Overthinker သမားတွေအတွက် relationship တည်ဆောက်ဖို့ ခက်ခဲစေတဲ့ အချက်များ

shutterstock/ Rawpixel.com
Sponsored

အတွေးလွန်ခြင်းဆိုတာ တကယ်တော့ ဘယ်နေရာမှာမှ မကောင်းပါဘူး။ အတွေးလွန်ခြင်းက အရာရာတိုင်းကို သံသယအမြင်တွေ ဝင်လာတတ်သလို စိတ်ဖိစီးမှုတွေ များလွန်းတဲ့အတွက် ပျော်ရွှင်ဖို့အခွင့်အရေးလည်း နည်းတတ်ပါတယ်။ ဒီလိုပဲ overthinker သမား‌တွေက relationship တစ်ခုတည်ဆောက်တဲ့အခါ ပျော်ရွှင်တဲ့ ဆက်ဆံရေးကို မတည်ဆောက်နိုင်ရတဲ့ အကြောင်းအရင်းတွေ ရှိလို့နေပါတယ်။ ဒီအချက်တွေက အတွေးလွန်တတ်သူတွေအတွက် romantic relationship ကို ပျက်စီးစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

သူတို့ကို သဘောမကျမှာကို တွေးပူနေတတ်တယ်

shutterstock/Alejandro J. de Parga

အရမ်းကို သိသာစေတဲ့အချက်တစ်ချက်က အတွေးလွန်တတ်တဲ့သူတွေဟာ ဘယ်အရာကိုမဆို အရမ်းကို လိုက်ခံစားနေတတ်တဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ သူတို့ ချစ်သူက သူတို့ကို တစ်ခုခုလေး ပြောလိုက်တာနဲ့ ဒီစကားကို အကြီးကြီးလျှောက်တွေးလိုက်ကြပြီး မကြာခင်မှာ လမ်းခွဲရတော့မယ်လို့ တွေးပူနေတတ်ကြတာ ဖြစ်ပါတယ်။ ချစ်သူက သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ သေးသေးလေးတစ်ခုကို မမှတ်မိရင်တောင် စိတ်ထဲမှာ သူငါ့ကို တကယ်မချစ်လို့၊ သူအရင်လို မဟုတ်တော့ဘူး စသဖြင့် ဘာမဟုတ်တာလေးနဲ့ ဟိုးအဆုံးထိ တွေးတတ်ကြတာဖြစ်လို့ ပျော်ရွှင်ချိန်နည်းနေတတ်ပါတယ်။

READ
စိတ်ဓာတ်ကြံခိုင်တဲ့ မိန်းကလေးတွေဆီမှာသာရှိမယ့် အတုယူသင့်တဲ့ အပြုအမူတွေ

သူတို့ကို သူတို့မေးခွန်းထုတ်နေတတ်တယ်

shutterstock/ Dean Drobot
Sponsored

အတွေးလွန်တတ်သူတွေက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို တင်းတင်းကျပ်ကျပ် ထားနေမိတတ်တာပါ။ ဥပမာ – သူတို့ကိုသူတို့ သူများတွေလောက် ပျော်ရွှင်မှုကို မခံစားရဘူးလို့ တွေးနေတတ်တာ၊ တစ်ခြားစုံတွဲတွေ ပျော်ရွှင်ကြည်နူးနေတာမြင်ပြီး ကိုယ့်ကိုယ်ကို အားငယ်နေတတ်တာ၊ ဖြစ်နေတဲ့ ကိစ္စတွေအပေါ် အရမ်းကို နယ်ချဲ့ပြီး တွေးလိုက်တာမျိုးတွေက ပျော်ရွှင်တဲ့ အချစ်ရေးကို မခံစားမိစေတော့ပါဘူး။

ပြတ်သားမှု မရှိဘူး

shutterstock/ Sjale

တစ်ချိန်လုံး အကြောင်းအရာတိုင်းကို လိုက်ခံစားတွေးတောနေတဲ့အခါ ကိုယ်တကယ်ဖြစ်ချင်တဲ့ အရာက ဘာဆိုတာကို သိနိုင်ဖို့ ခက်ခဲလာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အတွေးတွေကြောင့် ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်တတ်ပြီး စိုးရိမ်မှုတွေ၊ ပူပန်ကြောင့်ကြမှုတွေကြောင့် ဆက်ဆံရေးမှာ မပြတ်သားမှုတွေ ဖြစ်လာတတ်ပါတယ်။ ဒါက ကိုယ်ကိုယ်တိုင် ပျော်ရွှင်တဲ့ အချစ်ရေးလေးကို ဖျက်ဆီးနေသလိုပါပဲနော်။

READ
အကြည့်တစ်ချက်၊ စကားတစ်ခွန်းကအစ အသေးစိတ်ခံစားတတ်တဲ့ ရာသီခွင်များ

သံသယများလွန်းတယ်

shutterstock/ Leszek Glasner

စောစောက ပြောထားခဲ့သလို အရာရာကို တွေးသင့်သလောက်ထက် ကျော်လွန်ပြီး တွေးတောလာတဲ့အခါ သံသယတွေပဲ ပိုလာတတ်ပါတယ်။ ဥပမာ – သူနဲ့ငါ တကယ်ရေရှည်ရော အဆင်ပြေပါ့မလား၊ ငါတို့လက်ထပ်ပြီး ပျော်ရွှင်စွာ နေထိုင်နိုင်ပါ့မလား၊ သူက နောက်ပိုင်းမှာ ပြောင်းလဲသွားမှာလား စသဖြင့် ဖြစ်မလာသေးတဲ့ အရာတွေအတွက် အရမ်းကို တွေးပူနေတတ်တာက ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်ရဲ့ relationship ကိုပါ ထိခိုက်လာစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ overthinker သမားတွေဟာ romantic relationship ကို တည်ဆောက်ဖို့ ခက်ခဲတတ်တာပါ။

Khin

sponsored