လူတစ်ဖက်သားကို အကြောင်းမဲ့ အထင်သေးတတ်သူတွေရဲ့ အမူအကျင့်များ

Sponsored

သင်ဟာ သူများတကာကို အလကားနေ အထင်သေးတတ်သူတစ်ယောက် ဖြစ်နေပြီလားဆိုတာ ဒီအချက်လေးတွေနဲ့ တိုက်ကြည့်လိုက်ပါအုံး။

  • အတ္တပေမ ၀ါဒီဖြစ်နေတယ်

သင့်အတွေးထဲမှာ အမြဲတမ်း တခြားသူတွေကို သင့်ထက်နှိမ့်ချပြီး တွေးတတ်နေပြီ၊ သင်က တခြားသူတွေထက် အမြဲမှန်တယ်၊ ကောင်းတယ်လို့ထင်နေပြီဆိုရင် အတ္တပေမသမား ဖြစ်နေပါပြီ။

shutterstock
  • တရားတာ မတရားတာတွေမသိဘူး

Sponsored

ငါလုပ်လိုက်တာ တရားရဲ့လားဆိုတဲ့ အတွေးမျိုး တွေးကို မတွေးတတ်သူပါ။ တဖက်သားကို အထင်သေးပြီး နှိမ်တတ်တဲ့သူတွေဟာ ဘက်လိုက်ပြီး ဆုံးဖြတ်ချက်ချတာမျိုးကို အလွယ်တကူ လုပ်နိုင်တယ်။

  • ကိုယ့်ကိုကိုယ်လည်း မလေးစားဘူး

shutterstock

တခြားသူတွေကို အထင်သေးပြီး နှိမ်တတ်ကြသူတွေဟာ သူတို့ကိုယ်သူတို့ အထင်ကြီးပြီး ဘ၀င်မြင့်နေတတ်ပေမယ့် ကိုယ့်ကိုကိုယ် လေးစားမှုကတော့ မရှိတတ်ကြပါဘူး။ ကိုယ့်ကိုကိုယ် လေးစားတတ်သူတွေဟာ တခြားသူတွေကိုလည်း လေးစားတတ်ကြတော့ အလကားနေ အထင်သေးဖို့၊ နှိမ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

  • အကောင်းဆုံးတွေချည်း မျှော်လင့်နေတတ်တယ်

ဘေးနားက သူတွေအားလုံး ငတုံးတွေချည်းပဲလို့ ထင်နေတာမျိုးပေါ့။ ကိုယ့်ကိုကိုယ် ကမ္ဘာပေါ်က အထက်မြက်ဆုံးသူတွေ၊ အတော်ဆုံးသူတွေ နားမှာပဲနေဖို့ ထိုက်တန်တယ်လို့ အထင်ရောက်နေပြီး တွေ့သမျှ မြင်သမျှကို အထင်သေးပြီး နှိမ်နေတော့တာပါပဲ။

READ
နာကျင်မှုတွေနည်းနည်းချင်းစုလာပြီးခံစားချက်မဲ့တဲ့အထိဖြစ်နေမှန်းသိသာစေတဲ့အချက်(၈)ချက်
shutterstock
  • သစ္စာမရှိ၊ ကတိမတည်ဘူး

တဖက်သားကို အထင်သေးပြီး နှိမ်ချင်တဲ့စိတ် ရှိနေသူတစ်ယောက်က ကတိတည်ဖို့၊ သစ္စာရှိဖို့တော့ လုံးဝတွေးနေမှာ မဟုတ်ပါဘူး။ ကတိဖျက်ရင်လည်း ဂရုစိုက်စရာမလိုဘူးဆိုပြီး သဘောထားတာမျိုးပါ။

shuttetstock
  • နေရာတကာမှာ ဆရာကြီးလုပ်တတ်တယ်

ကိစ္စတချို့မှာ အကြံဉာဏ် နည်းနည်းပါးပါး ပေးတာမျိုးက ဖြစ်သင့်ပေမယ့် ဘ၀နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာမျိုးမှာပါ ၀င်ရောက်ပြောဆို နေတတ်တယ်ဆိုရင်တော့ ကာယကံရှင်ရဲ့ အစွမ်းအစအပေါ် အထင်သေးနေတာ သိသာနေပါတယ်။

May Thazinhtoo

sponsored