စာကြမ်းပိုးလေးတွေက အကောင်းဆုံးသူငယ်ချင်းဖြစ်ကြောင်း ဖော်ပြနေတဲ့အချက် (၇)ချက်

Sponsored

သင့်မှာ သူငယ်ချင်းဘယ်နှယောက်ရှိပြီး သူငယ်ချင်းကောင်းဘယ်နှယောက်ရှိပါသလဲ။ သင့်သူငယ်ချင်းတွေထဲမှာ စာကြမ်းပိုးတစ်ယောက် ပါနေရင် သင်ဟာ သေချာပေါက် သူငယ်ချင်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတာပါ။ စာကြမ်းပိုးတွေဟာ သင့်အတွက် သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာ ဖော်ပြနေတဲ့ အချက်တွေကတော့ ဒီမှာပါ။

(၁) သင့်ကိုအရမ်းစာနာတတ်တဲ့သူ

shutterstock

စာကြမ်းပိုးလေးတွေဟာ အကျင့်စရိုက်မျိုးစုံ၊ စိတ်ဓာတ်မျိုးစုံကို နားလည်နိုင်စွမ်းရှိတာကြောင့် သင့်ကိုလည်း ကောင်းကောင်းနားလည်ပြီး သင့်ရဲ့ဒုက္ခသုက္ခတွေနဲ့ သင်ကြုံတွေ့နေရတာတွေကိုလည်း စာနာနားလည်ပေးပါလိမ့်မယ်။

(၂) စိတ်ညစ်စရာတွေကို နှစ်သိမ့်ပေးနိုင်တယ်

Sponsored

သင်စိတ်ညစ်စရာတွေနဲ့ ကြုံနေရတဲ့အခါ ဘယ်လိုနှစ်သိမ့်မှုမျိုးကို လိုအပ်တယ်ဆိုတာကို သူတို့ ကောင်းကောင်းသိတာကြောင့် သင့်ရဲ့ စိတ်ညစ်စရာတွေ ပျောက်သွားအောင် နှစ်သိမ့်ပေးနိုင်ပါလိမ့်မယ်။

(၃) အကောင်းဆုံးရင်ဖွင့်ဖော်

Pexels

တစ်ယောက်ယောက်ကို နားလည်ပြီး ကောင်းကောင်းနားထောင်ပေးနိုင်တဲ့ အကောင်းဆုံးရင်ဖွင့်ဖော်လေးကလည်း စာကြမ်းပိုးလေးတွေပါပဲ။

(၄) ရိုးရှင်းတဲ့သူတွေ

သူတို့တွေဟာ ရိုးရိုးရှင်းရှင်းနေတတ်ပြီး လှည့်ကွက်တွေနဲ့ မဆက်ဆံတတ်တာကြောင့် အပြည့်အ၀ယုံကြည်လို့ရတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

READ
တစ်သျှူးအစိုကိုသုံးပြီးမိတ်ကပ်ဖျက်ခဲ့ရာမှ ထိတ်လန့်ဖွယ်ကြုံခဲ့ရတဲ့အမျိုးသမီးရဲ့ အဖြစ်.....

(၅) သင်နဲ့အတူစွန့်စားမယ့်သူ

Pexels

စာအုပ်ပဲ ဖတ်နေလို့ ပျော့ညံ့တဲ့သူတစ်ယောက် ဖြစ်မယ်လို့ မထင်ပါနဲ့နော်။ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းပြီး စွန့်စားတတ်တဲ့သူတွေကလည်း စာကြမ်းပိုးတွေပါပဲ။

(၆) ပြဿနာဖြေရှင်းပေးတဲ့သူ

စာဖတ်အားကောင်းတဲ့ စာကြမ်းပိုးလေးတွေက သင့်မဖြေရှင်းနိုင်တော့တဲ့ ပြဿနာတွေကိုတောင် ကူညီဖြေရှင်းပေးနိုင်ပါတယ်နော်။

(၇) ဝေဖန်ပိုင်းခြားနိုင်စွမ်းကောင်းတဲ့သူ

Pexels

သင့်ဘ၀အတွက် ဘယ်လိုဆုံးဖြတ်ချက်တွေ ချသင့်လဲ၊ ဘ၀အောင်မြင်ဖို့ဘာတွေလုပ်သင့်ပြီး ဘာတွေ မလုပ်သင့်လဲဆိုတာတွေကို အကြံဉာဏ်ပေးတတ်ပြီး သင့်အတွက် အဆိုးအကောင်း ခွဲခြားလမ်းပြပေးနိုင်တဲ့ သူငယ်ချင်းကောင်းလည်းဖြစ်ပါတယ်။

MAY THAZINHTOO

sponsored