Birthday Show လုပ်မယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်တဲ့ စိုင်းစိုင်း

Image:Fb/Sai Sai Kham Leng
Sponsored

ဧပြီလ ကို ရောက်ပြီဆိုတာနဲ့ စိုင်းစိုင်းရဲ့ ပရိသတ်တွေ  မျှော်နေကျ အရာတစ်ခုရှိပါတယ်။ အဲ့ဒါ ကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ပါ။ Birthday Show ကိုတော့ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ပြီး ကျင်းပတိုင်းလည်း ပရိသတ် က တစ်နှစ်ပြီး တစ်နှစ် လျော့ သွားတာမျိုးမရှိပဲ တစ်နှစ်တခြား တိုးလာပါတယ်။ စိုင်းစိုင်းရဲ့ဒီနှစ် Birthday Show ကို မျှော်နေတဲ့ ပရိသတ်တွေ အတွက် တော့ ၀မ်းနည်းစရာ သတင်းတစ်ခုရှိပါတယ်။

Image:Fb/Sai Sai Kham Leng
Image:Fb/Sai Sai Kham Leng

ဒီနှစ်မှာတော့ မွေးနေ့ Show လုပ်မယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီ လို့ စိုင်းစိုင်းက သူ့ရဲ့ Fb က နေ ကြေညာလိုက်ပါတယ်။ ပရိသတ်တွေ သုံးလေး သောင်းနဲ့ Birthday Show လုပ်မယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီလို့ စိုင်းစိုင်းက ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း အခွင့် အရေးတစ်ခု တော့ရှိပါတယ်။ ပရိသတ်အနည်းငယ်နဲ့ Birthday Show လုပ်ဖို့ စီစဉ် ထားပါတယ်။ ဒီအစီအစဉ်ကို ပါဝင်ချင်ရင်တော့ ပိ တောက်ကတဲ့ ဂီတ ရုပ်ရှင်လက်မှတ် နဲ့ ပါဝင် ကံ စမ်း ပေးရမှာပါ။

READ
Seo Kang Jun နဲ့ Park Min Young တို့ရဲ့ I’ll Find You on a Beautiful Day ပိုစတာ
Image:Fb/Sai Sai Kham Leng
Sponsored

“ပရိသတ် သုံးလေးသောင်းနဲ့ Birthday Show လုပ်မယ့်အစီအစဉ်တော့ ဆိုင်းငံ့ထားလိုက်ပါပြီ ပရိသတ် အနည်းအကျဉ်းနဲ့ Birthday Party လေးပဲ လုပ်မယ်လို့ စဉ်းစားနေပါတယ် ပိတောက်ကတဲ့ဂီတ ရုပ်ရှင်လက်မှတ်ပေါ်မှာ နာမည်နဲ့ ဖုန်းနံပါတ်ရေးပြီး ကံစမ်းမဲပုံးထဲ ထည့်ဖြစ်အောင်ထည့်ပေးပါ ကျနော်ပွဲအတွက် မဲနှိုက်ဖို့လိုလို့ပါ

မိတ္တူကို –

စိုင်းစိုင်းပရိသတ်များ
ပိတောက်ကတဲ့ဂီတ ပရိသတ်များသို့
ဆက်လက်မျှဝေပါရန်..”  ဆုိၿပီး စိုင်းစိုင်းက သူ့ရဲ့ Fb မှာ တင်ထားပါတယ်။

Image:Fb/Sai Sai Kham Leng

စိုင်းစိုင်းရဲ့ ပိ တောက် က တဲ့ ဂီ တ ဆိုတဲ့ ရုပ်ရှင်ကားကတော့ လက်တ လောမှာ ရုံတင်ပြသ နေပါတယ်။ ဒီဇာတ်ကားမှာတော့ စိုင်းစိုင်းခမ်းလှိုင်၊ ပိုးမမှီသာ ၊အေးမြတ်သူ ၊ကျော်သူ၊ စိုးမြတ်သူဇာ တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။

Image:Fb/Sai Sai Kham Leng

စိုင်းစိုင်းကတော့ မကြာ သေးခင်တုန်းက SAI Cosmetix ရဲ့ သုံးနှစ်ပြည့် အမှတ်တရ အ နေနဲ့နှုတ်ခမ်းနီ အသစ် ထုတ်ထားပါတယ်။ အဲ့ဒီနှုတ်ခမ်းနီ ကြော်ငြာကိုတော့ မင်းသမီးဝတ်မှုံရွှေရည်နဲ့ အတူရိုက်ကူးထားတာပါ။ဝတ်မှုံရွှေရည်က တော့ ဒီ ကြော်ငြာ အတွက် အနုပညာကြေး မယူပဲ အခမဲ့ ရိုက်ကူးပေးခဲ့တာပါ။

READ
Dating သတင်းအတွက် T.O.P နဲ့ Kim Ga Bin ရဲ့ အေဂျင်စီ တွေ တုံ့ပြန်

https://www.facebook.com/saisaifanpage/videos/683264415775056/

Source:Sai Sai Kham Leng

sponsored