ကိုရီးယားမင်းသမီးတွေ အသုံးပြုနေတဲ့ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက် (၈)ချက်

shutterstock/ zEdward_Indy
Sponsored

ကိုရီးယားမင်းသမီးလေးတွေရဲ့ အသားအရေက ကမ္ဘာတဝှမ်းမှာရှိတဲ့ မိန်းကလေးတွေရဲ့ အားကျမှုကို ခံရလောက်အောင် ကြည်လင်လှပနေတာမျိုးပါ။ ဒီတော့ သူတို့ကိုကြည့်ပြီး သူတို့ဘယ်လိုနည်းလမ်းတွေနဲ့အသားအရေထိန်းသိမ်းမှုလုပ်လဲဆိုတာကို စိတ်ဝင်စားလာကြပါတယ်။ သူတို့တွေက skin clinic တွေမှာကုသမှု ခံယူတာကြောင့်လို့ လူပြောများပေမယ့် တကယ်တမ်းမှာ အခုလိုသဘာဝနည်းလမ်းတွေကိုလည်း အသုံးပြုကြပါတယ်တဲ့။

(၁) အစိုဓာတ်ဖြည့်ခရင်မ်ကိုဒီလိုလိမ်းတယ်

pinterest/Erika

ရေချိုးပြီးပြီးချင်းမှာ မျက်နှာနဲ့ခန္ဓာကိုယ်ကချွေးပေါက်တွေ ပွင့်နေတဲ့အချိန်ဖြစ်တာကြောင့် အရေပြားက အစိုဓာတ်ဖြည့်ခရင်မ်ကို ကောင်းကောင်းစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ရေချိုးပြီး ၁၀ မိနစ်အတွင်း အစိုဓာတ်ဖြည့်ခရင်မ်ကိုမဖြစ်မနေလိမ်းပါတယ်။

(၂) ရေနွေးတဘက်နဲ့မျက်နှာကိုကပ်ပေးတယ်

Sponsored

တဘက်သန့်သန့်တစ်ထည်ကိုရေနွေးစိမ်၊ရေစင်အောင်ညှစ်ပြီး ညဘက်မျက်နှာသစ်ပြီးတိုင်း ရေနွေးစိမ်ထားတဲ့ တဘက်ကို မျက်နှာပေါ်မှာ မိနစ်အနည်းငယ်လောက် တင်ထားပေးပါတယ်။ အဲ့လိုလုပ်တာက မျက်နှာသွေးလှည့်ပတ်မှုကောင်းမွန်စေပြီး တစ်နေကုန်မိတ်ကပ်လိမ်းထားတဲ့ အသားအရေကိုပြန်ပြီးလန်းဆန်းအားပြည့်စေတာကြောင့် အရေးအကြောင်းမဖြစ်အောင် တားဆီးပေးနိုင်လို့ပါတဲ့။

(၃) ဖောင်ဒေးရှင်းကိုဒီလိုလိမ်းတယ်

pinterest/Aloe Vera Skin Care

ဖောင်ဒေးရှင်းက ဘယ်လောက်ပဲ matte type ဖြစ်ဖြစ် မိတ်ကပ်လိမ်းပြီး တစ်နာရီလောက်ကြာရင် အဆီပြန်ပြီးကွက်လာတတ်ပါတယ်။ ဒီလိုမဖြစ်အောင် ဖောင်ဒေးရှင်းလိမ်းပြီး ပေါင်ဒါမလိမ်းခင်အဆင့်မှာ မျက်နှာကို ရေအေးထဲ စက္ကန့် ၂၀ လောက်နှစ်ပြီး အခြောက်ခံပြီးမှ မိတ်ကပ်ထပ်လိမ်းပေးပါတယ်။ ဒါက အဆီပြန်တာကို သက်သာစေပြီး အချိန်ကြာတဲ့အထိမိတ်ကပ်မပျက်လှနေနိုင်တဲ့နည်းလမ်းပါ။

READ
ပလုတ်ကျင်းဆေးရည်နဲ့ခြေထောက်ကို စိမ်ပေးခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူး (၃) ခု

(၄) ရုတ်တရက်ဝက်ခြံထွက်လာရင် ဒီလိုဖြေရှင်းတယ်

Shaving cream က ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ဓာတ်ပါပြီး ရောင်ရမ်းနာကျင်မှုကို သက်သာစေတာကြောင့် မျက်နှာသစ်ပြီး ဝက်ခြံထွက်နေတဲ့နေရာမှာ Shaving cream ကို မိနစ်အနည်းငယ်လောက် လိမ်းပေးထားလိုက်ရင် ဝက်ခြံက ချက်ချင်းပြားသွားပါလိမ့်မယ်။

(၅) ရေညှိနဲ့ပေါင်းတင်တယ်

pinterest/Sarah Pratt

အရသာမပါတဲ့ သဘာဝရေညှိပြားတွေကို ရေနွေးထဲ ခဏလောက်စိမ်ပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်လောက် ကပ်ပေးတာက facial sheet mask တွေ ကပ်တာထက် ပိုကောင်းတဲ့ ရလဒ်ကို ရတယ်လို့ဆိုပါတယ်။ ရေညှိကပ်ပေးခြင်းက အရေးအကြောင်းကင်းစေတဲ့အပြင် အမည်းစက်တွေကိုလည်းလျော့ပါးသက်သာစေပါတယ်။

(၆) ပင်လယ်ဆားတိုနာသုံးတယ်

ရေနွေးတစ်ခွက်ထဲကို ပင်လယ်ဆားတစ်ဇွန်းထည့်ပြီး ပျော်သွားအောင်မွှေပါ။ ဂွမ်းစလေးနဲ့တို့ယူပြီး မျက်နှာသစ်ပြီးတိုင်း တိုနာလိမ်းသလိုလိမ်းပေးလိုက်ရင် အရေပြားအောက်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဆားဝက်ခြံတွေကို သက်သာစေတဲ့အစွမ်းရှိပါတယ်။

(၇) မျက်နှာအဆီမပြန်အောင်ပဲနို့နဲ့ပေါင်းတင်တယ်

pinterest/Receita do Dia

Face sheet mask တစ်ရွက်ကို သကြားမထည့်ထားတဲ့ ပဲနို့ထဲနှစ်ပြီး မျက်နှာပေါ်မှာ ၁၅မိနစ်ကပ်ပေးတာက အဆီပြန်တာကို သိသိသာသာသက်သာစေပြီး အသားအရောင်မညီတာတွေကိုလည်း ညှိပေးတယ်၊ နဂိုထက်လည်း ပိုပြီးဖြူဝင်းလာစေနိုင်လို့ သူတို့ဆီမှာ လူကြိုက်များတဲ့နည်းဖြစ်ပါတယ်။

READ
သင့်ကို ငယ်ရွယ်နုပျိုပြီး Glow သွားစေမယ့် အဝတ်အစားမှန်ကန်စွာဝတ်ဆင်နည်းများ

(၈) သံပရိုရည်နဲ့ကြေးချွတ်တယ်

ပေါင်ကြား၊ ချိုင်းကြားတွေမည်းနေတဲ့အခါ သံပရိုရည်ကို ဂွမ်းစလေးနဲ့ဆွတ်ပြီးမည်းနေတဲ့နေရာကို ပွတ်သုတ်ပေးကာ တစ်ညထားထားပြီး နောက်တစ်နေ့မှာရေဆေးချပေးလိုက်ပါ။ ဒါကို နေ့တိုင်းလုပ်ပေးရင် တစ်ပတ်အတွင်း ဖြူလာပါလိမ့်မယ်။

MAY THAZINHTOO

sponsored