Running Man နောက်ဆုံး ပြသခဲ့တဲ့ အပိုင်း အပေါ် ပရိသတ် ဝေဖန်မှုတွေ မြင့်တက်နေ

Image:IG/RM
Sponsored

Running Man က တော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး variety show တစ်ခုပါ။ဟာသ တွေ၊ရင်ခုန် စိတ်လှု ပ်ရှားစရာ ကောင်းတဲ့ ဂိမ်း အစီအစဉ်တွေ ပါဝင်ပြီး တောင်ကိုရီးယားမှာ တင် မဟုတ်ပဲ အာရှ တစ်လွှား မှာပါ အရ မ်းကို နာမည်ကြီးခဲ့တဲ့ အစီအစဉ်ပါ။(၂၀၁၀)ခုနှစ် ဇူလိုင် (၁၁)မှာ စတင်ထုတ်လွှင့်ပြသ ခဲ့တာ ဖြစ်ပြီး  သက်တမ်းက တော့ (၁၀)နှစ် ကျော်ပါပြီ။

Sponsored

လက်ရှိမှာတော့ Yoo Jae-suk ၊Haha ၊Ji Suk-jin ၊Kim Jong-kook ၊ Lee Kwang-soo ၊Song Ji-hyo     Jeon So-min နဲ့ Yang Se-chan တို့ က အဖွဲ့ ၀င် တွေ ပါ။ဂယ်ရီ ထွက်ပြီးနောက်မှာတော့ Jeon So-min နဲ့ Yang Se-chan တို့ ကို အဖွဲ့ ၀င် အဖြစ်နဲ့ ထပ် တိုး ခဲ့တာပါ။အဖွဲ့ ၀င် သစ် တွေ တိုးလာတာက ပြဿ နာ မရှိ ပေမယ့် နောက်ပိုင်းမှာ တစ်စစ ပိုပြီး သိသာလာတဲ့ Show Time ကိစ္စ နဲ့ ပတ်သက်ပြီး ပရိသတ် ဝေဖန်မှု တွေ က တော့ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။

အဖွဲ့ဝင် သစ် Jeon So-min အ ပေါ် အရမ်းမျက်နှာ သာ ပေး လွန်းတယ် ဆိုပြီး ဝေဖန် ခံနေရ ပါတယ်။ အောက်တိုဘာ (၁၈)ရက်နေ့က ပြသတဲ့ အပိုင်း မှာဆိုရင် တော့ ပရိသတ်တွေ ရဲ့ ဒေါသ က ပိုပြီး ယမ်း ပုံမီးကျ ဖြစ်ခဲ့ရပါတယ်။အဲ့ဒီ နေ့က ပြသတဲ့ အပိုင်းမှာတော့ က တော့ BLACKPINK က ဧည့်သည် အဖြစ် ပါဝင် ခဲ့ပါတယ်။ပြီးခဲ့တဲ့ အပတ်တုန်းက So-min နဲ့ Ji Hyo ကို အဓိက Main နေရာ ကနေ ထားတဲ့ ဂိမ်း တစ်ခု ပြုလုပ် ခဲ့ ပြီး အဲ့ဒီနေ့က ဂိမ်း မှာတော့ အဖွဲ့ဝင်တွေရဲ့ မဲ ပေးမှု အရ So-Min က နောက် တစ်ပတ် အပိုင်းမှာ ပြစ်ဒဏ် ခံရမှာပါ။

BLACKPINK ပါဝင် တဲ့ အပိုင်းမှာတော့ So-Min ခံရတဲ့ ပြစ်ဒဏ် က တခြား ဟာ မဟုတ်ပဲ BLACKPINK အဖွဲ့ ၀င် တွေ နဲ့ တွဲက ရတာ ဖြစ် နေပါတယ်။ဒါ့အပြင် Lisa ရဲ့ အက ကို တု ပပြီး က တာ မျိုးက သူ မ အတွက် ပြစ် ဒဏ် လို မျိုး So-Min က ပြောခဲ့ပါတယ်။အရင် ဧည့်သည်တွေ လာရင် လညး So-Min က အခုလိုမျိုးပဲ လိုက် က လိုက် လုပ် နေကြပါ။ဒါကို ပြစ်ဒဏ် ဆိုပြီး လုပ်ခဲ့တဲ့  အပေါ် Fan တွေ က ဘ၀င် မကျဖြစ်ခဲ့ပါတယ်။

နောက်တစ်ခုက တော့ Show Time ကိစ္စပါ။ဒါက တော့ အထူးပြောစရာ မလို လောက်အောင် နောက်ပိုင်းမှာ Ji -Hyo ရဲ့ Show Time က လုံးဝ ကို နည်းလာပြီး So-Min ရဲ့ Show Time က ပိုများ လာ တာကို RM Fan တွေ ဆိုရင် တော့ သိကြမှာပါ။ BLACKPINK နဲ့ အပိုင်းမှာတော့ Jeon So-min နဲ့ Yang Se-chan တို့ရဲ့ Love-Line ကို တော့ အကြာကြီးတွေ သေချာ ပြသ ခဲ့ ပေမယ့် Lisa၊Ji Hyo နဲ့ Ji Suk-jin တို့ အပိုင်းကျ တော့ လုံးဝ ကျော် ပစ် ခဲ့ပါတယ်။ BLACKPINK လာတယ်ဆိုတာ ကြုံ တောင့်ကြုံ ခဲဖြစ်ပြီး အားလုံးက မျှော်နေပေမယ့် Lisa ပါတဲ့ အပိုင်းကို တော့ ကျော် ပြခဲ့ပါတယ်။

 

View this post on Instagram

 

블핑 x 런닝맨 방송 본사람 ‍♀️ @sbs_runningman_sbs

A post shared by ROSÉ (@roses_are_rosie) on

နောက်ဆုံး ဂိမ်းမှာ So-min ရဲ့ ကစား ပုံ အ ပေါ် ပရိသတ်တွေက ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ပုံမှန်ဆိုရင် တော့ ဒီလို ခွန်အားသုံးတဲ့ ဂိမ်းမှာ တစ်ယောက် နဲ့ တစ်ယောက်ထိခိုက် နစ်နာ အောင် လုပ်မိတာ မျိုးက  အဲ့လောက် ဝေဖန် တာ မျိုး မရှိပေမယ့် ရှေ့ အပိုင်းတွေမှာ ဘ၀င် မကျ စရာ တွေ များလာ တာရယ်၊ So-min အ ပေါ် Fan တွေ က အရင်တည်းက သဘောမကျ တာတွေ ကြောင့် ပိုပြီး အပြစ် ပြော ချင်စရာ ဖြစ်လာခဲ့တာပါ။ဒီလို တွေ ဆက်တိုက် ဖြစ်လာတဲ့ အတွက် RM Fan အများစု က တော့ Ji Hyo ကိုလည်း Show Time များများပြဖို့ တောင်းဆို နေကြ သလို  So-min ကို အဖွဲ့ ထဲက နေ ထွက်သွား ဖို့ ပြောလာကြတာတွေ သူတွေ ပို များလာခဲ့ပါတယ်။

#AUNTYMAY

sponsored