ရာသီခွင်အလိုက် ပျိုမေတို့အကြောက်ဆုံးအရာများ

Freepik- alexvolot
Sponsored

ရာသီခွင်တွေက ပျိုမေတို့ရဲ့စိတ်နေစိတ်ထားနဲ့ ပတ်သတ်ပြီး အများကြီးပြောပြနိုင်ပါတယ်။ ဒီနေ့မှာတော့ ရာသီခွင်အလိုက် ပျိုမေတို့အကြောက်ဆုံးအရာတွေကို ပြောပြပေးသွားမှာဖြစ်လို့ ဘယ်လိုအရာတွေက ပျိုမေတို့ကို အကြောက်ဆုံးဖြစ်စေမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်…

(၁) Aquarius (January 20th-February 18th)

Photo by Christian Diokno from Pexels
Sponsored

ကုံရာသီဖွားပျိုမေတွေက ဘယ်အရာကိုမဆို စိတ်အားထက်သန်စွာ ပြုမှုပြောဆိုတက်ပြီး တစ်ဖက်သားကိုအားမကိုးပဲ ကိုယ့်အားကိုယ် ကိုးတဲ့သူတွေပါ။ ဒါ့အပြင် တစ်ဖက်လူရဲ့ပါးစပ်က ထွက်လိုက်တဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်အတိမ်အနက်ကို ကောင်းစွသဘောပေါက် နားလည်သူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လူတွေပဲအကြိုက်ကို လိုက်လျောရင်း သူတို့ရဲ့ နဂိုမူလဖြစ်တည်မှုပုံစံ ပျောက်ဆုံးသွားမှာကို အကြောက်ဆုံးပါတဲ့။

(၂) Pisces (February 19th-March 20th)

မိန်ရာသီဖွားပျိုမေတွေက အချစ်ရေးမှာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ပြီး ပေးဆပ်တဲ့သူမျိုးတွေပါ။ အရမ်းချစ်တက်ပြီး ကြင်နာသနားတက်တဲ့အပြင် ချစ်သူကိုပဲ အရိပ်တစ်ကြည့်ကြည့် နေတက်လွန်းတဲ့အတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့တောင် မေ့နေတက်ပါတယ်။ သူတို့ရဲ့အကြောက်ဆုံးကတော့ သူတို့စိတ်ရောကိုယ်ပါ နှစ်မြုပ်ပြီး ချစ်ရတဲ့အချစ်ဆုံးတွေရဲ့ ထားခဲ့ခြင်းခံရမှာကိုပါပဲ။

(၃) Aries (March 21st-April 19th)

မိဿရာသီဖွားပျိုမေတွေက ကိုယ့်စိတ်ကို အကောင်းဆုံးထိန်းချုပ်နိုင်တဲ့ သူတွေပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတဲ့အတွက် လူတွေကြားမှာ ထင်ပေါ်ပြီး အောင်မြင်ကျော်ကြားတက်ပါတယ်။ ဒါကြောင့်ပဲ သင်က ကျဆုံးမှာကို အရမ်းကြောက်ရွံ့တက်ပါတယ်။ ပြောချင်တာက လူတွေကသင့်အပေါ် အရမ်းမျှော်လင့်ချက်ကြီးနေတဲ့အချိန် သင့်ဘက်က အလွဲလွဲအချော်ချော်ဖြစ်ပြီး ကျဆုံးသွားပြီး လူတွေရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးမိသလို ဖြစ်သွားမှာကိုပါ။

READ
သင်တွေးမိမှာတောင်မဟုတ်တဲ့ စိတ်ကျရောဂါရဲ့ ထူးထူးဆန်းဆန်း လက္ခဏာ (၇) မျိုး

(၄) Taurus (April 20th-May 20th)

ပြိဿရာသီဖွားပျိုမေတွေက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပြီး အစီအစဉ်တွေချပြီး လုပ်ဆောင်တက်ကြပါတယ်။ သူတို့အကြောက်ဆုံးအရာကတော့ ငွေရေးကြေးရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေး၊ စီးပွားရေး၊ အချစ်ရေးမှာပဲဖြစ်ဖြစ် အဆိုးဆုံးဆိုတဲ့အရာတွေကို ကြုံတွေ့မှာ ကြောက်ရွံ့တဲ့အတွက် အမြဲအစီအစဉ်တွေဆွဲပြီး လုပ်ဆောင်လေ့ရှိပါတယ်။

(၅) Gemini (May 21st-June 20th)

မေထုန်ရာသီဖွားပျိုမေတွေက လူမှုဆက်ဆံရေးကောင်းမွန်ပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင့်ကြွားတက်တဲ့ သူမျိုးတွေပါ။ သူတို့တွေရဲ့အကြောက်ဆုံးအရာကတော့ လူတွေရဲ့ ယုံကြည်လေးစားခြင်းကို မရရှိမှာကိုပါ။

(၆) Cancer (June 21st-July 22nd)

shutterstock/ Lesia Kapinosova

ကရကဋ်ရာသီဖွားပျိုမေတွေက တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး နေတက်တဲ့သူမျိုးတွေပါ။ သူတို့အကြောက်ဆုံးအရာကတော့ သူတို့ရဲ့ဖြစ်တည်မှုကို ဖျက်ဆီးပြီး သူတို့ကို စိတ်အနှောက်အယှက်ပေးနိုင်မယ့်အရာတွေကိုပါ။

(၇) Leo (July 23rd-August 22nd)

သိဟ်ရာသီဖွားပျိုမေတွေက မာနကြီးပြီး လူတွေရဲ့အထင်ကြီးလေးစားခြင်းကို ခံရတက်ပါတယ်။ သူတို့တွေရဲ့အကြောက်ဆုံးအရာကတော့ သူတို့ရည်မှန်းထားသလို ဖြစ်မလာမှာကိုပါပဲ။

(၈) Virgo (August 23rd-September 22nd)

ကန်ရာသီဖွားပျိုမေတွေက အရာရာကို အသေးစိတ်ကအစ တွေးတောပြီး လုပ်ဆောင်တက်တဲ့သူမျိုးတွေပါ။ သူတို့အကြောက်ဆုံးအရာကတော့ အသေးစိတ်ကအစ တွေးတောမလုပ်ဆောင်နိုင်ပဲ အရာအားလုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရတာမျိုးနဲ့ ပြီးစလွယ် လုပ်ဆောင်လိုက်ရတာမျိုးပါ။

READ
အတိတ်ဆိုးကနေ ရုန်းမထွက်နိုင်သေးတဲ့သူတွေအတွက် အကောင်းဆုံး အားပေးစကား (၅) ခွန်း

(၉) Libra (September 23rd-October 22nd)

တူရာသီဖွားပျိုမေတွေအတွက် လူမှုရေး၊ စီးပွားရေး၊ အချစ်ရေး စတဲ့နယ်ပယ်တွေမှာ တွဲဖက်ကောင်းကောင်း ရဖို့က အရေးပါတယ်လို့ မှတ်ယူထားကြပါတယ်။ သူတို့ရဲ့အကြောက်ဆုံးအရာကတော့ တစ်ယောက်ထဲအထီးကျန်ပြီး နေထိုင်ရတာမျိုးပါ။

(၁၀) Scorpio (October 23rd-November 21st)

ဗြိစ္ဆာရာသီဖွားပျိုမေတွေက အယုံလွယ်တက်ကြပါတယ်။ ဒါကြောင့် သူတို့အကြောက်ဆုံးအရာကတော့ သူတို့အရမ်းယုံကြည်အားကိုးရတဲ့သူတွေက သူတို့ကို သစ္စာဖောက်သွားတာမျိုးကိုပါ။

(၁၁) Sagittarius (November 22nd-December 21st)

ဓနုရာသီဖွားပျိုမေတွေက အသစ်အသစ်သော အရာတွေကို စူးစမ်းလေ့လာပြီး လုပ်ဆောင်ရတာမျိုးကို နှစ်သက်တက်ကြပါတယ်။ သူတို့အကြောက်ဆုံးအရာကတော့ နေ့စဉ်ဓူဝ ထပ်တလဲလဲ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်ရင်း ရှင်သန်နေထိုင်ရတာမျိုးကိုပါ။

(၁၂) Capricorn (December 22nd-January 19th)

shutterstock/ indira’s work

မကရရာသီဖွားပျိုမေတွေက ရည်မှန်းချက်ပန်းတိုင်တွေရောက်အောင် အစီအစဉ်ဆွဲပြီး သေချာလုပ်ဆောင်တက်တဲ့ သူမျိုးတွေပါ။ ကြီးမားတဲ့ အိမ်မက်တွေနဲ့ မျှော်လင့်ချက်တွေ အပြည့်အဝရှိပြီး ဒီအရာတွေ အောင်မြင်ဖို့လည်း အားသွန်ခွန်စိုက် လုပ်ဆောင်တက်ပါတယ်။ ဒါကြောင့် သူတို့အကြောက်ဆုံးအရာကတော့ စီစဉ်ထားတာတွေ မဖြစ်ပဲ ကျဆုံးမှုတွေကို ရင်ဆိုင်ရမှာကိုပါ။

ET

sponsored