So Min ကို မတရားပြောကြတာတွေ ကြောင့် RM ရဲ့ message board ကို ပိတ်ပစ်လိုက်ရ

Image:IG/RM
Sponsored

SBS ရဲ့ ‘ ‘Running Man’ က တော့ အရမ်းကို နာမည်ကြီးတဲ့ ကိုရီးယား Variety Shwo တစ်ခု ပါ။နာမည်ကြီး အစီအစဉ် တစ်ခု ဖြစ်ပြီး အာရှ တင်မဟုတ်ပဲ  အ နောက်နိုင်ငံ တွေမှာပါ အရမ်းကို နာမည်ကြီးတဲ့ အစီအစဉ် တစ်ခုပါ။ (၂၀၁၀) ဇူလိုင် (၁၁)တည်းက ထုတ်လွှင့်ပြသ လာခဲ့တာပါ။ဂယ်ရီ ထွက်ပြီး နောက်ပိုင်းမှာတော့ RM မှာ အဖွဲ့ ၀င် သစ် နှစ်ယောက် ကို ထပ်ထည့်ခဲ့ပါတယ်။Jeon So-min  နဲ့ Yang Se-chan ပါ။Se Chan ကတော့ RM Fan တွေ နဲ့ တသားတည်းကျ တယ်လို့ ပြောလို့ရပါတယ်။ သူနဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား ဝေဖန် ပြောဆိုတာမျိုးတွေ မ ရှိ ပေမယ့် So Min ကတော့ RM Fan တွေ ရဲ့ ဆိုးဆိုးရွားရွား ဝေဖန် ပြောဆိုမှုတွေနဲ့ ကြုံ ခဲ့ရပါတယ်။ ဒီအ ကြောင်းကိုတော့ Allkpop မှာ ဖော်ပြထားပါတယ်။

Sponsored

So Min နဲ့ ပတ်သက်ပြီး RM Fan တွေရဲ့ ဝေဖန်မှုတွေ က ဘယ်လောက်ထိ ဆိုးရွား နေလဲ ဆိုရင်တော့ အခု ဆိုရင် RM ရဲ့ message board  ကို ပါ ပိတ် ပစ်လိုက်ရပါတယ်။ RM ရဲ့ ထုတ်လုပ် ရေး အဖွဲ့  က နေ ပိတ် ပစ် လိုက် တာပါ။ ကြည့်ရှု သူတွေ ရဲ့ သတင်းလွှာမှာဆိုရင်တော့ ရိုင်းစိုင်းတဲ့ စကားတွေ၊ အသ ရေ ဖျက်တဲ့ စကား အသုံးအနှုန်း တွေ ၊ဆိုးရွားတဲ့ စကား တွေ  ပြောဆိုလာတဲ့ အတွက် ပိတ်ပစ်လိုက်ရ ကြောင်းနဲ့ ဒီ့ အတွက် လည်း နားလည် ပေးပါ လို့ တောင်းဆိုထားပါတယ်။ အဖွဲ့ ၀င် So Min နဲ့ ပတ်သက်ပြီး ဆန့်ကျင် ဝေဖန် ပြောဆို မှု တွေ ကြောင့် အခုလို Comment တွေ ကို ပိတ် ပစ်လိုက်ရတာပါ။

READ
၂၀၁၇ရဲ့ ၀င်ငွေအကောင်းဆုံးစာရင်းမှာ ဖန်ပင်းပင်းနောက်က အမှီလိုက်လာတဲ့ လူဟန်
Image:IG/RM

ပြီးခဲ့တဲ့ မတ်လ တုန်းက So Min တစ်ယောက် ကျန်းမာရေး မ  ကောင်းလို့ RM က နေ ခဏ အနားယူခဲ့ပါတယ်။ တစ်ချို့ ကတော့သူမကို ဆိုးဆိုးရွားရွား ဝေဖန် တိုက်ခိုက်မှု တွေ ကို မခံစားနိုင်လို့ အခုလို ဖြစ်ရတာ ဆိုပြီး ပြော ကြ တာ တွေ လည်းရှိပါတယ်။ So Min ရဲ့ အစ်ကို ဖြစ်သူ ကတော့ So Min ရော သူတို့ မိသားစု အထိ ပါ ဝေဖန်  တိုက်ခိုက်တာ မျိုးတွေ အထိ ရှိတယ်ဆိုပြီး ထုတ်ပြော ခဲ့ဖူးပါတယ်။ RM Fan တစ်ချို့ က တော့ So Min ဟာ အို ဗာ အပြု အမူ တွေ လုပ်ပြပြီး Show Time ကို များများ ရ အောင် အတင်းလုပ်ယူ တာ မျိုးတွေ ရှိတယ်ဆိုပြီး ဝေဖန် ပြောဆို ကြတာမျိုးတွေ ရှိပါတယ်။

#AUNTYMAY

sponsored