မင်းသမီး Rebel Wilson ရဲ့ ချစ်သူ ရုပ်ရှိရေလျှံသူဌေးသားလေး Jacob Busch အကြောင်း

Instagram- @jacobpbusch
Sponsored

Pitch Perfect ထဲက ဝဝဖိုင့်ဖိုင့်မင်းသမီးလေး Rebel Wilson ကို အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ သူမဟာ Pitch Perfect မှမဟုတ်ပါဘူး တခြားနာမည်ကြီးရုပ်ရှင်တွေမှာလည်း တော်တော်များများသရုပ်ဆောင်ထားပါသေးတယ်။ အခုတလောမှာလည်း Rebel Wilson အနေနဲ့  ဟောလိဝုဒ်သတင်းတွေတော်တော်များများမှာ နေရာယူနေခဲ့ပါသေးတယ်။

ပထမ Rebel Wilson တစ်ယောက် အရင်ကလိုမဟုတ်တော့ဘဲ ဝိတ်ကျပြီး လှပသွားတဲ့အကြောင်းပါ။ နောက်တစ်ခုကတော့ Rebel Wilson တစ်ယောက် ချစ်သူရသွားပြီဆိုတဲ့အကြောင်းပါ။ အရင်ကတည်းက ချစ်သူတစ်ယောက်ကိုမှ ပေါ်ပေါ်တင်တင်မတွဲဖူးတဲ့ Rebel Wilson တစ်ယောက် ချစ်သူရသွားပြီလဲဆိုရော ပရိတ်သတ်တွေရဲ့ အာရုံစိုက်ခြင်းခံထားရသလို ရသွားတဲ့ချစ်သူကလည်း သာမန်မဟုတ်တဲ့အတွက် မီဒီယာတွေရဲ့အာရုံစိုက်ခြင်းကို ခံနေရပါတယ်။ ဒါဆို Rebel Wilson ရဲ့ ချစ်သူက ဘယ်သူလဲ ကြည့်လိုက်ရအောင်။

 

View this post on Instagram

 

A post shared by Jacob Busch (@jacobpbusch) on

Sponsored

သူ့နာမည်ကတော့ Jacob Busch ပါတဲ့။ ဟုတ်ပါတယ်။ Busch မိသားစုကပါ။ ဖခင်ဟာ Peter W. Busch ဖြစ်ပြီး မျိုးရိုးစဉ်ဆက် beverage ထုတ်ကုန်တွေထုတ်တဲ့ ကုမ္ပဏီလုပ်ငန်းစုကြီးတစ်ခုပါ။ ဝိုင်ကစလို့ ဘီယာ၊ အရက်တွေအထိ အမျိုးစုံအောင် ထုတ်လုပ်ျက်ရှိနေပါတယ်။ ဥပမာ Budweiser တို့ Stella Artois တို့လို နာမည်ကြီးတွေအထိ ပါဝင်နေပါတယ်။ 

READ
ထူးထူးခြားခြား အဝါရောင်ကိုမှအကြိုက်ဆုံးဆိုတဲ့သူတွေရဲ့ ထူးခြားချက် (၆) ချက်

Rebel Wilson ထက် ၁၁ နှစ် လောက်ငယ်ပြီး အသက် ၂၉ နှစ်သာရှိသေးတဲ့ Jacob Busch ကိုယ်တိုင်ဟာလည်း ဒီလုပ်ငန်းစုမှာ ဝင်ရောက်စီမံခန့်ခွဲနေတဲ့အပြင်ကိုမှ အပြင်မှာလည်း တခြားကိုယ်ပိုင်လုပ်ငန်းတွေရှိနေတဲ့အတွက်ကြောင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦလို့လည်း ဆိုနိုင်ပါတယ်။ ပိုင်ဆိုင်မှုတန်ဖိုးကတော့ ဒေါ်လာ သန်း ၁၀၀ လောက်အထိ ရှိနေတယ်ဆိုပြီး မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ Busch မိသားစုကတော့ အမေရိကရဲ့ အချမ်းသာဆုံးစာရင်းထဲ အဆင့် ၁၆ မှာရှိနေပါတယ်တဲ့။

 

View this post on Instagram

 

A post shared by Jacob Busch (@jacobpbusch) on

၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ အမျိုးသမီးတစ်ဦးနဲ့ တွဲဖူးပါသေးတယ်။ သူ့ထက် အသက် ၃၀ လောက်ကြီးတဲ့ မမကြီးနဲ့ပါတဲ့။ ဒါပေမဲ့လည်း အဲဒီနောက်ပိုင်း ပြတ်သွားပြီးကတည်းကိုက Jacob အနေနဲ့ ဘယ်ချစ်သူနဲ့မှ ပေါ်ပေါ်တင်တင် ကို မတွဲတော့တာပါတဲ့။

Jacob ဟာ တိရိစ္ဆာန်လေးတွေကိုအရမ်းချစ်တတ်ပါသေးတယ်။ သူ့မှာအချစ်တော်ခွေးလေးတစ်ကောင်လည်း ရှိနေပါသေးတယ်။ Napoleon ပါတဲ့။ သူ့ရဲ့ Instagram တစ်ခုလုံးလည်း Napoleon ပုံတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။

 

View this post on Instagram

 

What do you call a gator in a vest? An Investigator

A post shared by Jacob Busch (@jacobpbusch) on


Rebel Wilson နဲ့ ဒိတ်နေခဲ့တာ ၂၀၁၉ ခုနှစ်ကတည်းကဆိုပေမယ့်လို့ အခုချိန်မှ လူတွေကို ပေါ်ပေါ်တင်တင် ထုတ်ပြပြီးတော့ relationship ဖြစ်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလကမှ Instagam မှာ ပုံတင်ပြီးတော့ အတိလင်းကြေငြာခဲ့တာပဲဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေးနဲ့ ရိုမန့်တစ်ဆန်စွာ တစ်ယောက်ကိုတစ်ယောက် ဖေးမှုတွေအပြည့်နဲ့ အကောင်းဆုံးဖြစ်နေပါတယ်တဲ့လေ။

 

View this post on Instagram

 

A post shared by Jacob Busch (@jacobpbusch) on

penny

READ
သင်ဟာ လွယ်လွယ်မချစ်တတ်‌ပေမယ့် အချစ်ကြီးသြူဖစ်‌ကြောင်း သိနိုင်မယ့်အချက်များ

 

sponsored