ဂျပန်လူမျိုးတွေဆီက အတုယူသင်တဲ့ ဘဝအတွက် အကျိုးရှိစေမယ့် အလေ့ကျင့်များ

shutterstock/PR Image Factory
Sponsored

လူမျိုးတစ်မျိုးစီတိုင်းမှာ မတူညီတဲ့ ရိုးရာတွေ၊ ဓလေ့တွေဆိုတာ ရှိတတ်ပါတယ်။ ဒီတစ်ခါမှာတော့ ဂျပန်လူမျိုးတွေရဲ့ နေထိုင်မှု ပုံစံထဲက အတုယူသင့်တဲ့ အလေ့အကျင့်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်တွေက သင့်ကို ပိုမိုကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်စေမှာပါ။

စားသောက်ပုံ

shutterstock/ kazoka

ဂျပန်လူမျိုးတွေက ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်တတ်ကြပါတယ်။ အထူးသဖြင့် ဝိတ်မတက်အောင်အတွက် ထမင်းနဲ့ အသီးအရွက်ကို များများစားပြီး အသားကိုတော့ လျော့စားတတ်ကြပါတယ်။ နောက်ပြီး သူတို့တွေက ထမင်းပန်းကန်လုံး သေးသေးလေးတွေနဲ့ စားတတ်ကြပြီး ကော်ဖီအစား green tea ကို သောက်တတ်ကြပါတယ်။ ဒါက ဝိတ်မတက်စေတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။

မိသားစုကို အချိန်ပေးတယ်

shutterstock/Rawpixel.com
Sponsored

အသက်အရွယ်ကြီးသူကို ပိုဂရုစိုက်ပြီး အိမ်နားပတ်ဝန်းကျင်တွေကိုပါ အကူအညီပေးတတ်တာက ဂျပန်လူမျိုးတွေရဲ့ ရိုးရာတစ်ခုပါ။ နောက်ပြီး ဂျပန်လူမျိုးတွေက ခြံဝန်းတစ်ခုတည်းမှာ အိမ်နှစ်လုံး၊ သုံးလုံးလောက် ဆောက်ပြီး နေထိုင်ကြပါတယ်။ အားလပ်ချိန်တွေမှာ မိသားစုတွေက အတူတူ အချိန်ဖြုန်းပြီး နွေးထွေးတဲ့ မိသားစုကို တည်ဆောက်တတ်ကြပါတယ်။

READ
တစ်ယောက်တည်းနေရတာကိုကြိုက်တဲ့သူတွေကဒီအားသာချက်(၇)မျိုးကိုပိုင်ဆိုင်ထားပါတယ်

ရည်ရွယ်ချက်တွေနဲ့ နိုးထတတ်ကြတယ်

shutterstock/ Have a nice day Photo

ဂျပန်လူမျိုးတွေက သူတို့ရဲ့ နိုးထတဲ့မနက်တိုင်းမှာ ရည်ရွယ်ချက်တွေ ထားရှိတတ်ကြပါတယ်။ သူတို့ရဲ့ ဘဝကို ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေအပြည့်နဲ့ နေထိုင်တတ်ကြပါတယ်။ နောက်ပြီး ဂျပန်လူမျိုးတွေက ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းနဲ့ ခရီးထွက်ခြင်းတွေကိုပါ သူတို့ဘဝရဲ့ ရည်ရွယ်ချက်အဖြစ် ထည့်သွင်းတတ်ကြပါတယ်။

သန့််ရှင်းမှု

shutterstock/violetblue

ဂျပန်လူမျိုးတွေက သန့်ရှင်းမှုကို အရမ်းအလေးထားတတ်ကြပြီးတော့ သန့်ရှင်းခြင်းက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သူတို့တွေက အရမ်းကို သန့််သန့်ရှင်းရှင်း နေတတ်ကြသူတွေဖြစ်ပြီး ရောဂါပိုးတွေ မဝင်ရောက်အောင်၊ အလွယ်တကူ နေမကောင်းမဖြစ်အောင်အတွက် ကြိုတင်ကာကွယ်ထားခြင်း ဖြစ်ပါတယ်။

Khin

 

sponsored