လက်ရှိ relationship ဟာ လုံးဝ အဖတ်ဆယ် မရတော့ဘူးဆိုတာ ဖော်ပြနေတဲ့ အချက် (၅) ချက်

Freepik- pokpak05
Sponsored

ပတ်ဝန်းကျင်မှာ အဆင်မပြေလည်းဘဲ ချစ်တဲ့စိတ်တစ်ခုတည်းကြောင့် ယိုယွင်းနေတဲ့ relationship ထဲက မထွက်ဘဲသည်းခံပြီးနေနေတဲ့လူတွေ ရှိတတ်ကြပါတယ်။ တစ်ချိန်မှာ ကောင်းလာမလားဆိုတဲ့ မျှော်လင့်စိတ်နဲ့ ပေတေနေနေမေယ့်လို့ ဘယ်လိုမှ ပြန်ပြီး ပြင်လို့မရနိုင်တော့တဲ့ relationship တွေ ရှိနေပါတယ်။ အဖတ်ဆယ်လို့ မရနိုင်တော့တဲ့ relationship တစ်ခုဆိုတာ ဘယ်လိုမျိုးလဲဆိုတာရှာဖွေကြည့်ပြီးတော့ အချက်တိုင်းလိုလိုနဲ့ ကိုက်ညီမှုရှိနေပြီဆိုရင် ရုန်းထွက်လိုက်ပါတော့။

Freepik- wayhomestudio

(၁) ယုံကြည်မှုပျောက်ဆုံးနေပြီဆိုရင်

Sponsored

သင်တို့ကြားထဲမှာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုပျောက်ဆုံးနေပြီး သံသယစိတ်တွေများနေမယ်၊ သူဘာပြောပြော မယုံကြည်တော့ဘဲနဲ့ အမြဲတမ်း စောင့်ကြည့်နေရတဲ့ အနေအထားတစ်ခုကို ရောက်နေပြီဆိုရင် သင်တို့ relationship ဟာ ဘယ်လိုမှ အဖတ်ဆယ်လို့ရတော့မှာမဟုတ်ပါဘူး။

Freepik- wayhomestudio

(၂) ရင်မခုန်တော့ဘူး

စစချစ်ခါစကတော့ တစ်ယောက်ကိုတစ်ယောက် အသံလေးကြားတာနဲ့တင်ကို ရင်ခုန်နေတာမျိုးဖြစ်ပေမယ့်လို့ နှစ်တွေအများကြီးကြာလာခဲ့အခါကျ ငြီးငွေ့လာပြီးတော့ ရင်ခုန်မှုတွေ ပျောက်ဆုံးသွားတတ်ကြပါတယ်။ ဒီကိစ္စဟာ ဖြစ်တတ်ပေမယ့်လို့ တစ်ချို့သောပတ်သက်မှုတွေမှာ တွေ့တောင်မတွေ့ချင်တော့တဲ့အထိ မနှစ်မြို့စရာတွေဖြစ်လာပြီဆိုရင် သေချာပေါပြီ။ သူဘာလုပ်လုပ်လည်း ကြည့်မရ၊ ကိုယ့်စိတ်ထဲ စိတ်တိုင်းမကျဖြစ်လာပါလိမ့်မယ်။

READ
ပျိုမေတွေအနေနဲ့ ချစ်သူကောင်လေးတွေအပေါ် ထားရှိသင့်တဲ့စည်း (၄) ခု

(၃) လေးစားသမှုမရှိခြင်း

စုံတွဲဖြစ်စေပါစေဦးတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ လေးစားမှုဆိုတာ ရှိကိုရှိသင့်တဲ့အရာတစ်ခုပါ။ သင့်ကို လူကြားထဲလည်းမရှောင် အော်နေမယ်၊ သင့်ရဲ့ ဂုဏ်သိက္ခာကိုလည်း ငဲ့ကွက်မှုမရှိဘူး စသဖြင့် သင့်ကို စိတ်အနှောက်အယှက်တွေဖြစ်နေစေပြီ။ သင့်ကို ချိုးချိုးနှိမ်နှိမ်ဆက်ဆံနေပြီဆိုရင် နှစ်ယောက်ကြား ဆက်ဆံရေးက အဆင်မပြေတော့ပါဘူး။

Freepik- lazy_bear

(၄) တစ်ကိုယ်ကောင်းဆန်ခြင်း

ချစ်သူဆိုတာ လူနှစ်ယောက်ပေါင်းရတဲ့ ဆက်ဆံရေးတစ်ခုပါ။ ညီတူညီမျှ အခွင့်အရေးတွေရသင့်တဲ့ ဆက်ဆံရေးမှာ သင်က သူ့မျက်နှာချည်းပဲလိုက်ကြည့်နေရမယ်ဆိုရင် ဒါဟာ healthy relationship တစ်ခု မဟုတ်တော့ပါဘူး။

(၅) မသိစိတ်က သတိပေးခြင်း

သင့်မသိစိတ်ထဲမှာ ရပ်တန်းကရပ်ဖို့ အသိတစ်ခုပေးနေပါလိမ့်မယ်။ ဒါကိုလက်ခံပြီးတော့ move on လုပ်လိုက်တာဟာ နှစ်ဦးနှစ်ဖက်အတွက်အဆင်အပြေဆုံးဖြစ်စေမှာပါ။

penny

sponsored