိုပြီး များလာတာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရတော့ တစ်ကမ္ဘာလုံးရဲ့ ၉ ရာနှုန်းကပဲ ပြန်လည် အသုံးပြုနိုင်ပြီး ၁၂ ရာနှုန်းကတော့ အဆိပ်ငွေ့တွေအဖြစ် ပြန်ထွက်ပေါ်နေပြီး ၇၉ ရာနှုန်းကတော့ ဒီအတိုင်း ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ ဒါကြောင့် ပလက်စတစ် လျှော့သုံးလေလေ အမှိုက်တွေ နည်းလေလေ ဖြစ်မှာပါနော်။

Photo by mali maeder from Pexels

အခုဆိုရင် ကမ္ဘာကြီးမှာ ပလက်စတစ်တွေကို အသုံးနည်းနိုင်သမျှ နည်းအောင် ပြုလုပ်နေရတာမို့ သင်လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်သင့်ပါတယ်နော်။

Kham

 

sponsored