သူများတွေထက်ပိုပြီး စိတ်ထိခိုက်လွယ်တဲ့ ရာသီခွင် (၆) မျိုးအကြောင်း

Freepik- cookie_studio
Sponsored

ဒီရာသီခွင်တွေကတော့ ပြောမနေနဲ့တော့ ဘာမှမဟုတ်တာလေးနဲ့ စိတ်ထိခိုက်လွယ်တယ်၊ ဝမ်းနည်းလွယ်တယ်၊ နောက်ပီး ဒရာမာကလည်းချိုးသေး။ ရှိတဲ့ ရာသီခွင် ၁၂ ခုထဲမှာ သူတို့တွေကတော့ ထိပ်ဆုံးက ဆန်းဆန်းတင့်လေးတွေပါတဲ့။ ဒီတော့ ဆန်းဆန်းအတင့်ဆုံးရာသီခွင် (၆) မျိုးကို အဆင့်အလိုက်ဖော်ပြပေးသွားမယ်နော်။

Cancer: ဇွန်လ ၂၁ မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ

Sponsored

ထိလွယ်ရှလွယ်တဲ့နေရာမှာ ဆရာမကြီးတွေပါပဲ။ ၁၀၀% အပြည့်ကို sensitive ဖြစ်လွန်းတတ်ကြတယ်။ တစ်ယောက်ယောက်ကများ သူ့ကို အော်ဖို့၊ ငေါက်ဖို့မဆိုထားနဲ့ ဟိုက လေသံလေးနည်းနည်းပြောင်းသွားရင်တောင် ငိုမဲ့ ငိုမဲ့နဲ့တဲ့။

Freepik- wayhomestudio

Pisces Dates: ဖေဖော်ဝွရီ ၁၉ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိ

သူတို့တွေကတော့ sensitive ရာခိုင်နှုန်း ၉၀%။ ဘာမဟုတ်တဲ့ကိစ္စလေးကြောင့် ထစ်ခနဲရှိငိုမယ်၊ စိတ်ဓာတ်ကျမယ်ဆိုရင်တော့ ဟောဒီမှာ Pisces တွေပါပဲ။

Scorpio: အေက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ရက်နေ့ထိ

READ
ကုံရာသီဖွားတွေရဲ့ ဇူလိုင်လ ဟောစတမ်း

၈၅% နဲ့ တတိယအဆင့်ချိတ်နေတဲ့ သူတို့ရဲ့ ထိလွယ်ရှလွယ်ပုံကတော့ ငိုတာတို့၊ စိတ်ဓာတ်ကျတာတို့မဟုတ်ဘဲ ပေါက်ကွဲပစ်တာ။ အမှန်တော့လည်း ဝမ်းနည်းတာကို မငိုမိအောင် ဒေါသနဲ့ ထိန်းထားတာမျိုး။

Freepik- freepik

Leo: ဇူလိုင်လ ၂၃ မှ သြဂုတ်လ ၂၂ ရက်နေ့ထိ

Leo တွေကတော့ ငိုတာ၊ ငိုတာ။ သူတို့ခင်ဗျာ အအေးဗူးလေး ထုတ်သောက်လိုက်လို့ မျှော်လင့်ထားသလို အေးအေးလေးမဖြစ်ရင်တောင် ငိုမဲ့မဲ့ဖြစ်တတ်တဲ့လူမျိုးတွေ။ ၈၀% sensitive ပဲ။

Aries: မတ်လ ၂၁ မှ ဧပြီလ ၁၉ ရက်နေ့ထိ

သူတို့ကတော့ ၇၅% နဲ့ အဆင့် (၅) နေရာကို ချိတ်နေပါတယ်။ Aries တွေ sensitive ပုံကတော့ တစ်ယောက်ယောက်က သူတို့ကိုများ အပြစ်တင်လိုက်ကြည့် စိတ်ကိုလေထွက်သွားတာ။ အဲဒီစကားကြီးကိုပဲ ထပ်ခါတလဲလဲ ကြားယောင်နေပြီး ခံစားနေတတ်တာမျိုး။

READ
ဘယ်အလုပ်မဆိုအချိန်ဆွဲပြီး အနားနီးမှထလုပ်တတ်တဲ့ ပြာယာအခတ်နိုင်ဆုံး ရာသီဖွားများ
Freepik- jcomp

Libra: စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ရက်နေ့ထိ

အဲ.. Libra တွေကတော့ Sensitive ရာခိုင်နှုန်းက ၆၀ ဆိုတော့ သူတို့က တော်သေးတယ်ပြောရမယ်။ သူတို့ကတော့ sensitive ဖြစ်တဲ့ပုံစံက တစ်မျိုး။ ဒေါသထွက်ကြတာ။ ငါ့ကိုများသူက ဆိုပြီးတော့။ ဒါပေမဲ့လည်း တစ်ဖက်သားကိုလည်း ပေးမသိဘူးနော်။ ကြိတ်ပြီး ဆန်းဆန်းတင့်တတ်ကြတာမျိုး။

Freepik- cookie_studio

penny

 

 

 

 

 

sponsored