အရိုးအဆစ်နာကျင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ သဘာဝ ဆေးဝါးများ

shutterstock/ Africa Studio
Sponsored

အရိုးအဆစ်နာကျင်ခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ပြီး အဆစ်အမြစ်ယောင်ခြင်း၊ ထိခိုက်မိခြင်းနဲ့ တစ်ခြားသော ရောဂါတွေကြောင့် အရိုးအဆစ်နာကျင်ခြင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလို အရိုးအဆစ်နာကျင်ခြင်းကို လွယ်လွယ်ကူကူ သက်သာပျောက်ကင်းကုသနိုင်တဲ့ သဘာဝ ဆေးဖက်ဝင် အပင်တွေအကြောင်းကို ဝေမျှပေးလိုက်ပါတယ်။

ရှားစောင်းလက်ပတ်

shutterstock/ Subbotina Anna

ရှားစောင်းလက်ပတ်ပင်ဟာ သဘာဝ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ရုံမက အလှအပရေးရာတွေမှာလည်း အသုံးပြုကြပါတယ်။ ရှားစောင်းလက်ပတ်ပင်က နေလောင်ခြင်းနဲ့ တစ်ခြားသော အရေပြားထိခိုက်မှုတွေကို သက်သာနိုင်စွမ်းရှိပါတယ်။ သူ့မှာ aloin and emodin ဆိုတဲ့ ဓာတ်တွေ ပေါများစွာ ပါဝင်တဲ့အတွက် နာကျင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ နောက်ပြီး နာကျင်နေတဲ့ အရိုးအဆစ်နေရာမှာ လိမ်းပြီး နှိပ်နှယ်ပေးခြင်းက အရိုးအဆစ်နာခြင်းကို သက်သာပျောက်ကင်းစေပါတယ်နော်။

ယူကလစ်

Sponsored

ယူကလစ်ဆီကို အရိုးအဆစ်နာကျင်ခြင်း သက်သာစေတဲ့ ဆေးဝါးတွေအဖြစ်တောင် ထုတ်လုပ်ရောင်းချကြပါတယ်။ ယူကလစ်မှာ ပရုတ်ဂုဏ်သတ္တိရှိတဲ့အတွက် နာကျင်ခြင်းကို သက်သာစေတာ ဖြစ်ပါတယ်။ နောက်ပြီး ယူကလစ်ဆီကို ရှုပေးခြင်းက မအီမသာဖြစ်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ ယူကလစ်ရွက်နဲ့ အခေါက်တွေဟာ ထိခိုက်မှုကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ ဒါကြောင့်ပဲ ယူကလစ်ကို အရိုးအဆစ်နာကျင်ခြင်းတွေကုသဖို့ အသုံးပြုကြပါတယ်။

READ
ဒီလိုအမှုအကျင့်တွေက သင့်ကို သေချာပေါက် နုပျိုကျန်းမာ လာစေနိုင်ပါတယ်

ချင်း (ဂျင်း)

shutterstock/ pilipphoto

တရုတ်ရိုးရာ ဆေးဝါးအရ ချင်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ထိခိုက်နာကျင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ နောက်ပြီး ချင်းက သွေးတွင်းသကြားဓာတ်ကို တိုးမြှင့်စေပြီး နှလုံးရောဂါမဖြစ်အောင် တားဆီးပေးပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီးတော့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးမြှင့်ပေးတာနဲ့ ကင်ဆာဖြစ်ပေါ်မှုကို တားဆီးပေးတဲ့ အစွမ်းတွေရှိပါတယ်။ နောက်ပြီး ထိခိုက်နာကျင်ခြင်းကြောင့်ဖြစ်တဲ့ အရိုးအဆစ်နာကျင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

Green Tea

Green tea ဟာ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့အတွက် သောက်သုံးပေးသင့်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်က ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို တိုးမြှင့်ပေးတာ၊ မလိုအပ်တဲ့ အဆီတွေကို လောင်ကျွမ်းစေတာနဲ့ ခန္ဓာကိုယ်ရဲ့ အားနည်းခြင်းတွေကို ကောင်းမွန်စေပါတယ်။ နောက်ပြီး green tea မှာ နာကျင်ခြင်းတွေကို သက်သာစေတဲ့ သဘာဝ အစွမ်းရှိပြီး အဆစ်အတွင်း အရိုးနုတွေပျက်စီးတာနဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းတွေမှာ ကုသဖို့ အသုံးပြုကြပါတယ်။

READ
အမြဲလိုလို အချိန်ဆွဲနိုင်လွန်းပြီး "deadline" နားကပ်မှ ထလုပ်တတ်တဲ့ ရာသီခွင် (၃)မျိုး

Khin

sponsored