သင့်ကိုယ်သင် တကယ် ချစ်တယ်ဆိုရင် ဒီလို အရာတွေကို လွှတ်ချလိုက်ပါ…..

cookie_studio/Freepik
Sponsored

လောကမှာ ရှင်သန်နေထိုင်တဲ့အခါ တခြားသူတွေကို ဂရုစိုက်မှုတွေလည်း ပေးပြီး အတူယှဉ်တွဲ နေထိုင်ရမှာ ဆိုပေမယ့် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။ ကိုယ့်ကိုယ်ကို မချစ်တတ်ဘူးဆိုရင် တစ်ဘဝလုံး ကိုယ်ပဲ နာကျင်မှုတွေကို ပိုပြီး ခံစားနေရတတ်ပါတယ်။ ရှင်သန်ရအချိန်က ဘယ်လောက် ကြာမယ် မသိရတဲ့အချိန်မှာ ကိုယ့်ကိုယ်ချစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင်တော့ ဒီအရာတွေကို လွှတ်ချမှသာ တကယ်ချစ်တယ်လို့ ခေါ်ရမှာ ဖြစ်ပါတယ်။

ကိုယ့်ကို နာကျင်စေတဲ့ သူတွေ

Sponsored

တစ်ချို့သူတွေက ကိုယ့်ကို နာကျင်မှုတွေကလွဲရင် ဘာမှ မပေးစွမ်းကြပါဘူး။ ကိုယ့်ကို အမြဲ စိတ်မကောင်းမှုတွေ၊ နာကျင်စရာတွေပဲ ပေးတာကို ကိုယ့်ဘက်က သံယောဇဉ်တွယ်လွန်းပြီး မစွန့်လွှတ်နိုင်ဘဲ အမြဲ ဆုတ်ကိုင်ထားရင်တော့ သင်က သင့်ကိုသင် မချစ်ဘဲ ပိုပြီး ပင်ပန်းအောင် လုပ်နေမိတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ကို နာကျင်စေတဲ့သူတွေကို စွန့်လွှတ်လိုက်မှ သင်က ပေါ့ပါးသွားမှာပါ။

kitzcorner/Freepik

ဖြစ်မလာနိုင်တဲ့ မျှော်လင့်ချက်တွေ

လောကမှာ မဖြစ်နိုင်တာ မရှိဘူးလို့ ပြောကြပေမယ့်လည်း မဖြစ်နိုင်တာတွေ တကယ် ရှိပါတယ်။ ပြောရရင် မိသားစုမှာ ကိုယ်တစ်ယောက်ပဲ ပင်ပန်းပြီး တစ်ချို့တွေက မသိတတ်တာမျိုးပေါ့။ သိတတ်တဲ့ သူတစ်ယောက်အနေနဲ့ မသိတတ်တဲ့သူတွေကို ခေါင်းထဲ မိသားစုကို လုံးဝ ထည့်မတွေးကြဘူးလို့ ထင်ကောင်း ထင်နိုင်ပေမယ့် မသိတတ်တဲ့သူက လုံးဝကို သိတတ်လာမှာ မဟုတ်ပါဘူး။ ဒီလိုမျိုး တစ်ယောက်ယောက်ဆီက မဖြစ်နိုင်တာတွေကို မျှော်လင့်ပြီး နေတာကလည်း သင့်ကိုသင် မချစ်ရာ ရောက်နေပါတယ်။ သင် လုပ်နိုင်သမျှ လုပ်ပြီး မဖြစ်နိုင်တဲ့အရာတွေအတွက် ခံစားမနေပါနဲ့တော့။

READ
Sulli ရဲ့သေဆုံးမှုအတွက် ၀မ်းနည်းစကားဆိုခဲ့ကြတဲ့ ကိုရီးယားအနုပညာရှင်များ
somemeans/Freepik

တစ်ယောက်တည်း အပင်ပန်းခံတာတွေ

ကိုယ့်ကြောင့် ထပ်ပြီး အပူကူးမှာစိုးလို့၊ ကိုယ့်ကို စိုးရိမ်နေကြမှာ စိုးလို့၊ သူ့ကို စိတ်ချမ်းသာစေချင်လို့ စသဖြင့် အကြောင်းပြချက်မျိုးစုံနဲ့ ဘယ်သူ့ကိုမှ တိုင်ပင်တာမျိုး၊ ရင်ဖွင့်တာမျိုး သိပ်မလုပ်ဘဲ နေတာတွေက သင်က သိတတ်လွန်းတာ၊ စိတ်ထားကောင်းလွန်းတာထက် ကိုယ့်ကိုယ်ကို မချစ်တဲ့သူမျိုး ဖြစ်ပါတယ်။ ကိုယ့်ရဲ့ နာကျင်ခြင်းတွေကလည်း ထုတ်ပြောလို့ ရပါတယ်။ ဒါက တခြားသူတွေအပေါ် မတရားတဲ့ အပြုအမူမျိုး မဟုတ်လို့ တစ်ယောက်တည်း အပင်ပန်းခံတာမျိုးတွေကိုလည်း စွန့်လွှတ်လိုက်သင့်ပါတယ်။

bunditinay/Freepik

တစ်ချိန်လုံး အလုပ်မှ အလုပ် ဖြစ်နေတာတွေ

ဘဝအတွက် ငွေရှာတယ်ဆိုတာ တစ်စိတ်တစ်ပိုင်းအလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်က ဘယ်သူ့အတွက်မှ မအားလပ်သလို ကိုယ့်အတွက် ကိုယ်တောင် မအားလပ်ဘဲ နေ့နေ့ညည အလုပ်အကြောင်းပဲ တွေးပြီး အလုပ်ပဲ လုပ်နေတာက သင့်ကိုယ်သင် ညဉ်းဆဲနေတာမျိုးပါပဲ။ ကိုယ့်ကိုယ်ကို အနားယူမှုလည်း ပေးမှသာ ကိုယ့်ကိုယ်ကို တကယ် ချစ်တာ ဖြစ်ပါတယ်။

READ
ဘောလိဝုဒ် နာမည်ကျော်တွေရဲ့ ထူးထူးဆန်းဆန်း ၀ါသနာများ
pexels-burst

နောင်တရမယ့် အရာတွေ

လူဆိုတာက မှားနေတာ သိသိရက်နဲ့ ဆက်တိုးနေတာလည်း ရှိပါတယ်။ ဒီလို မှားမှန်းသိသိ လုပ်နေမိတဲ့အရာတွေက တစ်ချိန်မှာ သင့်ကို နောင်တရစရာ အကြောင်းတွေ ဖြစ်သွားတတ်ပါတယ်။ ဒီလိုမျိုး မှားတယ်လို့ သိနေတဲ့ အရာတွေကို ရပ်လိုက်တာမျိုးအပြင် မှားတယ် ခံစားရတာတွေကို မလုပ်တာမျိုးက သင့်ကိုယ်သင် ချစ်မှသာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို တကယ် ချစ်တယ်ဆိုရင် နောင်တစ်ချိန်မှာ နောင်တရမယ့် အရာတွေကို လွှတ်ချခဲ့ဖို့ လိုအပ်ပါတယ်နော်။

Kham

 

sponsored