ကလေးသရုပ်ဆောင်ဆိုတဲ့ Image ကို ပျောက်စေခဲ့တဲ့ Seo Shin Ae ရဲ့ဖက်ရှင်

Sponsored

ဖက်ရှင်က လူတစ်ယောက်ရဲ့ Image ကို လုံးဝပြောင်းလဲပစ်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မင်းသမီးလေး Seo Shin Ae ကို မြန်မာပရိသတ်တွေလည်း သိကြမှာပါ။ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့  Grudge: The Revolt of Gumiho ဇာတ်လမ်းတွဲဟာဆိုရင် အရမ်းကို နာမည်ကြီးခဲ့ပါတယ်။ Seo Shin Ae ဟာ ၁၉၉၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက်ကတော့ (၁၈)နှစ်ပဲ ရှိပါသေးတယ်။

 

Sponsored

အားလုံးရဲ့ မျက်စိထဲမှာ ကလေးလေးလို့ ခုထိမြင်နေတဲ့  Seo Shin Ae ကတော့ သူမရဲ့ ကလေးသရုပ်ဆောင်ဆိုတဲ့ Image ကို ပျောက်ကွယ်အောင် လုပ်လိုက်ပုံ ရပါတယ်။ ဘူဆန် နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို တက်ရောက်ရာမှာ ဝတ်ဆင်လာတဲ့ sexy ကျကျ ၀တ်စုံကြောင့် မီဒီယာသမားတွေ အရမ်းကို အံ့အားသင့်ခဲ့ကြပါတယ်။ အဖြူရောင်ဂါဝန်လေးပါ။ ရင်ဘတ်မှာတော့ ဇာအပါးလေး ခံထားပေမယ့် အထဲထိ ဖောက်ထွင်းမြင်နေရတဲ့ sexy ၀တ်စုံလေးပါ။ cute နဲ့ sexy ရောထားတဲ့ သူမရဲ့အလှကို အားလုံးက အသိအမှတ်ပြုခဲ့ကြပါတယ်။

READ
EXOက ထွက်ခဲ့ပြီးနောက် အရင်းနှီးဆုံးမိတ်ဆွေတွေအဖြစ် ပထမဆုံးအကြိမ်ပြန်တွေ့ရတဲ့ သူတို့

အတော်လေး လူပြောများခဲ့တဲ့ သူမရဲ့ဝတ်စုံနဲ့ပတ်သက်ပြီး အောက်တိုဘာ(၁၃)ရက်မှာတော့ Seo Shin Ae က သူမရဲ့ အေဂျင်စီကတစ်ဆင့် ခုလိုပြောခဲ့ပါတယ်။

“ဘူဆန်ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကောဇောနီထက်မှာ လျှောက်လှမ်းခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိတယ်၊ ပျော်လည်းပျော်ရွှင်မိပါတယ်။ ကျွန်မရဲ့ဝတ်စုံနဲ့ပတ်သက်ပြီး အားလုံးက၀ိုင်း အာရုံစိုက်တာကို ခံရတော့ တကယ်မှဟုတ်ရဲ့လားလို့တောင် ခံစားရပါတယ်။ ကောင်းတဲ့ဘက်ကနေပဲ မြင်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်မရဲ့ ဇာတ်ကားသစ် ‘Your Request’ ကိုလည်း အားပေးကြပါအုံး” ဆိုပြီး ပြောခဲ့ပါတယ်။

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့် မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

sponsored