ခရီးထွက်ခြင်းကို စွဲလန်းတတ်သူတွေ မကြာခဏ ခရီးထွက်တတ်ကြတဲ့ အကြောင်းအရင်းများ

shutterstock/ Zolotarevs
Sponsored

တစ်ချို့လူတွေကတော့ ခရီးထွက်ရတာကို ဝါသနာတစ်ခုလိုမျိုး ပြုလုပ်လာတတ်ကြပါတယ်။ ဒါဟာ ခရီးသွားရခြင်းကို စွဲလန်းတတ်လာတာဖြစ်ပြီး တကယ့် ခရီးသွားရခြင်းရဲ့ အဓိပ္ပါယ်ကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်ပါတယ်။ လူတော်တော်များများဟာ ဒီလိုအဓိပ္ပါယ်တွေကို ရှာဖွေဖို့ ခရီးသွားတတ်ကြတာ ဖြစ်ပါတယ်။

လွတ်မြောက်မှုကို ခံစားဖို့

shutterstock/Day2505

အလုပ်တွေ၊ စိတ်ညစ်စရာတွေကိုနဲ့ ဝေးရာကို ခဏလောက် ခရီးထွက်ရတဲ့ အရသာကို ခံစားဖူးကြမှာပါ။ ဒါဟာ အရမ်းကို လွတ်မြောက်တဲ့ခံစားချက်ဆိုတာကိုတော့ ခံစားဖူးသူတိုင်း သိမယ်ထင်ပါတယ်။ စိတ်ပင်ပန်းမှုတွေကနေ ခဏလွတ်မြောက်မှု၊ စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေကနေ လွတ်မြောက်ပြီး လွတ်လပ်မှုကို အပြည့်အဝခံစားချင်လို့ နေရာသစ်၊ ဒေသစ်တွေဆီ ခရီးသွားကြတာပါ။

စိတ်ပျော်ရွှင်မှုအတွက် သို့ အနားယူဖို့

Sponsored

နောက်ထပ် အကြောင်းအရင်းတစ်ခုက စိတ်ပျော်ရွှင်မှုအတွက် ခရီးထွက်တတ်ကြပါတယ်။ ခရီးထွက်ရတာကို ကြိုက်တဲ့သူတွေဟာ ခရီးထွက်နေရတာနဲ့ကို ပျော်ရွှင်နေတတ်ကြတာပါ။ နောက်ထပ်တစ်ခုကတော့ အရမ်းမွမ်းကျပ်ပိတ်လောင်နေတဲ့ စိတ်တွေ၊ အလုပ်တွေနဲ့ပဲ အချိန်ကုန်ဖြစ်နေတဲ့ နေ့ရက်တွေအတွက် အနားပေးတဲ့ သဘောမျိုးကြောင့် ခရီးထွက်တတ်ကြတာ ဖြစ်ပါတယ်။

READ
အညံ့စားစိတ်ဓာတ်တွေမရှိတဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ကိုက်ညီသူပါ

စွန့်စားမှုကို ရှာဖွေဖို့

shutterstock/aounphoto

တစ်ချို့လူတွေရဲ့ ခံယူချက်တွေကတော့ သူများတွေနဲ့ ကွဲပြားနေတတ်ပါတယ် အထူးသဖြင့် သာမာန်ဘဝကြီးကို ငြီးငွေ့တတ်တဲ့ သူတွေအတွက်ပေါ့။ သူတို့တွေက ဘဝဆိုတာ တစ်သတ်မှတ်တည်းနေရတာကို မကြိုက်တတ်ကြတဲ့အတွက် အသစ်အဆန်းတွေ၊ စိတ်ဝင်စားမှုတွေကို ရှာဖွေရတာ ကြိုက်တတ်ကြတဲ့အတွက် စွန့်စားမှုကို ရှာဖွေဖို့ ခရီးထွက်တတ်ကြတာပါ။

ကိုယ်ကိုယ်ကို အချိန်ပေးဖို့

shutterstock/ Peera_stockfoto

လူတွေဟာ ကိုယ့်ကိုယ်ကို အချိန်ပေးတဲ့အနေနဲ့ တစ်ယောက်တည်း သီးသန့်အချိန်လေး လိုအပ်ပါတယ်နော်။ ဒီလိုတစ်ယောက်တည်း အချိန်ပေးကြည့်တဲ့အခါ ကိုယ့်ကိုယ်ကို ပိုခံစားမိပြီး ကိုယ့်ရဲ့ဖြစ်တည်မှု၊ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ပိုသိရှိခံစားနိုင်ပါတယ်။ ဒါကြောင့်ပဲ လူတွေက ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ ခရီးထွက်ရတာကို နှစ်သက်ကြပါတယ်။

သင်ယူဖို့

ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ နေရာသစ်၊ ဒေသသစ်တွေမှာ လေ့လာစရာတွေ၊ မှတ်သားစရာတွေ၊ ဗဟုသုတတွေနဲ့ မတူညီတဲ့ ရိုးရာဓလေ့တွေ များစွာရှိလို့နေပါတယ်။ ဒီတော့ ဒါတွေကို သင်ယူဖို့အတွက် တစ်ချို့တွေက ခရီးသွားရတာကို ခုံမင်တတ်ကြပါတယ်။

READ
မိသားစု ဗီဒီိယိုဖိုင်အောက်က တိုက်ခိုက်တဲ့ Comment တွေ ကြောင့် Eric ပေါက်ကွဲနေ

ချစ်ရသူနဲ့ အချိန်ကုန်ဆုံးဖို့

shutterstock/ oneinchpunch

နောက်ဆုံးအချက်လေးကတော့ ကိုယ်ချစ်ရတဲ့သူနဲ့ လှပတဲ့ သဘာဝတရားတွေကို ခံစားဖို့၊ အစားအစာ အသစ်အဆန်းတွေရဲ့ အရသာတွေကို ကိုယ်ချစ်တဲ့သူတွေနဲ့အတူ မြည်းစမ်းရင်း လှပတဲ့ အမှတ်တရတွေကို ဖန်တီးဖို့အတွက် ခရီးထွက်ရတာကို စွဲလန်းတတ်ကြတာ ဖြစ်ပါတယ်။

Khin

sponsored