သွေးအမျိုးအစားအလိုက် မဖြစ်မနေသိထားရမယ့် အရေးကြီးအချက်အလက်များ

[email protected]
Sponsored

ခုဖော်ပြပေးမှာကတော့ မိမိရဲ့သွေးအမျိုးအစားအလိုက် သိကိုသိထားရမယ့် အရာလေးတွေဖြစ်ပါတယ်။ ဘာတွေလဲဆိုတာတော့ ဖတ်ကြည့်လိုက်ပါဦးနော်….။

သွေးအမျိုးအစားအလိုက် အစားသင့်ဆုံအစားအစာများ

Shutterstock/By stockcreations

A သွေး

Sponsored

ငါး၊ ကြက်သား၊ ဒိန်ချဉ်နဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးခြင်းဖြင့် အလျင်မြန်ဆုံးဝိတ်ကျသွားမှာဖြစ်ပါတယ်။ ပဲတောင့်ရှည်၊ စပ်တဲ့အစားအစာတွေနဲ့ ကော်ဖီကိုရှောင်ပေးပါ။ ရေများများသောက်ပေးပါ။

B သွေး

နိုနှင့် နို့ထွက်ပစ္စည်း၊ သိုးသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ လက်ဖက်ရည်နဲ့ ပြောင်းတွေဟာ အစားသင့်ဆုံးအစားအစာဖြစ်ပါတယ်။ အရက်၊ အသင့်စား အစားအစာတွေကို ရှောင်ပေးပါ။

O သွေး

အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေကိုစားသုံးပေးပါ။ နို့နှင့်နို့ထွက်ပစ္စည်းတွေ၊ ဆီသွပ်ဘူးတွေ နဲ့ အလွန်အကျွံစားသောက်ခြင်းတို့ကို ရှောင်ပါ။

AB သွေး

ဒီသွေးအမျိုးအစားက အစားအသောက်တိုင်းနဲ့ တည့်ပါတယ်။ အသီးအနှံတွေ၊ လတ်ဆတ်တဲ့အစားအစာတွေကို ပိုပြီးစားသုံးပေးသင့်ပါတယ်။

လူမှုဆက်ဆံရေး

Shutterstock/By ImageFlow

A သွေး – မေတ္တဂရုဏာကြီးမားတယ်၊ အပေါင်းအသင်းဝင်ဆံ့တယ်၊ အလုပ်အကိုင်ကျွမ်းကျင်တယ်၊ ခေါင်းဆောင်အရည်အချင်းရှိပါတယ်။

READ
October လမွေးဖွားသူတွေရဲ့ သူမတူခြားနားတဲ့ ထူးခြားချက်များ

B သွေး – တွေးခေါ်ဆင်ခြင်နိုင်စွမ်းကောင်းတယ်၊ လူတိုင်းနဲ့တည့်တယ်၊ ခင်မင်ဖို့ကောင်းတယ်၊ ရင်းနှီးလွယ်တယ်။

O သွေး – လက်တွေ့ကျတယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲတယ်၊ အရာရာကို အလေးအနက်ထားတယ်၊ စာနာတတ်တယ်။

AB သွေး – အကြောင်းအကျိုး အကောင်းအဆိုး သေသေချာချာ စဉ်းစားတွေးခေါ်နိုင်တယ်၊ တည်ငြိမ်တယ်၊ စိတ်ဓာတ်ကြံ့ခိုင်တယ်၊ ကြိုတင်စဉ်းစားတွေးခေါ်တတ်တယ်။

စိတ်ဖိစီးလာတဲ့အခါ

Shutterstock/By igorstevanovic

A သွေး – ထိခိုက်လွယ်တဲ့ သူတွေဖြစ်တဲ့အလျောက် စိတ်ဖိစီးမှုကိုခံရတဲ့အခါ သူတို့အတွက်အရမ်းကို ခက်ခဲပြီး တော်တော်နဲ့ မပြေနိုင်တဲ့သူတွေပါ။ ရေသောက်ခြင်းက သင့်ကို အကူအညီပေးမှာပါ။

B သွေး – စိတ်ဖိစီးမှုတွေများလာတဲ့အခါ တည်တည်ငြိမ်ငြိမ်ဖြတ်သန်းလေ့ရှိတယ် ဒါပေမယ့် အတိုင်းအတာကို ကျော်လာပြီဆိုရင် အသည်းအသန်ဖြစ်တတ်ကြပြန်ပါတယ်။ အသက်ကိုမှန်မှန်လေးရှူပေးခြင်းက သင့်ကိုအကူအညီပေးမှာပါ။

O သွေး -အရမ်းပေါက်ကွဲလွယ်တဲ့သူတွေဖြစ်တာကြောင့် အာရုံကိုလွှဲပေးခြင်းက သင့်ကို ကူညီပေးမှာပါ။

READ
ကောင်လေးတွေကြွေတတ်ကြတဲ့ ကောင်မလေးတွေရဲ့ အမူအရာတစ်ချို့

AB သွေး -သူတို့ကတော့ အေးအေးဆေးဆေးပါပဲ ဒါပေမယ့် အဆိုးဆုံးအခြေအနေကိုရောက်တဲ့အခါမှာတော့ အခြေအနေတစ်မျိုးပြောင်းသွားနိုင်ပါတယ်။ လမ်းလျှောက်ခြင်းက သင့်ကို ကူညီပေးမှာပါ။

ဘယ်အရာကဝစေသလဲ

Shutterstock/By Stock-Asso
  • A သွေး – အသားနဲ့အချိုတွေ
  • B သွေး – ဆီကြော်မုန့်တွေနဲ့ ပေါင်မုန့်တွေ
  • O သွေး – စားသောက်ချိန် မူမမှန်ခြင်းတွေ
  • AB သွေး – ကိုယ်လက်လှုပ်ရှားမှုမပြုလုပ်ခြင်း

Em Em

 

sponsored