တစ်ယောက်တည်းနေရတာကိုကြိုက်တဲ့သူတွေကဒီအားသာချက်(၇)မျိုးကိုပိုင်ဆိုင်ထားပါတယ်

Sponsored

လူအစုအဝေးနဲ့ကင်းကွာပြီး သူငယ်ချင်းနည်းနည်းပဲရှိတဲ့သူ၊ အများအားဖြင့် တစ်ယောက်တည်းနေရတာ ကြိုက်တဲ့သူတွေကို ပေါင်းသင်းဆက်ဆံရေး မကောင်းဘူး၊ အမြဲတမ်း အထီးကျန်ပြီး ပျော်ရွှင်ရမှာမဟုတ်တဲ့သူတွေလို့ ထင်ကြေးပေးကြပါတယ်။ တကယ်တော့ တစ်ယောက်တည်းနေတတ်တဲ့ သူတွေကို အမြဲတမ်း အထီးကျန်နေတယ်လို့ ထင်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ တခြားသူတွေနဲ့မတူ တမူထူးခြားတဲ့ ဒီလိုအားသာချက်တွေကို ပိုင်ဆိုင်ထားလို့ပါ။

 

(၁) စူးစမ်းလေ့လာမှုအားကောင်းတာ

pixabay
Sponsored

တစ်ယောက်တည်းနေတတ်တဲ့သူတိုင်း ပေါင်းသင်းဆက်ဆံရေးညံ့လို့မဟုတ်ပါဘူး။ သူတို့ဟာ လူတစ်ယောက်ကို မိတ်ဆွေမဖွဲ့ခင်မှာ တစ်ဖက်လူရဲ့ကိုယ်ရည်ကိုယ်သွေး၊စိတ်နေစိတ်ထား ဘယ်လိုရှိလဲဆိုတာကို အရင်ဆုံးစူးစမ်းပြီး သူတို့နဲ့ အဆင်ပြေကိုက်ညီမှုမရှိလောက်ဘူးဆိုရင် သွားမရောတော့ဘဲ သီးသန့်နေလိုက်တော့တာမျိုးပါ။

(၂) သစ္စာရှိတာ

ရောက်လေရာမှာ လူတိုင်းနဲ့မရောနှောတာဟာ သူတို့ရဲ့ လက်ရှိချစ်သူ၊သူငယ်ချင်းတွေအပေါ်မှာ သစ္စာရှိတာပါ။ အသစ်တွေ့လို့အဟောင်းမေ့တတ်သူတွေထဲမှာ သူတို့တွေမပါဘူးပေါ့။

(၃) ကိုယ့်အကြောင်းကိုကောင်းကောင်းသိတယ်

pixabay

လူတော်တော်များများဟာ ကိုယ့်ကိုယ်ကို အကောင်းဆုံးလို့ထင်တတ်ကြပြီး စိတ်ထဲမှာမကောင်းတာတွေတွေးမိရင်၊ မကောင်းတာတွေလုပ်မိရင် မသိသလိုနေတတ်ကြပါတယ်။ သီးသန့်နေတတ်တဲ့သူတွေကတော့ အဲ့လိုမဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ထဲမှာ ဘာတွေတွေးနေတယ်၊ ဘာတွေဖြစ်နေတယ်၊ ကိုယ်ဟာ ဘယ်လိုလူမျိုးဆိုတာကို ကောင်းကောင်းနားလည်လက်ခံပြီး ကိုယ့်ရဲ့ကောင်းကွက်၊ဆိုးကွက်တွေကို ချင့်ချိန်နိုင်တဲ့သူတွေဖြစ်ပါတယ်။

READ
ကျောင်းတွေ မတက်ရသေးတဲ့ အချိန်မှာ ပညာသင်ယူလို့ ရတဲ့ နည်းလမ်း(၃) မျိုး

(၄) ကိုယ့်အားကိုယ် ကိုးနိုင်ခြင်း

သူတို့တွေဟာ ပြဿနာတစ်ခုကို တစ်ယောက်တည်းရင်ဆိုင်ဖို့မကြောက်တဲ့သူတွေဖြစ်ပြီး ဘာပဲဖြစ်လာဖြစ်လာ တခြားသူတွေရဲ့အကူအညီမပါဘဲ တစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းနိုင်ကြပါတယ်။ အခက်အခဲတစ်ခုခုဖြေရှင်းဖို့လိုလာရင် ရှောင်ပြေးမနေဘဲ တစ်ယောက်တည်း အေးအေးဆေးဆေး စဉ်းစားဖြေရှင်းတတ်တဲ့ သူတွေပါ။

(၅) တိကျခြင်း

shutterstock

တစ်ယောက်တည်း သီးသန့်ခွဲထွက် နေတတ်သူတွေဟာ လွဲချော်မှုတွေကို အမုန်းဆုံးဖြစ်ပြီး ဘယ်နေရာမှာမဆို တိတိကျကျလုပ်ရမှကျေနပ်ကြတာပါ။ ကိုယ်ကိုယ်တိုင်က တခြားသူတွေကိုအလေးထားတာကြောင့် ချိန်းထားပြီး ရောက်မလာတာမျိုး၊ ကိုယ့်ကို တန်ဖိုးမထား၊ မလေးစားတဲ့ အပြုအမူမျိုးကို သည်းမခံနိုင်တာကြောင့် တခြားသူတွေနဲ့ သိပ်အဆက်အဆံ မလုပ်တာလို့ ပြောရမှာပါ။

(၆) အရှိအတိုင်း လက်ခံနိုင်ခြင်း

လူတိုင်းက ခြောက်ပြစ်ကင်း သဲလဲစင် မဖြစ်နိုင်ဘူးဆိုတာကို ကောင်းကောင်းသိနားလည်ပြီး လက်ခံထားတဲ့သူတွေပါ။ ကိုယ့်ကိုယ်ကိုနဲ့ ခင်မင်ရင်းနှီးတဲ့ သူတွေအပေါ်ကို ရိုးသားစွာ ဆက်ဆံတတ်ပြီး တစ်ဖက်သားက အကူအညီလိုရင်လည်း လှိုက်လှိုက်လှဲလှဲ ကူညီတတ်တဲ့သူတွေပါ။

READ
နှင်းဆီပန်းရိုးတံလေးကို အပင်သစ်လေးဖြစ်အောင် လွယ်လွယ်ကူကူပြန်စိုက်နည်း

(၇) စာနာတတ်ခြင်း

shutterstock

တစ်ယောက်တည်း နေတတ်တဲ့သူတွေဟာ ကိုယ့်ကိုယ်ကို ပျော်အောင်ဘယ်လို နေရမလဲဆိုတာ ကောင်းကောင်းသိတဲ့သူတွေပါ။ ပြီးတော့ စိတ်ခံစားချက်တွေကို ကောင်းကောင်းနားလည်ပြီး အတွေးအခေါ်ကောင်းတဲ့သူတွေ ဖြစ်တာကြောင့် တခြားသူတွေရဲ့ ခံစားချက်ကို နားလည်ပေးပြီး စာနာတတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။

MAY THAZINHTOO

sponsored