ဗြိစ္ဆာရာသီဖွားတွေနဲ့ သူငယ်ချင်းဖြစ်ခဲ့ရင် ဂုဏ်ယူသင့်တဲ့ အကြောင်းပြချက်(၁၁)ချက်

Sponsored

သင်ဟာ သူငယ်ချင်းတွေအများကြီးရှိတဲ့သူလည်းဖြစ်နိုင်သလို၊ သူငယ်ချင်းနည်းနည်းလေးကိုပဲ အရမ်းကိုတွယ်တာတတ်တဲ့သူလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ရဲ့သူငယ်ချင်းက သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်နေဖို့ အရေးကြီးတယ်မဟုတ်လား။ တကယ်လို့ ဗြိစ္ဆာရာသီဖွားတစ်ယောက်ယောက်က သင့်သူငယ်ချင်းဖြစ်ခဲ့ရင် သင်က ကံကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဗြိစ္ဆာရာသီဖွားတွေက ဒီလို ကောင်းကွက်တွေအများကြီးပိုင်ဆိုင်ထားတာကြောင့်ပါတဲ့။

(၁) သူတို့ဟာ သူတို့ဘေးနားကသူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို တန်ဖိုးထားချစ်ခင်တတ်တဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ ချစ်ခြင်းမေတ္တာက လွယ်လွယ်နဲ့မပြောင်းလဲတတ်ဘဲ စွဲစွဲလန်းလန်း အချစ်ကြီးတဲ့သူတွေပါ။
(၂) အစွဲအလန်းလည်းကြီးသလို ချစ်ခင်ရတဲ့သူတွေအပေါ် သစ္စာဖောက်ဖို့လည်းဝန်လေးတတ်တာကြောင့် ဗြိစ္ဆာရာသီဖွားတွေက သင့်အပေါ်အမြဲသစ္စာရှိလိမ့်မယ်ဆိုတာ ပြောနေစရာတောင်မလိုတော့ပါဘူး။
shutterstock
(၃) ကိုယ်ချစ်တဲ့၊ခင်တဲ့သူတွေကို နောက်ကျောဓားနဲ့ ထိုးတဲ့လုပ်ရပ်မျိုးဘယ်တော့မှလုပ်မှာမဟုတ်တဲ့ အပြည့်အ၀ယုံကြည်လို့ရတဲ့သူလေးတွေပေါ့။
(၄) သူတို့ကိုယုံကြည်လို့ရပေမယ့် သူတို့ကတော့ တခြားသူတွေအပေါ်အလွယ်တကူမယုံတတ်ဘဲ စုံထောက်တစ်ယောက်လို စစ်စစ်ပေါက်ပေါက်တွေးတတ်တာကြောင့် လိမ်လို့လည်းမရတဲ့သူတွေပါ။
shutterstock
(၅) တစ်ခုခုအတွက် မပြီးနိုင်မစီးနိုင်စိတ်ဆင်းရဲနေတာမျိုးမရှိသလောက်ရှားပြီး ကိုယ့်ကိုယ်ကိုပျော်အောင်ဘယ်လိုနေရမလဲဆိုတာကို ကောင်းကောင်းကြီးသိတဲ့သူတွေပါ။ ဒါတင်မကသေးပါဘူး၊ ဘေးနားကလူတွေကိုလည်း ပျော်အောင်ဘယ်လိုလုပ်ပေးရမလဲဆိုတာကို သေချာပေါက်သိတဲ့သူတွေလည်းဖြစ်နေပါသေးတယ်။
(၆) သူငယ်ချင်းတွေ၊ မိသားစုဝင်တွေအတွက် သူတို့က တံတိုင်းတစ်ခုလိုမျိုး အရေးကြုံလာတိုင်းအားကိုးရတဲ့သူတွေပါတဲ့။
shutterstock
(၇) ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အထောက်အပံ့ပေးနိုင်တဲ့သူတွေကိုပြပါဆိုရင် ဗြိစ္ဆာရာသီဖွားလေးတွေကိုပြရမှာပါ။
(၈) သင့်အနေနဲ့ သူတို့အပေါ်အပြစ်တစ်ခုခုလုပ်လိုက်မိလို့သူတို့ခွင့်မလွှတ်တော့မှာကို စိတ်မပူပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့တွေက သူတို့အပေါ်တစ်ခုခုကျူးလွန်မိတဲ့အခါ သင့်ကိုအပြစ်ယူမှာမဟုတ်ပါဘူး။ သေချာပေါက်ခွင့်လွှတ်မှာပါ။ ဒါပေမယ့် အဲ့ဒီဖြစ်ရပ်ကိုတော့ ဘယ်တော့မှမေ့ပစ်မှာမဟုတ်ပါဘူးနော်။
shutterstock

 

READ
တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့သလို ယနေ့ထိ လူကြိုက်များနေဆဲ ဝတ္ထုများ
(၉) အယူအဆတစ်ခုခုကိုလက်ကိုင်ပြီး ငြင်းခုန်တတ်တဲ့သူမျိုးတွေလည်းဖြစ်နေပါသေးတယ်။ သူတို့ပြောတဲ့စကားတစ်ခွန်းအတွက် တာဝန်ယူတတ်ပြီး သူတို့မှားနေရင်တောင် အဲ့ဒီစကားတစ်ခွန်းကိုပဲစွဲကိုင်ပြီး အဆုံးထိ ငြင်းတတ်ကြတဲ့သူတွေပါ။ ခေါင်းမာသူလေးတွေပေါ့။
(၁၀) ပြီးတော့ ဗြိစ္ဆာရာသီဖွားလေးတွေက အရိပ်အကဲလည်းအရမ်းသိပါတယ်။ လူတစ်ယောက်က သူတို့ကို အလိုရှိလား၊ မရှိဘူးလားဆိုတာကို ကောင်းကောင်းသိနေတတ်ပြီး သူတို့ကိုမလိုချင်တဲ့သူတွေနား တွယ်ကပ်ပြီးမနေတတ်ပါဘူး။ ကိုယ့်အထာလေးနဲ့ကိုယ်နေတတ်ကြတဲ့သူတွေပါ။
shutterstock
(၁၁) သူတို့နဲ့ပတ်သက်တဲ့သူတွေကို အသေးစိတ်ကအစဂရုစိုက်တတ်ပြီး ကြာလာလေ လေးနက်လေဆိုတဲ့ ဆက်ဆံရေးမျိုးကိုတည်ဆောက်တတ်ကြသူတွေပါ။ ဒါကြောင့် သူတို့ဘေးနားက တစ်ယောက်ချင်းစီကို တန်ဖိုးထားကြတာလို့ ပြောလို့ရပါတယ်။
Sponsored

MAY THAZINHTOO

sponsored