ဘယ်သူမှမလုပ်သေးတဲ့ ပုံစံမျိုးနဲ့ Lyrics Video လေးထွက်လာခဲ့တဲ့ Selena နဲ့ BLACKPINK

YouTube-BLACKPIINK
Sponsored

BLACKPINK ဟာ Selena နဲ့ collaborate လုပ်ပြီး မကြာသေးခင်ကပဲ Icecream ဆိုတဲ့ သီချင်း ထွက်ထားတာ အားလုံးလည်း သိပြီးကြပြီထင်ပါတယ်။ သီချင်းကတော့ စစချင်း music video အနေနဲ့ ထွက်ခဲ့ပြီးတော့ animated version အနေနဲ့လည်း ထွက်ခဲ့ပါသေးတယ်။

YouTube-BLACKPIINK

မူရင်း version ကတော့ အခုဆိုရင် 259,357,112 views တောင် ရှိလို့နေပါပြီ။ Icecream ဟာ ပရိတ်သတ်တွေကြား တော်တော်လေးကို လျှင်လျှင်မြန်မြန်ပဲ ပေါက်သွားခဲ့ပြီး လူတိုင်းရဲ့ ပါးစပ်များမှာတောင် သူ့ရဲ့ chorus အပိုဒ်ဟာ ခဏလေးအတွင်းမှာ စွဲသွားခဲ့တာပါ။

Sponsored

အခုလည်း YG Entertainment ကနေပြီး Icecream နဲ့ပတ်သက်တဲ့ ဗီဒီယိုအသစ်တစ်ခုကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ တင်ပေးလာခဲ့ပါတယ်။ အဲဒါကတော့ lyrics video လေးပါ။ Lyrics video ဆိုတာ ပုံမှန်ဆိုရင် နောက်ခံ ပိုစတာ အသေတစ်ခုပေါ်မှာ စာသားလေးတွေပဲ ထိုးပြတာမျိုးဖြစ်ပေမယ့်လို့ BLACKPINK နဲ့ Selena တို့ရဲ့ lyrics video ကတော့ တမူထူးခြားလို့နေပါတယ်။

READ
အန္တရာယ်များလွန်းတဲ့ အနမ်းဇာတ်ဝင်ခန်းကို ရိုက်ကူးခဲ့တဲ့အကြောင်း ပြောလာတဲ့ D.O.

စစချင်း account တစ်ခုထဲကို log in ဝင်သလိုပုံစံမျိုးနဲ့ ဗီဒီယိုကို စထားပါတယ်။ နောက် account ထဲ ဝင်ဝင်ပြီးချင်မှာပဲ BLACKPINK ၄ ယောက်နဲ့ Selena တို့ video call ပြောနေသလို ပုံစံမျိုးလေးကို မြင်ရမှာဖြစ်ပါတယ်။ နောက် အောက်မှာကတော့ စာသားလေးတွေ ထိုးပေးထားတာမျိုးပေါ့။

YouTube-BLACKPIINK

ဒီလို lyrics video မျိုး ဘယ်သီချင်းမှာမှ မတွေ့ဖူးသေးဘူး။ YG ကလည်း တော်တော်လေးကို စိတ်ကူးကောင်းတယ်လို့ ဆိုရမှာပဲ။ ကဲ.. ဗီဒီိယိုလေးကို အတူတူကြည့်လိုက်ရအောင်။

https://www.facebook.com/BLACKPINKOFFICIAL/posts/1247426858972069

penny

sponsored