ဆေးရုံတွေကို Mask (၂)သောင်း လှူဒါန်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

Image:Fb/Sai Sai Kham Leng
Sponsored

အဆိုတော် သရုပ်ဆောင် မင်းသား စိုင်းစိုင်းခမ်းလှိုင်ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ COVID-19 ကာ ကွယ်ထိန်းချုပ်ရေး လုပ်ငန်း တွေ အတွက် သူတတ်နိုင်သမျှ ကျရာ နေရာက နေ ပါဝင် ကူညီပေး ခဲ့ပါတယ်။ ဆေး ရုံ တွေမှာ လိုအပ်နေတဲ့ Surgical Mask တွေကို လှူဒါန်းပေးခဲ့တာပါ။ စိုင်းစိုင်းလှူဖို့ ရွေးချယ်လိုက်တဲ့ နေရာ ကတော့ ရန်ကုန်ဆေးရုံကြီးနဲ့ လှိုင်သာယာ ဆေးရုံပါ။ အဲ့ဒီ ဆေးရုံတွေ အတွက် Surgical Mask တွေ လှူဒါန်း ပေးခဲ့တာပါ။

Image:Fb/Sai Sai Kham Leng
Image:Fb/Sai Sai Kham Leng

“3 လွှာ Surgical Mask များကို ရန်ကုန်ဆေးရုံကြီးသို့ အခုရေ 10000 
လှိုင်သာယာဆေးရုံကြီးသို့ အခုရေ 10000 သွားရောက် လှူဒါန်းခဲ့ပါတယ်

READ
ပွဲတော်ရက်မှာ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ ဆောင်ဂျွန်ကီရဲ့ ပုံတွေ ထွက်ပေါ်
Sponsored

Fighting Doctors and Nurses !! Please be safe for us !! We need you !!…” ဆိုပြီး စိုင်းစိုင်းရဲ့ Fb မှာ ဝေမျှ ထားပါတယ်။

Image:Fb/Sai Sai Kham Leng

အလှူတင်ပဲ လားဆိုရင်တော့ မဟုတ်ပါဘူး။ပြည်သူတွေ ကို အသိပညာပေးရေးမှာပါ စိုင်းစိုင်းက ပါဝင် ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ မှန်ကန်တဲ့ နည်းနဲ့ လက်ကို သန့်စင် အောင် ဆေးကြော ဖို့ အတွက် လက်ဆေး Challenge မှာ ပါဝင်  ပေးခဲ့တာပါ။ စိုင်းစိုင်းကိုတော့ ချစ်သု ဝေက Challenge လုပ်ခဲ့တာဖြစ်ပြီး ဒါကို စိုင်းစိုင်းက လက်ခံပြီးနောက် ဒီ Challenge မှာ ပါဝင်ဖို့ ဖွေးဖွေးကိုပါ ထပ်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။

READ
မိသားစုလိုက်ကြော်ငြာရိုက်ကူးခဲ့တဲ့ ချစ်သုဝေတို့ မိသားစုလေး

စနစ်တကျလက်ဆေးကြဖို့Hand Washing Challenge to prevent Covid-19i now challenge Phway PhwaySai Sai Kham Leng Shwe YeeKo Oo
#HandWashingChallenge #Covid19မိတ္တူကို – ပရိသတ်များ မိတ်ဆွေများ အားလုံးသို့ ထပ်ဆင့် မျှဝေရန်…” ဆိုၿပီး တင္ထားပါတယ္။

Source:Fb/Sai Sai Kham Leng

sponsored