သိက္ခာကျ စေမယ့် စွပ်စွဲချက်အပေါ် အပေါ် ယဉ်ကျေးစွာ ဖြေရှင်းလိုက်တဲ့ စိုင်းစိုင်း

Image:Fb/sai sai
Sponsored

အဆိုတော် မင်းသား စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာနိုင်ငံမှာ မိန်းကလေး Fan အများဆုံး အနုပညာရှင် ဆယ်လီတွေ ထဲက တစ်ယောက်ပါ။အနုပညာလောကမှာ စိုင်းစိုင်းတစ်ယောက် အောင်မြင်မှုနဲ့ ရပ်တည်လာတာ ဆယ်စုနှစ်တစ်ခု မက တော့ပါဘူး။စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာရှင်တွေထဲမှာ Social Skill အကောင်းဆုံး အနုပညာရှင် အဖြစ် သတ်မှတ်ခံထားရသူပါ။

Image:Fb/sai sai

မီဒီယာတွေ၊ပရိသတ်တွေ ၊သူနဲ့ လက်တွဲ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်ေ တွ၊လုပ်ဖော်ကိုင်ဖက် တွေ အားလုံးအ ပေါ် လေးလေးစားစားနဲ့ ဆက်ဆံ တတ်သူပါ။ဝေဖန်မှုတွေ ကို တောင်မှ အပြုံးနဲ့ ယဉ်ယဉ် ကျေးကျေး တုံ့ပြန်နိုင်သူမို့ သူ့ရဲ့ အနုပညာဖန်တီမှု တွေ ကြောင့်တင်မဟုတ်ပဲ စိုင်းစိုင်းရဲ့ လူမှု ဆက်ဆံ ရေးနဲ့ ကြိုးစားမှုတွေ ကြောင့်ပါ ပရိသတ်တွေက သူ့ကို ချစ်ခင်အားပေးကြတာပါ။

Image:Fb/sai sai
Sponsored

စိုင်းစိုင်းကတော့ လက်ရှိ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ ရောဂါ အန္တရာယ်ကြောင့် နှစ်စဉ် ကျင်းပနေကျ ဖြစ်တဲ့ သူ့ရဲ့ Birth day Show ကို ဒီနှစ်မှာ မကျင်းပ တော့ဘူးလို့ Fb မှာ ကြေညာခဲ့ပါတယ်။ဒီအကြောင်းကိုတော့ 7 days news ရဲ့ Facebook စာမျက်နှာပေါ်မှာ အနုပညာသတင်းတစ်ပုဒ် အဖြစ် ဖော်ပြ ခဲ့ပါတယ်။အဲ့ဒီ သတင်း Post ရဲ့ အောက်မှာေ တာ့ ဆရာ သက္ကမိုးညိုက Comment ၀င်ရေးခဲ့ပါတယ်။ဆရာ သက္ကမိုးညိုကတော့ Victoria လေးရဲ့ အမှုမှာ စွမ်း စွမ်း တမံ ကူညီပေးခဲ့တဲ့သူဖြစ်ပြီး ဆိုရှယ်မီဒီယာမှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပါ။Comment ကတော့…

READ
ကိုယ့်ရဲ့သားသား မီမီးလေးတွေကို ပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့ ...
Image:Fb/sai sai

ပိုက်ဆံကောက်ထားတဲ့ ဂရုထဲကနေ live လွှင့်လေ။ ဘုရားဘုရား။ ကြားသွားရင် တကယ်လုပ်နေမယ်
ဝူဟန်မှာ ရှားရှားပါးပါး ကောင်းတာလေး ဒီတခု ရှိတာ 🙄🙄…” ဆိုပြီး Comment ၀င်ရေးခဲ့ပါတယ်။တခြား ပုံမှန် Comment တွေ ကိုဆိုရင်တော့ အခုလို သတင်း Post အောက်မှာ စိုင်းစိုင်းက ၀င်ဖြေရှင်းတာမျိုးမရှိပေမယ့် နာမည်ကြီး ပုဂ္ဂိုလ် တစ်ယောက်က ပြောလာတာမို့ အမှားကို အမှန်ထင်သွားမှာစိုးတဲ့ အတွက် စိုင်းစိုင်းက ယဉ်ယဉ် ကျေးကျေး အခုလို ပြန်ဖြေရှင်းခဲ့ပါတယ်။

Image:Fb/sai sai

ကျနော့်မှာ ပိုက်ဆံကောက်ထားတဲ့ Group လုံးဝမရှိပါဘူးခင်ဗျာ
ဆရာ့ကို ကျနော်သိပါတယ် ကျနော့်အကြောင်းတွေ စသလို နောက်သလိုရေးနေတာတွေလည်း တွေ့ပါတယ် စတာက ကိစ္စမရှိပါဘူး
ပိုက်ဆံကောက်ပြီး Group ဖွဲ့ထားတာမျိုးကတော့ ကျနော့်မှာ မရှိတဲ့အတွက် ဆရာ့လိုလူမျိုးက ပြောတာဆိုတော့ လူအများအထင်မှားမှာ စိုးလို့ ရှင်းပြခြင်းဖြစ်ပါတယ်….လေးစားလျက်ပါ” ဆိုၿပီး စိုင်းစိုင်းဘက်က ယဉ်ယဉ် ကျေးကျေး ပြန် ပြောလာတဲ့ အတွက် ဆရာ သက္ကမိုးညိုက..

Image:Fb/sai sai

ဟာ ဒါဆို ကျွန်တော် အမှတ်မှားနေတာ။ တခါက အဲလို ဂရုလုပ်မယ်ပြောတာ ကြားဖူးလို့။ 🙏🙏🙏 တောင်းပန်တယ်။ ကိုယ်သေချာ မသိတဲ့ ကိစ္စ ပြောမိလို့။ သေသေချာချာ သိတဲ့ အသက်ကိစ္စပဲ ဆက်ပြောတော့မယ်…” ဆိုပြီး Comment ရေး ပြန်တောင်းပန်ခဲ့သလို သူ့ရဲ့ Fb ပေါ်မှာ ပါ Post တင်ပြီး ပြန်တောင်းပန်ခဲ့ပါတယ်။

Image:Fb/sai sai
Image:7 days news ‘s comment box

 

READ
ဆံပင်တွေကို သန်မာစေပြီး ဦးရေပြားကို အားဖြည့်ပေးမယ့် DIY hair mask လုပ်နည်း

Source:Fb/သက္ကမိုးညို၊စိုင်းစိုင်း

sponsored