ဂျိုင်းစော်နံခြင်းကို အထိရောက်ဆုံး အရှင်းပျောက်ကင်းစေမယ့် နေထိုင်နည်းများ

Freepik- freepik
Sponsored

မိန်းကလေးမှမဟုတ်ပါဘူး ဂျိုင်းစော်နံခြင်းဟာ လူတိုင်းအတွက် စိတ်အနှောက်အယှက် အကြီးအကျယ်ပေးနိုင်တဲ့ ကိစ္စကြီးတစ်ခုပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှုကြောင့်ပဲဖြစ်ဖြစ် အနေအထိုင်ကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ဂျိုင်းစော်နံခြင်းမျိုး ဖြစ်လာခဲ့မယ်ဆိုရင် ဒီနည်းလမ်းတွေကို သုံးပြီးတော့ပျောက်ကင်းအောင်ပြုလုပ်နိုင်ပါတယ်။

(၁) ကျောက်ချဉ်

Sponsored

ဂျိုင်းနံ့ကို ဖြေရှင်းရာမှာ ကောင်ဆုံးနဲ့ အမြန်ဆန်ဆုံးနည်းလမ်းကတော့ ကျောက်ချဉ်ပွတ်ပေးခြင်းပါပဲ။ ကျောက်ချဉ်မှာပါတဲ့ အစွမ်းသတ္တိတွေဟာ ငါးအညှီနံ့လိုမျိုး အနံ့ဆိုးတွေကိုတောင် ပျောက်ကင်းစေနိုင်တဲ့အတွက်ကြောင့် ၁ ပတ်လောက် ကျောက်ချဉ်ကို ပုံမှန်ပွတ်ပေးလိုက်ရုံနဲ့ ထူးခြားစွာပဲ အနံှ့းသက်သာစေမှာဖြစ်ပါတယ်။

Freepik- user18526052

(၂) ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ကို ဂွမ်းလေးနဲ့ယူပြီး ဂျိုင်းကို သတိရတိုင်း ပွတ်ပွတ်ပေးနိုင်ပါတယ်။ ဒါဟာ သင့်ရဲ့ဂျိုင်းက အနံ့ဆိုးတွေကို ပျောက်စေရုံတင်မကဘဲ ညိုမည်းခြင်းတွေကိုပါ သက်သာစေမှာပါ။

(၃) မုန့်ဖုတ်ဆိုတာ

အိမ်မှာ baking soda ၂ စွန်း၊ ရေ ၁ စွန်းရောစပ်ပြီးတော့ ရလာတဲ့ ခပ်ပြစ်ပြစ်အနှစ်ကို ဂျိုင်းမှာသုပ်လိမ်းပြီးတော့ ခြောက်အောင်ထားပါ။ ပြီးရင် ရေဆေးချပါ။ မုန့်ဖုတ်ဆိုတာဆိုတာ အနံ့အသက်တွေကို ပျောက်ကင်းသက်သာစေတဲ့ ပါဝင်ပစ္စည်းတစ်ခုပါပဲ။

READ
စတိုင်အလန်းနဲ့ ဖမ်းစားလိုက်ပြန်တဲ့ ညိမ်းသော်
Freepik- chandlervid85

(၄) ရေခဲပွတ်ပေးခြင်း

ရေခဲပွတ်ပေးခြင်းဟာ ဂျိုင်းတစ်ဝှက်မှာရှိတဲ့ မွေးညှင်းပေါက်တွေကို ကျဉ်းမြောင်းကာအနံ့ဆိုးထုတ်လွှတ်မှု လုပ်ငန်းစဉ်ကို နှောင့်နှေးစေမှာဖြစ်ပါတယ်။

(၅) Scrub တိုက်ပေးခြင်း

ကြိုက်နှစ်သာရာ scrub ကို အသုံးပြုပြီး ဂျိုင်းထဲက အညစ်အကြေးနဲ့ ချေးတွေ၊ ဆဲလ်သေတွေကို ဖယ်ရှားပေးခြင်းဟာလည်း အနဲ့ဆိုးဖြစ်စေတဲ့ အကြွင်းအကျန်တွေကို ရှင်းထုတ်ပြီးသားဖြစ်စေမှာပါ။

penny

sponsored