လက်ရှိဖြစ်နေတဲ့ ပြဿနာကြောင့် Live Fan Meeting ပွဲကို Red Velvet ဖျက်သိမ်း

Image:IG/Red Velvet & Irene
Sponsored

Red Velvet က တော့ ‘2020 K-Culture Festival.’ မှာ ပါဝင် သွားမယ့် သူတို့ ရဲ့ အစီအစဉ် ကို ဖျက်သိမ်း လိုက် တယ်လို့ အောက်တို ဘာ (၂၃) ရက်နေ့က သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ Red Velvet က တော့ ‘2020 K-Culture Festival’ ရဲ့ ambassador တွေ ပါ။ တရားဝင် ambassador တွေအနေနဲ့ ဒီပွဲမှာ Super Junior KRY တို့နဲ့ အတူ Promote လုပ် ဖို့ စီစဉ်ထားခဲ့တာပါ။

Sponsored

အောက်တိုဘာ (၂၄) မှာတော့ ပြည်တွင်းရော ပြည်ပ က ပရိသတ်တွေနဲ့ ive fan meeting လုပ်ပြီး တွေ့ ဆုံ ဖို့ စီစဉ်ထားခဲ့တာပါ။ဒါပေမယ့် လည်း အခု လက်ရှိ ဖြစ်နေတဲ့ Irene ရဲ့ ပြဿနာ ကြောင့် SM Entertainment  ဘက်က နေ ပွဲ စီစဉ် သူကို ဖျက်သိမ်း  ပေးဖို့ တောင်းဆို လိုက်တာပါ။ဒီအ ကြောင်းကိုတော့ kstarlive မှာ ဖော်ပြထား ပါတယ်။

 

View this post on Instagram

 

Red Velvet X Paris99 Collaboration _ #RedVelvet #레드벨벳 #Paris99 @paris99

A post shared by Red Velvet Official (@redvelvet.smtown) on

ဒီပွဲ ဖျက်တာ  ပြဿနာရဲ့ အစ က တော့ အောက်တိုဘာ (၂၂)ရက်နေ့မှာ ထွက် ပေါ် လာတဲ့ ကိစ္စ တစ်ခုြေ ကာင့်ပါ။နာမည်ကြီး Editor နဲ့ stylist  တစ်ယောက် ဖြစ်တဲ့ Kang Kookhwa က နေ သူတို့ရဲ့ Instagram ပေါ်မှာ အမျိုးသမီး Idol တစ်ယောက် ရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူ အ ကြောင်းကို Post တင်ခဲ့ပါတယ်။#psycho and #monster လို့ ကို ရေးတင်ခဲ့တာပါ။ဒီ Post ထဲက အမျိုးသမီး Idol ဆိုတာ ဘယ်သူ လဲ ဆိုပြီး  သိချင်နြေ ကပါတယ်။ hashtags နာမည်တွေ က တော့ Irene ရဲ့ သီချင်း နာမည်တွေ မို့ သူမ များ ဖြစ် နေ မလား ဆိုပြီး အားလုံးက သံသယ ၀င်ခဲ့ပါတယ်။

 

View this post on Instagram

 

#광고 @prada @voguekorea #PradaFW20

A post shared by IRENE (@renebaebae) on

Irene ဘက်ကလည်း ဒီကိစ္စ နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာ ပေါ် က နေ တရားဝင် တောင်းပန် ခဲ့ပါတယ်။သူမရဲ့ ရူးမိုက်တဲ့ လုပ်ရပ်၊ လက်လွတ်စပယ် ပြောလိုက်မိတဲ့ စကား၊လုပ်လိုက်မိတဲ့ အပြုအမူ အတွက် တောင်း ပန် ပါတယ်လို့ Post တင် ခဲ့ပါတယ်။သူ မ  အလုပ် လုပ် တာကို လူတွေ အများကြီး က ဘေးက နေ ၀ိုင်းပြီး ကူညီ ပေးခဲ့ ကြ ပေမယ့်လည်း သူမ ရဲ့ မရင့် ကျက်တဲ့ အပြု အမူ နဲ့ လုပ် ရပ် တွေ ကြောင့် တစ်ဖက် လူကို နာကျင်စေခဲ့တဲ့ အတွက် တောင်း ပန် ပါတယ်။သူမရဲ့ လုပ်ရပ် အတွက် လည်း ရှက် မိပါတယ်။ နောက် နောင် ဒါ မျိုး မဖြစ် အောင် ဂရုစိုက် သွားပါ့မယ်။အားပေးတဲ့ Fan တွေ ကိုလည်း ဒီလို မျိုး ကိစ္စ တွေ ပေါ် ပေါက်လာ စေ မိလို့ တောင်း ပန် ပါတယ်ဆိုပြီး တင်ခဲ့ပါတယ်။

 

View this post on Instagram

 

아이린입니다. 저의 어리석은 태도와 경솔한 언행으로 스타일리스트 분께 마음의 상처를 드려 진심으로 죄송합니다. 제가 이 자리에 있기까지 함께 노력해주신 많은 분들의 도움이 있었는데 성숙하지 못한 행동으로 큰 상처를 드린 점 후회하고 반성하고 있습니다. 이번 일을 통해 지난 시간을 되돌아 보니 저의 부족한 언행이 많이 부끄러웠고 스태프분들의 소중함을 다시 한번 느끼게되었습니다. 앞으로는 이런 일이 없도록 더욱 신중히 생각하고 행동하겠습니다. 부족한 저를 응원해 주시는 팬 여러분과 이번 일로 인해 심려를 끼쳐드린 모든 분들께 진심으로 죄송합니다.

A post shared by IRENE (@renebaebae) on

 

View this post on Instagram

 

✨⚡️

A post shared by IRENE (@renebaebae) on

အဲ့ဒီနောက်မှာတော့ SM Entertainment ဘက်က နေ လည်း တရားဝင် ကြေညာချက် ထုတ်ခဲ့ပါတယ်။ဒီလို ကိစ္စ မျိုး ဖြစ် စေ မိလို့ Irene က လည်း လေးလေးနက်နက် တောင်းပန် ထားပါတယ်။SM ဘက်ကလည်း ဒီဖြစ်ရပ် နဲ့ ပတ်သက်ပြီး သူတို့ လည်း တာဝန် ရှိတယ်လို့ ခံစားရ ကြောင်း၊သူတို့ ရဲ့ အနုပညာရှင်တွေနဲ့ လက်တွဲ အလုပ်လုပ် နေတဲ့ ၀န်ထမ်းတွေ အပါအ၀င် တွဲ လုပ် နေသူ အားလုံးရဲ့ အလုပ်ကြိုးစားမှုကို မ မေ့ပါဘူး ဆိုပြီး ပြောခဲ့ပါတယ်။တစ်ဖက်မှာလည်း Irene က နေ ဒီလို လူမျိုး မဟုတ်ပါဘူး လို့ ခု ခံ ပြော ဆို နေသူတွေ ရှိ သလို အမည်မ ဖော်လိုတဲ့ ၀န်ထမ်း တစ်ယောက် ကလည်း Irene က သူမရဲ့ မန်နေဂျာ တွေနဲ့ Stylist တွေကို ရိုင်းပြ စွာ၊မောက်မောက် မာမာ ဆက်ဆံ နေတာမျိုးကို သုံးကြိမ် တိုင်တိုင် တွေ့ ခဲ့ဖူးတယ်ဆိုပြီး တော့ လည်း ပြောနေတာတွေ လည်း ရှိပါတယ်။

 

View this post on Instagram

 

역시 주얼리는 @damianiofficial

A post shared by IRENE (@renebaebae) on


#AUNTYMAY

sponsored