မမ Taylor Swift နဲ့ မောင်လေး Joe Alwyn တို့ရဲ့ တိတ်တိတ်ပုန်းအချစ်ရေးအကြောင်း

Instagram- @joealwyntaylorswift
Sponsored

ချစ်သူသက်တမ်းသုံးနှစ်ကျော်ကြာပြီဖြစ်တဲ့ အမေရိကန်အဆိုတော်မလေး Taylor Swift နဲ့ မင်းသား Joe Alwyn တို့ဟာ သူတို့ရဲ့ relationship ကို သိုသိုသိပ်သိပ်လေးနဲ့ပဲ ခိုင်မြဲအောင် ထိန်းသိမ်းထားကြသူတွေပါတဲ့။

Swift ဟာ Joe Jonas, Calvin Harris, နဲ့Tom Hiddleston တို့လို သူမရဲ့အရင်ချစ်သူတွေနဲ့မတူဘဲ အခု Alwynနဲ့မှာတော့  ကင်မရာတွေရဲ့ ဝေးဝေးမှာသာ နေခဲ့ပါတယ်။ နှစ်ယောက်စလုံးက သူတို့အကြောင်းနဲ့ ပတ်သက်တဲ့ မီဒီယာတွေရဲ့မေးခွန်းတွေကိုလည်း အတတ်နိုင်ဆုံးရှောင်ပြီးဖြေခဲ့ကြတာပါ။

Sponsored

မကြာသေးခင်က 2020 Golden Globes ဆုပေးပွဲမှာ ရှားရှားပါးပါး နှစ်ယောက်အတူတွေ့ခဲ့ရတာမို့ သူတို့ရဲ့ private relationship ကခိုင်မြဲနေတယ်ဆိုတာကို အားလုံး မျက်ဝါးထင်ထင်တွေ့ခဲ့ကြပါတယ်။

ကဲ တေလာဆွစ်နဲ့ Joe Alwynတို့ရဲ့ ရိုမန့်အကြောင်းလေးတွေကို Insider က အခုလို တင်ဆက်ပေးလိုက်ပါတယ်။

2016 Met Gala ပွဲမှာ စတွေ့ခဲ့ကြတာလို့ ဖန်တွေက ထင်ကြေးပေး။

သူတို့နှစ်ဦး 2016 Met Gala ပွဲမှာ စတွေ့ခဲ့ကြတာလို့ ဖန်တွေက ထင်ကြေးပေးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Swift ရဲ့”Dress” သီချင်းမှာပါတဲ့ သီချင်းစာသားတစ်ချို့က သူတို့နှစ်ဦး Gala ပွဲမှာစတွေ့တဲ့ အကြောင်းကို အခြေခံရေးသားထားတယ်ဆိုပြီး သုံးသပ်ခဲ့ကြတာပါ။ စာသားထဲမှာ ရုတ်တရက်မင်းနဲ့တွေ့ချိန်က မင်းက ခေါင်းတုံးကေနဲ့ငါကဆံပင်အဖြူနဲ့ ဆိုပြီး ဆိုထားတာပါ။ အဲ့ဒီအချိန်ကလည်း Met Galaပွဲမှာ Alwyn က ရွှေရောင်ကတုံးကေနဲ့ဖြစ်ပြီး၊ Swiftက ငွေရောင် dress နဲ့ ဆံပင်အဖြူရောင်ဖြစ်ပါတယ်။ ဒါပေမယ့် Swift ကတော့ ဒီစာသားနဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့ပါဘူး။

https://www.instagram.com/p/B3R4AgKHnGf/

သူတို့ ချစ်ကြိုက်နေတဲ့အကြောင်း The Sun မဂ္ဂဇင်းက ဖော်ထုတ်ခဲ့။

Swift နဲ့ Alwyn တို့ လျို့ဝှက်ချစ်ကြိုက်နေတာ လနဲ့ချီရှိပြီဆိုတဲ့အကြောင်း (၂၀၁၇)ခုနှစ်၊ မေလမှာ  The Sun မဂ္ဂဇင်းကနေ ဖော်ထုတ်ခဲ့ပါတယ်။ Swift ဟာ လန်ဒန်က  မင်းသားချောချစ်သူကောင်လေးကိုတွေ့ဖို့ ကိုယ်ပိုင်လေယာဉ်နဲ့ သွားခဲ့ပြီး၊ သူမရဲ့လုံခြုံရေးကလည်း စစ်ရေးမစ်ရှင်တစ်ခုလို သူမကို ကာကွယ်နေတာ တွေ့ရတယ်လို့ The Sun ကပြောခဲ့တာပါ။ အဲ့ဒီနောက် လန်ဒန်မှာ Swift က ပ၀ါတွေ ဦးထုတ်တွေနဲ့ ဖုံးကွယ်ပြီး Alwyn နဲ့အတူ လမ်းလျှောက်ထွက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

https://www.instagram.com/p/B6-pyB5H7DF/

ဆိုရှယ်မီဒီယာကို ရိုမန့်ဆန်ဆန်သုံးခဲ့ကြ

Alwyn နဲ့ Swift တို့ဟာ သူတို့ ဆက်ဆံရေးကို သီးသန့်ထားဖို့အတွက် လူသိရှင်ကြားမနေခဲ့ကြပေမယ့်၊ နှစ်ဦးကြားရိုမန့်တစ်ဆန်ဆန်လေးတွေတော့ ရှိပါတယ်။ သူတို့ဟာ အင်စတာဂရမ်ဟာ နှစ်ယောက်တွဲပုံအတူ မတင်ခဲ့ပေမယ့်၊ တစ်ချိန်ထဲမှာပဲ ပုံစံတူပို့စ်ကို နှစ်ယောက်သားအတူတင်ခဲ့ကြတာပါ။ ဒီပုံဟာ Fan တွေအတွက် သူတို့နှစ်ဦးရဲ့ relationship အကြောင်းကို အနီးစပ်ဆုံး သိခွင့်ရခဲ့တဲ့ ပုံတစ်ပုံလည်းဖြစ်ပါတယ်။

အလေးထားချစ်ကြတာ

Swift ဟာ ဂရမ်မီဆုအတွက်အကောင်းဆုံး pop vocal albumအတွက် ဇကာတင်စာရင်းဝင်ခဲ့ပေမယ့် (၂၀၁၉) ဂရမ်မီဆုပေးပွဲကို မတက်ရောက်ခဲ့ဘဲ Alwyn နဲ့လိုက်ပြီး BAFTA after-party ကို တက်ရောက်ခဲ့ပါတယ်။ Alwyn ပါဝင်တဲ့”The Favourite” ဇာတ်ကားက သရုပ်ဆောင်(၇)ဦးဟာ BAFTA  ဆုပေးပွဲမှာ ဆုတွေရခဲ့ကြတာလည်း ဖြစ်ပါတယ်။ Swiftက Olivia Colman နဲ့ Emma Stone အပြင် ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေအားလုံးကို အင်စတာဂရမ်ကနေ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

https://www.instagram.com/p/BnJfK25n3YG/

2020 Golden Globesပွဲမှာမှ နှစ်ယောက်အတူတွဲ ရှားရှားပါးပါး ‌တွေ့ခဲ့ရ။

2020 Golden Globe Awards ဆုပေးပွဲကို နှစ်ယောက်လုံတက်ရောက်ခဲ့ပြီး၊ red carpet ကိုတော့ သီးခြားဆီလာခဲ့ကြပေမယ့်၊ ပွဲအတွင်းမှာတော့ နှစ်ယောက်အတူ ဘေးချင်းကပ်ထိုင်ခဲ့ကြပါတယ်။ Swift ဟာ ဒီပွဲမှာ “Cats.”ဇာတ်ကားမှာပါဝင်တဲ့ သူမရဲ့ Beautiful Ghosts သီချင်းအတွက် best original song ဆု ဇာကာတင်စာရင်းဝင်ခဲ့တယ်လို့သိရပါတယ်။

https://www.instagram.com/p/B7_U4iSnq5e/

2020 NME Awards ဆုပေးပွဲမှာ လူကြားထဲ အနမ်းပေးခဲ့တာ

လန်ဒန်မြို့  O2 Academy Brixton မှာကျင်းပတဲ့ 2020 NME Awardsဆုပေးပွဲမှာ Swift နဲ့ Alwyn တို့အနမ်းပေးပြီး ဖက်နေတဲ့ပုံကို ဖန်တစ်ယောက်ကအပေါ်စီးကနေ ဗီဒီိယိုရိုက်နေရင်း  မှတ်တမ်းရရှိသွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ Swift ကို best solo ဆုရရှိကြောင်း ကြေညာလိုက်ချိန်မှာ နောက်တစ်ကြိမ် ထပ်ပြီး အနမ်းပေးခဲ့ကြတာဖြစ်ပါတယ်။ဒီအဖြစ်ဟာ ပုံမှန်မထူးဆန်းတဲ့ ဖြစ်ရပ်ဆိုပေမယ့် အချစ်ရေးကို လူကြားသူကြားထုတ်ပြလေ့မရှိဘဲ သိုသိုသိပ်သိပ်နေနေတဲ့ ဒီစုံတွဲကို ဒီလိုမြင်လိုက်ရတာဟာ ဖန်တွေအတွက်ထူးခြားတဲ့မြင်ကွင်း တစ်ခုဖြစ်ခဲ့ပါတယ်။

Khaing

sponsored