ရိုင်းစိုင်းမိတဲ့ သူမရဲ့ အပြုအမူတွေအတွက် ပြန်လည်တောင်းပန်လိုက်တဲ့ IRENE

ig/@renebaebae
Sponsored

RED Velvet ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ IRENE က သူမရဲ့ ရိုင်းတဲ့အပြုအမူတွေကို stylist က ဖော်ထုတ်ပြီးနောက်မှာတော့ ပြန်လည်တောင်းပန်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ sbs က ဖော်ပြထားတာပဲ ဖြစ်ပါတယ်။October 21 ရက်နေ့မှာ stylist တစ်ယောက်က သူမတွေ့ကြုံခဲ့ရတဲ့ အကြောင်းကို အွန်လိုင်းပေါ်မှာ ရေးသားလာခဲ့ပါတယ်။ အမျိုးသမီး Kpop star တစ်ယောက်ကို stylish လုပ်ပေးခဲ့စဉ်တုန်းက သူမကို ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ မျက်ရည်ကျအောင်အထိ အပြောခံခဲ့ရပြီး အရမ်းကို သိမ်ငယ်အရှက်ကွဲခဲ့ရတဲ့ အကြောင်းကို ပြန်လည်ပြောပြလာခဲ့ပါတယ်။

 

 

View this post on Instagram

 

아이린입니다. 저의 어리석은 태도와 경솔한 언행으로 스타일리스트 분께 마음의 상처를 드려 진심으로 죄송합니다. 제가 이 자리에 있기까지 함께 노력해주신 많은 분들의 도움이 있었는데 성숙하지 못한 행동으로 큰 상처를 드린 점 후회하고 반성하고 있습니다. 이번 일을 통해 지난 시간을 되돌아 보니 저의 부족한 언행이 많이 부끄러웠고 스태프분들의 소중함을 다시 한번 느끼게되었습니다. 앞으로는 이런 일이 없도록 더욱 신중히 생각하고 행동하겠습니다. 부족한 저를 응원해 주시는 팬 여러분과 이번 일로 인해 심려를 끼쳐드린 모든 분들께 진심으로 죄송합니다.

A post shared by IRENE (@renebaebae) on

Sponsored

“ကျွန်မ သူမနဲ့အတူရှိတဲ့ မိနစ်နှစ်ဆယ်လောက်က ကျွန်မအတွက် ငရဲကျနေသလိုကို ခံစားခဲ့ရတာပါ သူမက အခန်းထဲမှာ ရှိတဲ့ သူတွေအားလုံးကို အော်ဟစ်ခဲ့တယ် ဒါပေမယ့် အဲဒီ့နေ့က အဓိက ပစ်မှတ်က ကျွန်မလို့ ထင်ပါတယ် သူမရဲ့ စကားလုံးတွေက ဖော်ပြလို့မရအောင်ကို ဆိုးဝါးခဲ့တာပါ အရမ်းကိုလည်း သိမ်ငယ်ပြီး ရှက်ခဲ့ရပါတယ် သူဘာလို့ ဒီလိုလုပ်တယ်ဆိုတာကိုလည်း မရှင်းပြခဲ့ပါဘူး ကျွန်မကတော့ ဘာတစ်ခွန်းမှ မပြောနိုင်ပဲ မျက်ရည်ကျမိခဲ့ပါတယ် ကျွန်မ မငိုမိအောင် မထိန်းနိုင်ခဲ့ပါဘူး” ဆိုပြီး အွန်လိုင်းမှာ ရေးသားဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

READ
ကင်ဆာဖြစ်နေတဲ့ ကလေးတွေအတွက် လှူဒါန်းဖို့ သူမရဲ့ဆံပင်ရှည်ကို ညုပ်လိုက်တဲ့ Hyeri

 

နောက်ပြီး stylist က ဟိုးအရင်က IRENE ကိုချီးမွမ်းပြောဆိုရေးသားထားတဲ့ ပို့စ်တစ်ခုကို ဖျက်သွားပြီး သူမရေးသားထားတဲ့ ပို့စ်မှာတော့ #psycho, #monster ဆိုပြီး ရေးသားထားတဲ့အတွက် ဒါဟာ IRENE ကိုပြောတာဆိုပြီး လူတွေက ခန့်မှန်းမိကြပါတယ်။ ဒီပို့စ်က အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပြီးတော့ အမျိုးသမီး kpop star ရဲ့ ရိုင်းစိုင်းတွေအပြုအမူတွေကို ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

 

View this post on Instagram

 

#광고 @prada @voguekorea #PradaFW20

A post shared by IRENE (@renebaebae) on

October 22 ရက်နေ့မှာတော့ IRENE က သူမရဲ့ instagram အကောင့်မှာ stylist ကို တောင်းပန်တဲ့ စာကိုရေးသားခဲ့ပြီး အဲဒီ့ kpop star ဟာ သူမဖြစ်ကြောင်းကို ဝန်ခံခဲ့ပါတယ် “ ကျွန်မရဲ့ ရူးသွပ်တဲ့ အမူအရာတစ်ချို့နဲ့ အတွေးအခေါ်မဲ့တဲ့ စကားလုံးတစ်ချို့ကြောင့် နာကျင်ခဲ့ရတဲ့ stylist ကို အနူးအညွှတ် တောင်းပန်ပါတယ် လူတော်တော်များများက ကျွန်မကို ဒီနေရာရောက်အောင် ကူညီခဲ့ကြပါတယ် ကျွန်မရဲ့ မရင့်ကျက်တဲ့ အပြုအမူတွေအတွက် အရမ်းကို နောင်တရမိပါတယ် အဲဒီ့အတွက်လည်း ကျွန်မ အရမ်းကို ရှက်ရွံ့မိပါတယ် ဒီကိစ္စကြောင့် ကျွန်မရဲ့ အတိတ်မှာ ဘယ်လောက်တောင် ရှက်ရွံ့စရာကောင်းတဲ့ အပြုအမူမျိုးကို လုပ်ခဲ့သလဲဆိုတာကို ပြန်မြန်ယောင်မိပါတယ် ဝန်ထမ်းတစ်ယောက်စီတိုင်းက ဘယ်လောက်အရေးပါတယ်ဆိုတာကို ကျွန်မ သင်ယူခဲ့ပါပြီ ကျွန်မကို အမြဲတမ်း အားပေးနေကြတဲ့ ပရိတ်သတ်တွေကိုလည်း တောင်းပန်ပါတယ် ဒီကိစ္စနဲ့ ပတ်သက်တဲ့ သူကိုလည်း တောင်းပန်ပါတယ်” ဆိုပြီး ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

READ
ဝေဖန်မှုခံနေရတဲ့ ကြားက ကြည့်ရှုနှုန်း မြင့်တက်နေတဲ့ 'Penthouse: War in Life'

 

 

View this post on Instagram

 

#광고 @prada @voguekorea #PradaFW20

A post shared by IRENE (@renebaebae) on

IRENE ရဲ့ အေဂျင်စီ SM Entertainment ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး နောင်တရနေတဲ့အကြောင်းကို တရားဝင် ထုတ်ပြန်ကြေညာပေးခဲ့ပါတယ် “IRENE က ဒီနေ့လည်မှာပဲ stylist နဲ့ တွေ့ပြီး တောင်းပန်ခဲ့ပါတယ် သူမရဲ့ အပြုအမူကြောင့် အတော်လေးကို နောင်တရနေခဲ့ပါတယ် ကျွန်တော်တို့မှာ တာဝန်အပြည့်အဝရှိတဲ့အတွက် ဒီလိုကိစ္စမျိုး နောက်မဖြစ်အောင် အကောင်းဆုံး လုပ်ဆောင်သွားပါမယ် အားလုံးကို တောင်းပန်ပါတယ်” လို့ ဖော်ပြထားပါတယ်။

Khin

sponsored