မျက်နှာပေါ်က မလိုအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်းကောင်းလေးတွေ

Pixabay/Katyandgeorge
Sponsored

မျက်နှာပေါ်က အမွှေးအမျှင်တွေကြောင့် စိတ်ရှုပ်နေရလား။ မျက်နှာပေါ်မှာရှိတဲ့ မလိုအပ်တဲ့ အမွှေးအမျှင်တွေကို အလွယ်ကူဆုံးနဲ့ အလျင်မြန်ဆုံး ဖယ်ရှားလို့ရမယ့် နည်းလမ်းကောင်းလေးကို ဝေမျှပေးချင်ပါတယ်။

ပျားရည်နဲ့ သကြား

Pixabay/Monfocus

သကြားနှစ်ဇွန်းကို ခွက်တစ်ခုထဲမှာ ထည့်ပြီး ပျားရည်တစ်ဇွန်း၊ ရေတစ်ဇွန်းကို လောင်းထည့်လိုက်ပြီး၊ microwave နဲ့ စက္ကန့်သုံးဆယ်လောက် အပူပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ မျက်နှာပေါ်မှာရှိတဲ့ မလိုအပ်တဲ့ အမွှေးမျှင်တွေပေါ်မှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ နှစ်စက္ကန့်လောက် ထားပြီးရင်တော့ မျက်နှာပေါ်မှာပေါက်နေတဲ့ အမွှေးတွေရဲ့ ဆန့်ကျင်ဘက်ကို ဆွဲခွါပေးရမှာ ဖြစ်ပါတယ်။ ဒါကိုတော့ ကိုယ်လိုအပ်သလောက် ပြုလုပ်ပေးလို့ရပါတယ်နော်။

အုတ်ဂျုံ နဲ့ ငှက်ပျောသီး

Sponsored

ငှက်ပျောသီး အမှည့်တစ်လုံးကို ကြိတ်ခြေလိုက်ပြီးသွားရင်တော့ အုတ်ဂျုံနှစ်ဇွန်းနဲ့ ရောနှောလိုက်ပါ။ ရလာတဲ့ဟာကို မျက်နှာပေါ်မှာ စက်ဝန်းပုံလိမ်းပေးရမှာ ဖြစ်ပါတယ်။ ဆယ်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်ထားပြီးရင်တော့ ရေအေးလေးနဲ့ ဆေးချပေးလို့ရပါပြီ။ တစ်ပတ်ကို တစ်ကြိမ်မှ နှစ်ကြိမ်ထိ လုပ်ပေးနိုင်ပါတယ်။

READ
တန်ဖိုးကြီးတဲ့အရာတွေချည်းပဲ ဝတ်ထားသယောင်ဖြစ်အောင်နေနည်း

ကြက်ဥနဲ့ ပြောင်းဖူးမှုန့်

Pixabay/Oldmarmeid

ကြက်ဥတစ်လုံးကို ပြောင်းဖူးမှုန့် တစ်ဇွန်း၊ သကြားတစ်ဇွန်းနဲ့ ရောနှောပြီး သေချာရောမွှေပေးရမှာ ဖြစ်ပါတယ်။ ရလာတဲ့ အရောအနှောကို အမွှေးအမျှင်တွေပေါ်ကို လိမ်းပေးရမှာဖြစ်ပြီး မိနစ် နှစ်ဆယ်၊ နှစ်ဆယ့်ငါးမိနစ်ခန့်လောက် ခြောက်သွေ့အောင်ထားရမှာပါ။ ခြောက်သွေ့သွားပြီဆိုရင်တော့ ခွာလို့ရပါပြီနော်။ ဒီနည်းလမ်းကိုလည်း တစ်ပတ်မှာ နှစ်ကြိမ်ကနေ သုံးကြိမ်ထိ လုပ်ပေးနိုင်ပါတယ်။

သင်္ဘောသီးမှည့်နဲ့ နနွင်းမှုန့်

သင်္ဘောသီးမှည့် တစ်စိတ်ကို ကြိတ်ခြေပြီး နနွင်းမှုန့် တစ်ဇွန်း (သို့) နှစ်ဇွန်းခန့် ထည့်ပြီး ရလာတဲ့အရောအနှောကို မျက်နှာပေါ်ညင်သာစွာ နှိပ်နယ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ ဆယ်ငါးမိနစ်၊ မိနစ်နှစ်ဆယ်ခန့် ထားပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးချပေးရမှာပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

Khin

sponsored