မေမေတွေ ကိုယ့်ကိုယ်ကိုချစ်ရင် လုပ်ကိုလုပ်သင့်တဲ့ (၇)ရက်စာ Challenge (၇) ခု

Freepik- freepik
Sponsored

လူတိုင်းလူတိုင်း ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် self-care နဲ့ self-love ဆိုတာ ရှိသင့်ပါတယ်။ ဒီအတွက် အမြဲတမ်း ကလေးအတွက် အချိန်ပေးပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်မိဘဲ ပစ်ထားမိတဲ့အခါမှာ ခန္ဓာကိုယ်ရော စိတ်ကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒီ challenge လေးကို လိုက်လုပ်ဖို့ မျှဝေပေးလိုက်ပါတယ်။

Day 1 အပြင်ထွက်မယ်

Sponsored

မိခင်တွေအတွက် အခက်ခဲဆုံး ကိစ္စက တစ်ယောက်တည်း လွတ်လွတ်လပ်လပ် အပြင်ထွက်ဖို့ပါပဲ။ ဒါကြောင့် ပထမနေ့မှာတင် ကလေးကို တစ်ယောက်ယောက်နဲ့ထားခဲ့ပြီး အပြင်ထွက်လည်ပစ်ပါ။

Day 2 အဖော်ကိုတာဝန်ခွဲယူခိုင်းပါ

ကိုယ့်ခင်ပွန်းကို ကလေးတာဝန်ကို တစ်နေ့တာခွဲယူပေးဖို့ တောင်းဆိုပါ။ ကလေးထိန်းခြင်းဟာ အမျိုးသမီးတွေရဲ့အလုပ်ပဲမဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာတော့ အမျိုးသားတွေလည်း တာဝန်တွေကို ခွဲယူနေကြပါပြီ။

Freepik- freepik

Day 3 လေ့ကျင့်ခန်းစလုပ်ကြည့်ပါ

Gym ဆော့ခိုင်းတာမျိုးမဟုတ်ဘဲ အေးအေးဆေးဆေး လုပ်လို့ရမယ့် ယောဂကျင့်တာတို့၊ အိမ်ပြင်ထွက်ပြီး တစ်ပတ်လောက်ပြေးတာမျိုးတို့ကို လုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုဟာ ခန္ဓာကိုယ်အနေအထားကို ပြောင်းလဲစေရုံတင်မကဘဲနဲ့ စိတ်ကိုလည်း ရွှင်လန်းစေပါတယ်။

READ
မေမေလောင်းလျာတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအတွက် ကြိုဝယ်မထားသင့်တဲ့ ပစ္စည်း(၅)မျိုး

Day 4 တစ်နေကုန်အနားယူပါ

အိမ်ကိစ္စတွေ၊ ကလေးကိစ္စတွေကို ဘာမှလည်းမလုပ်၊ တွေးလည်းမတွေးတော့ဘဲ အိပ်ရေးဝတဲ့အထိ အိပ်မယ် ထမင်းဟင်းမချက်ဘဲ ဝယ်စားလိုက်မယ် နောက် ဖုန်းသုံးရင်သုံး ရုပ်ရှင်ကြည့်ချင်ကြည့်မယ် ဒီလိုလေး အနားယူလိုက်ပါ။

Freepik- freepik

Day 5 လောဘမကြီးဖို့ ကိုယ့်ကိုယ်ကို ပညာပေးပါ

အိမ်ထောင်စုတာဝန်အကုန်လုံး၊ ကလေးကိစ္စတွေအပြင် တချို့သော မေမေတွေဟာ ပိုက်ဆံပါရှာကြရတာကြောင့် သိပ်ကို ပင်ပမ်းလွန်းပါတယ်။ ဒါကြောင့် ဒီနေ့ challenge ကိုတော့ ကိုယ်လုပ်နိုင်တာတွေနဲ့ တာဝန်ယူဖို့ အရမ်းများလွန်းတဲ့အရာတွေကို ချရေးလိုက်ပါ။ နောက် ဖြေရှင်းပါ။

Day 6 ခင်ပွန်းနဲ့ ဒိတ်လုပ်ပါ

ကလေးမပါဘဲ ချစ်ရတဲ့ ခင်ပွန်းနဲ့အတူတူ ဒိတ်ပါ။ ဖြစ်နိုင်ရင် ရိုမန့်တစ်ဆန်တဲ့ ညလေးပါ ဖန်တီးလိုက်ပါ။

Freepik- freepik

Day 7 ရေကို ဇိမ်ခံပြီးချိုးပါ

အိမ်ရှင်မတွေတော်တော်များများက ရေချိုးပြီဆိုရင် အဝတ်လျှော်ရတာနဲ့ ရေချိုးခန်း တိုက်ချွတ်ရတာနဲ့ ကလေးကြောင့်နဲ့ဆိုပြီးတော့ ချေးတောင်ပြောင်အောင်တွန်းမယ့်အချိန် တချို့မှာမရှိတတ်ကြပါဘူး။ ဒါကြောင့် နောက်ဆုံး challenge လေးကိုတော့ ရေကို ဇိမ်ခံပြီးချိုးပစ်ပါလို့။

READ
တစ်စက္ကန့်တောင် မေ့မထားသင့်တဲ့ မိခင်တွေရဲ့ သတ္တိနဲ့ စိတ်နေသဘောထားများ

penny

sponsored