ပျိုမေတို့သိထားသင့်တဲ့ အရေပြားလေးဖက်နာအကြောင်း တစ်စေ့တစ်စောင်း

Freepik- freepik
Sponsored

အခုနောက်ပိုင်း အရေပြားလေးဖက်နာဆိုတဲ့ ဝေနဒနာဟာ အမျိုးသမီးတွေကြားမှာ တော်တော်လေး ခေတ်စားလာတာကို တွေ့ရမှာပါ။ သွေးလေးဖက်နာတို့၊ အဆစ်အမြစ်လေးဖက်နာတို့ကိုတော့ ကြားဖူးကြပေမယ့် ဒီ အရေပြားလေးဖက်နာဆိုတာ ဘာလဲဆိုတာကို တော်တော်များများ အခုထိကွဲကြားစွာ မတွေ့ရသေးပဘူး။ ဒါဆိုရင် အရေးပြားလေးဖက်နာဟာ ဘာလဲ၊ ဘယ်လိုလက္ခဏာတွေရှိတတ်သလဲ၊ ဘယ်လိုအရာမျိုးတွေကို ဆောင်ရန်၊ ရှေင်ရန်ရှိနေလဲဆိုတာ ကြည့်လိုက်ရအောင်။

Freepik- katemangostar

အရေပြားလေးဖက်နာဆိုတာ Rheumatoid arthritis လို့ခေါ်ပါတယ်။ Autoimmune နဲ့ inflammatory disease ဆိုတဲ့ ကိုယ့်ရဲ့ ကိုယ်ခံအားကနေ ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ healthy cells တွေကို မှားယွင်းစွာ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်မှာ ဖောယောင်တာမျိုးတွေ ဖြစ်လာတာပါ။ ဒီကနေမှတစ်ဆင့် သွေးကြောတွေကိုလည်း ထိခိုက်လာပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို သက်ရောက်မှုဖြစ်လာစေနိုင်ပါတယ်။

CDC
Sponsored

သာမန်လေးဖက်နာလိုမျိုး သွေးလေးဖက်နာဟာလည်း အဆစ်အမြစ်ကိုက်ခဲတာတွေ ဖြစ်တတ်တဲ့အပြင်ကိုမှ အရေပြားမှာ-

  • အနီရောင်အကွက်ကြီး၊ အကွက်ငယ်တွေဖြစ်မယ်
  • ထိလိုက်တာနဲ့ နာကျင်မှုကို ခံစားရမယ်
  • ယောင်ယမ်းနေမယ်
  • ယားမယ်
  • အရေပြားအပေါ်ယံလွှာဟာ တင်းတင်းကြီး ကိုင်ရတာ မာနေမယ်
  • မည်းခြောက်နေမယ်
READ
Gong Yoo နဲ့ Park Bogum ပါဝင်ထားတဲ့ Seobok ရုပ်ရှင်ကို ဒီနှစ် ဆောင်းတွင်းမှာ လွှင့်မည်

ဒါတွေကတော့ အရေပြားလေးဖက်နာရဲ့ လက္ခဏာရပ်တွေပါ။ အချိန်ကြာလာတာနဲ့အမျှ အပေါ်ယံအပြေားတင်မဟုတ်ဘဲ ကိုယ်တွင်းကလီစာတွေရဲ့ မျက်နှာပြင်တွေပါ လိုက်ထိခိုက်လာနိုင်တာကြောင့် အန္တာယ်ရှိတဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။

Freepik- senivpetro

အရေပြားလေးဖက်နာဝေနဒနာရှင်တွေ စားသင့်တဲ့အစားအစာတွေကတော့..

ငါးကြီးများ – တူနာ၊ ဆယ်လ်မွန်၊ ဆာဒင်းငါးသေတ္တာတို့လို Omega-3 fatty acid ပေါကြွယ်ဝတဲ့ငါးမျိုးတွေဟာ ဖောယောင်ခြင်းကိုသက်သာစေပါတယ်။

ဟင်းသီးဟင်းရွက်များ – လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်ပေါင်းစုံကို ပေးစွမ်းနိုင်တာကြောင့် သူ့ကိုလည်းမရှိမဖြစ်စားပေးသင့်ပါတယ်။ သူတို့ဟာ ဆဲလ်သေတွေနဲ့ ပျက်ဆီးနေတဲ့ ဆဲလ်တွေကို ပြန်လည်အားဖြည့်ပေးစေနိုင်ပါတယ်။

Whole Grain – ဂျုံ၊ ဆန်လုံးညိုစတာတွေဟာ သွေးလေးဖက်နာသမားတွေကို တစ်ဆင့်ခံနှလုံးရေုာဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သလို အင်အားလည်းပြည့်ဝစေနိုင်ပါတယ်။

ပဲအမျိုးမျိုး – ပရိုတင်းဓာတ်ပြည့်ဝတဲ့ ပဲတွေကတော့ ကြွက်သားအတွက်အားကောင်းစေတာကြောင့် ချန်ထားလို့မရပါဘူး။

သံလွင်ဆီ – သွေးလေးဖက်နာသမားတွေအနေနဲ့ တခြားဆီသုံးမယ့်အစား သံလွင်ဆီကိုစားသုံးပေးပါက နာကျင်မှုဗတွကို ပိုသက်သာစေပြီးတော့ ယောင်ယမ်းမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

READ
ချစ်သူသစ်နဲ့ စုံတွဲ ပုံလေးတွေကို IG မှာ ဆက်တိုက် တင်လိုက်တဲ့ Taew Natapohn

penny

sponsored