Wonderful Tonight သီချင်းနဲ့ ပရိသတ်ကို ဖျော်ဖြေပေးလိုက်တဲ့ စိုင်းစိုင်း

Image:Fb/Sai Sai Kham Leng
Sponsored

အခုအချိန် ကတော့ အားလုံးက တက်နိုင်သမျှ အိမ်မှာပဲ နေပြီး COVID-19 ကို ကာကွယ် နေရတဲ့ အချိန်ပါ။ ကာကွယ် ဆေး၊ ကုသ ပျောက်ကင်းနိုင်တဲ့ ဆေးမရှိတာကြောင့် ကာကွယ်ခြင်းကသာ အထိ ရောက်ဆုံး နည်းတစ်ခုပါ။ တစ်နိုင်ငံလုံး အိမ်မှာပဲ နေနေရတဲ့ အချိန် မို့ အနုပညာရှင်တွေ က ပရိသတ်တွေ စိတ် ပြေ လက် ပျောက် ဖြစ် အောင် တသ်ယောက်နဲ့ တစ်ယောက် Challenge တွေ ခေါ်ပြီး ဖျော်ဖြေမှုတွေ လုပ်ပေးနေပါတယ်။ အခု  နောက်ထပ်  ပေါ် လာ တဲ့ Challenge ကတော့ အရင် ခေတ် က အရမ်းနာမည်ကြီးခဲ့တဲ့ သီချင်း ကောင်းတွေကို ပြန်လည် သီဆို တဲ့ Challenge ပါ။ စိုင်းစိုင်းကတော့ Wonderful Tonight ဆိုတဲ့ Eric Clapton ရဲ့ သီချင်းနဲ့ ပရိသတ်ကို ဖျော် ဖြေ ပေးခဲ့ပါတယ်။

Sponsored

စိုင်းစိုင်း၊အူဝဲ၊နီနီခင်ဇော်၊ပိုင်ဖြိုးသု၊ဒါရိုက်တာဏကြီး တို့ ရဲ့ အုပ်စု ဖွဲ့ရိုက်ထားတဲ့ ဓါတ်ပုံကိုလည်း စိုင်းစိုင်းက သူ့ရဲ့ Fb မှာ ဝေမျှ ပေးခဲ့ပါတယ်။ ပရိသတ်တွေကို အိမ်မှာပဲ နေကြဖို့ကိုလည်း စိုင်းစိုင်းက သူ့ရဲ့ Fb က နေ အခုလိုပဲ တိုက် တွန်းခဲ့ပါတယ်။

READ
ချစ်သူကောင်မလေးရဲ့ အကြောင်းကို ထုတ်ပြောလိုက်တဲ့ James Jirayu
Image:Fb/Sai Sai Kham Leng

“ကိုယ်တွေတာဝန်ကတော့ ကိုယ့်ပရိသတ်တွေဆီကျန်းမာရေးအသိပေးချက်တွေ ရောက်ရှိဖို့ကိုယ့်ပရိသတ်တွေညွှန်ကြားချက်တွေလိုက်နာနိုင်ဖို့ပါ တတ်နိုင်သမျှအိမ်မှာနေလိုက်ခြင်းဟာ နိုင်ငံမရပ်သွားဖို့ တာဝန်ထမ်းဆောင်နေရတဲ့လုပ်ငန်းလည်ပတ်နိုင်ဖို့ အလုပ်သွားပေးနေတဲ့ သူရဲကောင်းတွေကို ကူညီရာရောက်ပါတယ်အားလုံးအတွက် မဖြစ်မနေဆက်လုပ်နေရတဲ့ဝန်ထမ်းတွေ အများကြီးရှိပါတယ် ( ဥပမာ ဆေးရုံ / ရဲဌာန / ဘဏ်လုပ်ငန်း စသဖြင့် အများကြီးပါ )တတ်နိုင်သူတွေ အိမ်မှာနေခြင်းဖြင့် ကူညီပါခင်ဗျာအားလုံးကျန်းမာပါစေ…” ဆုိၿပီး စိုင်းစိုင်းက တိုက်တွန်းထားပါတယ်။

Image:Fb/Sai Sai Kham Leng

COVID-19 ကာကွယ်ရေး အတွက် ပြည်သူတွေ ကို အသိပညာပေးတဲ့  Talk Show တွေ မှာလည်း စိုင်းစိုင်း တစ်ယောက် ပါဝင် ပေးနေပါတယ်။ ဒါ့အပြင် ရန်ကုန်နဲ့ လှိုင်သာယာ ဆေးရုံကြီးကို Mask တစ်သောင်းစီ၊စုစုပေါင်း နှစ်သောင်း လှူခဲ့ပါတယ်။

Image:Fb/Sai Sai Kham Leng

Source:Fb/Sai Sai Kham Leng

sponsored