ဝက်ခြံကင်းတဲ့ မျက်နှာလေး ပိုင်ဆိုင်ဖို့ လွယ်ကူရိုးရှင်းတဲ့ လိုက်နာစရာ အချက်လေးများ

Dragana_Gordic/Freepik
Sponsored

ဝက်ခြံတွေဆိုတာက အလှကြိုက်တဲ့ အသားအရေကို ဂရုစိုက်တတ်တဲ့ ကောင်မလေးတွေအတွက်တော့ ရန်သူပါပဲ။ ဝက်ခြံကင်းတဲ့ မျက်နှာလေးဆိုတာကလည်း ဘာမှမလိမ်းရင်တောင် လှနေတတ်တာမို့ ဝက်ခြံမပေါက်ဖို့ပဲ လိုပါတယ်။ ဝက်ခြံကင်းတဲ့ မျက်နှာရဖို့ဆိုတာကလည်း ဒီအချက်လေးတွေပဲ လိုက်နာရင် အဆင်ပြေနေတာပါ။

(၁) skincare သုံးပါ

Sponsored

မျက်နှာ အသားအရေက ထိခိုက်ဖို့ လွယ်တာကြောင့် ပုံမှန် အသားအရေ ထိန်းသိမ်းတဲ့ အဆင့်လေးတွေအတိုင်း လုပ်ပေးမှသာ တော်ကာကြာတာပါ။ ဒါကြောင့် skincare ကို အဆင့်လိုက် မမေ့ဘဲ ပြုလုပ်ပေးသင့်ပါတယ်။

pressfoto/Freepik

(၂) စိတ်ဖိစီးမှု ကင်းအောင် နေပါ

စိတ်ဖိစီးမှုတွေကလည်း ဝက်ခြံထွက်စေတဲ့ အချက်တစ်ခုပါပဲ။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ နည်းအောင် နေပြီး စိတ်ထွက်ပေါက်တွေ ထားဖို့လည်း လိုပါတယ်။

READ
ခြောက်သွေ့ညစ်နွမ်းနေတဲ့ အသားအရေကို စိုပြည်ဖြူဝင်းသွားစေမယ့် ကြေးချွတ်နည်း (၅)မျိုး

(၃) အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေ လဲပေးပါ

အိပ်ယာခင်းတွေ၊ စောင်တွေနဲ့ ခေါင်းအုံးတွေက မျက်နှာနဲ့ ထိတဲ့ အသုံးအဆောင်တွေ ဖြစ်လို့ သန့်ရှင်းမှုကို ဂရုပြုပေးရမှာပါ။ နှစ်ပတ် တစ်ခါ လဲပေးနိုင်တာ အကောင်းဆုံး ဖြစ်ပါတယ်နော်။

(၄) အပူအစပ်တွေ လျှော့စားပါ

အပူအစပ်တွေကလည်း ဝက်ခြံထွက်စေတတ်တာကို သိပြီးကြမှာပါ။ အစားအသောက်လည်း ကြိုက်တာမှန်ပေမယ့် မျက်နှာလှလှလေးက ဘုတွေနဲ့ဆို ကြည့်ရဆိုးလို့ ဂရုစိုက်ပါနော်။

Photo by Artem Beliaikin from Pexels

(၅) မျက်နှာသုတ်ပုဝါ တစ်ပတ်တစ်ခါ လျှော်ပါ

မျက်နှာသုတ် ပုဝါကလည်း သန့်ရှင်းနေဖို့ လိုတဲ့အတွက် တစ်ပတ်တစ်ခါ လဲပေးတာက အကောင်းဆုံးပါပဲ။

(၆) တစ်ပတ်နှစ်ခါ ခေါင်းလျှော်ပါ

ဆံပင်တွေလည်း ဆီတွေ ဖုန်တွေ ကပ်ညိတတ်သလို မျက်နှာကိုလည်း တဆင့် ပြန်လည် ကပ်ညိတတ်တာမို့ တစ်ပတ်ကို နှစ်ခါလောက် လျှော်ပေးတာက အကောင်းဆုံးပါပဲ။

READ
အဆီပြန် အသားအရေပိုင်ရှင်တွေ ရှောင်သင့်တဲ့ အစားအစာများ

(၇) မိတ်ကပ်ဖျက်ဖို့ မမေ့ပါနဲ့

မိတ်ကပ်က လိမ်းထားရင် လှပေမယ့် မဖျက်ရင်တော့ အလှတွေ ပျက်စေမှာပါ။ ဒါကြောင့် အပြင်က ပြန်လာတိုင်း မိတ်ကပ်ဖျက်ပြီး skincareတွေ ပြုလုပ်ပါနော်။

Freepik.com

(၈) စိတ်ဆန္ဒ ရှိပါစေ

ဘယ်အရာမဆို ဆန္ဒရှိမှသာ ရလဒ်က သက်ရောက်တာပါ။ ဒါကြောင့် ဝက်ခြံ တကယ် ကင်းစင်ချင်တဲ့ စိတ်ရှိရင်တော့ အပေါ်က အချက်တွေကို မပျင်းဘဲ သေချာ ဂရုစိုက်ပေးသင့်ပါတယ်။

Kham

sponsored