ဆံပင်သားတွေ လှပသန်စွမ်းလာစေဖို့ ဆန်ဆေးရည်ကို အသုံးပြုနည်းများ

shutterstock/  wasanajai
Sponsored

အလှအပရေးရာတွေမှာ နာမည်ကြီးတဲ့ ဆန်ဆေးရည်ဟာ အသားအရေ လှပစေရုံမက ဆံပင်တွေအတွက်လည်း အရမ်းကို အသုံးဝင်ပါတယ်နော်။ ကိုယ့်ရဲ့ ဆံပင်အမျိုးအစားကို လိုက်ပြီး အသုံးပြုလို့ရတာဖြစ်လို့ ဘယ်လိုဆံပင်အမျိုးအစားအတွက်မဆို လှပသန်စွမ်းတဲ့ ဆံပင်သားတွေကို ပိုင်ဆိုင်စေမှာပါ။ ကဲ ဒီတော့ ဆန်ဆေးရည်ကို ဆံပင်အတွက် ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတာကို ပျိုမေတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ခြောက်သွေ့တဲ့ ဆံပင်သားတွေအတွက်

shutterstock/ TORWAISTUDIO

ခြောက်သွေ့တဲ့ ဆံပင်သားပိုင်ရှင်တွေအတွက် ပြုလုပ်ရမယ့်နည်းလေးက ဆန် တစ်ခွက် သို့ နှစ်ခွက်ကို ဆေးကြောပြီး ရလာတဲ့အရည်ကို ရေသုံးခွက်နဲ့ ရောနှောပြီး တစ်နာရီလောက် ထားပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အုန်းဆီ၊ သံလွင်ဆီနဲ့ လာဗင်ဒါဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကို ရောထည့်ပေးလိုက်ပါ။ ပုံမှန်အတိုင်း ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးနောက်မှာတော့ စောစောက ဆန်ဆေးရည်အရောအနှောကို ဆံပင်အရင်းတွေအထိရောက်အောင် လောင်းချပေးပြီး မိနစ်နှစ်ဆယ်လောက်ထားပေးရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ရေနွေးနွေးလေးနဲ့ ပြောင်စင်အောင် ဆေးကြောပေးလိုက်ရင် ရပါပြီ။ ဒါက သင့်ရဲ့ဆံသားလေးတွေကို စိုပြေတောက်ပလာစေမှာ ဖြစ်ပါတယ်။

READ
ကိုယ့်ကိုယ်ကိုကလွဲပြီး ဘယ်သူ့ကိုမှ မယုံတတ်သူတွေက ထက်မြက်ရတဲ့အကြောင်းရင်း (၅)ချက်

အဆီပြန်လွယ်တဲ့ ဆံသားအတွက်

shutterstock/ Arturs Budkevics
Sponsored

အဆီပြန်လွယ်တဲ့ ဆံသားအတွက်တော့ စောစောကနည်းအတိုင်း ဆန်ဆေးရည်မှာ ရေသုံးခွက်ရောပြီး တစ်နာရီထားလိုက်ပါ။ ခေါင်းလျှောက်ပြီးသွားတဲ့အချိန်မှာ အဲဒီ့ဆန်ဆေးရည်ကို ခေါင်းမှာလောင်းချပြီ မိနစ်နှစ်ဆယ်ခန့်ထားပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ ပြောင်စင်အောင် ကြက်သီးရေနွေးလေးနဲ့ ဆေးချပေးရမှာ ပါနော်။ ဒါက ဆံပင်သား အဆီပြန်တာကို နည်းပြီး ဆံပင်တွေ လှပလာစေမှာ ဖြစ်ပါတယ်။

ကျိုးပြတ်လွယ်တဲ့ ဆံသားအတွက်

shutterstock/StoryTime Studio

ဆံသားမကောင်းတဲ့ သူတွေအတွက်တော့ ဆန်ဆေးရည်ကို ဆံပင်မှာ လောင်းချပြီး နှစ်ဆယ့်ငါးမိနစ်ခန့်လောက် ထားပေးရမှာပါ။ ပြီးရင်တော့ ကြက်သီးရေနွေးလေးနဲ့ ပြောင်စင်အောင် ဆေးချပေးရင် ရပါပြီ။ ဒီနည်းလမ်းက ဆံပင်သားတွေ သန်မာလာပြီး ကျိုးပြတ်လွယ်ခြင်းကို ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

Khin

sponsored