စိတ်ခံစားချက်နဲ့အခြေအနေပေါ်လိုက်ပြီး ဒီအင်္ကျီအရောင် (၇) မျိုးကို ဒီလိုဝတ်ဆင်ပါ

Freepik- senivpetro
Sponsored

Fashion ဂရုတွေရဲ့ ပြောကြားချက်အရ အင်္ကျီအရောင်ကို ရွေးချယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားချက်၊ သွားမယ့်နေရာ၊ ဖြစ်လာမယ့် အခြေအနေနဲ့အချိန်အခါ စတာတွေကိုပါ ကြည့်သင့်ပါတယ်တဲ့။ ဒီတော့ ကိုယ့်အနေနဲ့ရော ဘယ်လိုအခြေအနေ အချိန်အခါမျိုးတွေမှာ ဘယ်လို အင်္ကျီအရောင်တွေကို ရွေးချယ်သင့်သလဲဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။ ဥပမာ အချစ်တွေနဲ့ပြည့်နှက်ပြီး ရိုမန့်တစ်ဆန်ချင်တဲ့အချိန်အခါမျိုးကျရင် ဘယ်လိုအရောင်မျိုး ဝတ်မလဲဆိုတာမျိုးပေါ့။ ကဲ ကြည့်လိုက်ကြရအောင်နော်..

(၁) လိုက်လျောညီထွေဖြစ်စေမယ့် မီးခိုးနဲ့အနက်

Freepik- cookie_studio
Sponsored

မီးခိုးနဲ့ အနက်ရောင်တို့ကတော့ ဘယ်ခေတ်ပဲရောက်ရောက် ဒိတ်မအောက်သွားတဲ့ အရောင်နှစ်ရောင်ပဲဖြစ်ပါတယ်။ အဖြူတောင် ခေတ်မစားတဲ့အချိန်ဆိုတာ ရှိဦးမယ်။ နောက် ဒီနှစ်ရောင်ဟာ ပတ်ဝန်းကျင်က လူတွေနဲ့ လိုက်လျောညီထွေဖြစ်စေတယ် ဒါပေမဲ့လည်း ကိုယ့်ကို ပိုပြီး ပေါ်လွင်စေတယ်။ ဒါကြောင့် အလပ်နဲ့ပတ်သက်တဲ့ ပွဲတွေသွားတဲ့အခါမျိုး၊ ဟောပြောပွဲတွေ တက်တဲ့အခါမျိုးမှာ အရမ်းလည်း မထင်ပေါ်ချင်ဘူး၊ အရမ်းလည်း ကိုယ်ရောင်မပျောက်ချင်ဘူးဆိုရင် မီးခိုးဝမ်းဆက် ဒါမှမဟုတ် အမည်းဝမ်းစက်ကိုသာ ဝတ်သွားလိုက်ပါ။

(၂) ဖန်တီးမှုစွမ်းရည်ကို ပေါ်လွင်စေတဲ့ အစိမ်းရောင်

Freepik- Racool_studio

အစိမ်းရောင်ပုတ်ပုတ်နဲ့ အရမ်းမတောက်တဲ့ အစိမ်းရောင်တွေဟာ သဘာဝအဆန်ဆုံးဖြစ်တာကြောင့် စိတ်တည်ငြိမ်မှုကို ဖြစ်စေတယ်၊ ကိုယ့်ရဲ့ ဖန်တီးနိုင်မှုစွမ်းအားတွေကို ပိုပေါ်လွင်စေပါတယ်။ ဒါကြောင့် စာမေးပွဲစစ်တဲ့အခါမျိုးတွေမှာ၊ လူအများရှေ့မှာ စကားထွက်ပြောရတာမျိုးတွေမှာဆိုရင် အစိမ်းရေင်ကို ဝတ်ပေးသင့်ပါတယ်။

READ
ပိုက်ဆံအိတ် အရောင်တွေနဲ့ ပတ်သတ်ဆက်နွယ်တဲ့ သူတို့ရဲ့အဓိပ္ပာယ်များ

(၃) နွေးထွေးမှုကို ကိုယ်စားပြုတဲ့ အဝါရောင်

Freepik- dusanpetkovic

နေရောင်ခြည်ခပ်နွေးနွေးလေးကို ထိတွေ့လိုက်သလိုပဲ တစ်ဖက်လူဟာ ကိုယ့်ကို ခံစားမိမှာပါ။ အဝါရောင်ဟာ ပျော်ရွှင်ခြင်း၊ နွေးထွေးမှု၊ အနုပညာဆန်မှုတို့ကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ တော်တော်များများကတော့ အဝါရောင်ကို သိပ်မကြိုက်တတ်ကြပါဘူး။ အဝါရောင်ကြိုက်တဲ့လူတွေဟာ တခြားလူတွေထက်စာရင် အကောင်းမြင်စိတ် ပိုများတယ်လို့လည်း ပြောကြပါတယ်။ ဒါပေမဲ့ တချို့လုပ်ငန်းတွေမှာတော့ အဝါရောင်ဝတ်တာကို အထက်လူကြီးတွေက သဘောမကျကြပါဘူးတဲ့။

(၄) အကောင်းမြင်စိတ်ကို ကိုယ်စားပြုတဲ့ ပန်းနုရောင်

Freepik- svetlanasokolova

ပန်းရောင်ဆိုတာ မိန်းကလေးတွေတော်တော်များများရဲ့ အကြိုက်ဆုံးအရောင်လို့ ဆိုရမှာပါပဲ။ နောက် ပန်းရောင်ဟာ ရင်းနှီးမှုကို ပိုဖြစ်စေတယ်၊ communication ကောင်းစေတယ်ပေါ့။ နောက် လူတစ်ယောက်ရဲ့ impression ကို မြှင့်တင်ပေးတဲ့အရောင်၊ အကောင်းမြင်စိတ်ရှိကြောင်း ပြသနိုင်တဲ့ အရောင်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် တွေ့ဆုံပွဲတွေပဲဖြစ်ဖြစ်၊ လူအသစ်တွေနဲ့ တွေ့ရမယ့်နေရာမျိုးမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ပဲဖြစ်ဖြစ်ဆိုရင်တော့ ပန်းနုရောင်ကို မမေ့သ့င်ပါဘူး။

(၅) အဓိပ္ပာယ်များစွာရှိတဲ့ အဖြူရောင်

READ
ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ လိုအပ်မယ့်ပစ္စည်းများ
Freepik- alexvolot

အဖြူရောင်ဟာ မြင်လိုက်သူတိုင်းဖို့ စိတ်ကို ရှင်းလင်းစေတယ်၊ သန့်ရှင်းတဲ့ ခံစားချက်ကိုပေးတဲ့အပြင်ကိုမှ ကိုယ်ဟာ စည်းစနစ်ကျတဲ့လူတစ်ယောက်ဆိုတာလည်း ပေါ်လွင်စေပါတယ်။ အဖြူရောင်ကို ဝတ်ဆင်သင့်တဲ့အချိန်တွေကတော့ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းခံစားနေရချိန်၊ မိသားစုတွေ့ဆုံပွဲတွေနဲ့ ဖန်တီးမှုစွမ်းအားတွေကို အခြေခံထားတဲ့ အလပ်အင်တာဗျုးတွေမှာ၊ ထိပ်တန်း အစည်းအဝေးပွဲတွေမှာ ဝတ်ဆင်နိုင်ပါတယ်။

(၆) အလုပ်အကိုင်အတွက် အပြာရောင်

Freepik- freepik

၂၀၁၃ ခုနှစ်တုန်းက CareerBuilder ရဲ့ စစ်တမ်းကောက်ချက်အရ မန်နေဂျာ ခန့်ဖို့ အင်တာဗျူးတွေခေါ်တဲ့အခါမှာ အပြာရောင်ဝတ်ထားတဲ့လူတွေကို အများဆုံး အလုပ်ခန့်ခဲ့လေ့ရှိတယ်လို့ သိခဲ့ရပါတယ်။ အပြာရောင်ဟာ ယုံကြည်ကိုးစားမှုကိုရစေတယ်၊ အထင်ကြီးလေးစားစေတယ် နောက် ပြီးပြည့်စုံခြင်းကို ကိုယ်စားပြုပါတယ်တဲ့။

(၇) အနီရောင်နဲ့ ရိုမန့်တစ်ဆန်ခြင်း

Freepik- frimufilms

ချစ်သူနဲ့တွေ့တော့မယ်ဆိုရင် မိန်းကလေးတွေအနေနဲ့ တော်တော်များများ ပန်းရောင်လေးတွေကို ရွေးတတ်ကြတယ်။ ဒါပေမဲ့ တကယ်တမ်း ရိုမန့်တစ်ဆန်စေတဲ့ စိတ်ခံစားချက်ကို ပေးနိုင်တာကတော့ အနီရောင်ပါတဲ့။ အနီရောင်တောက်တောက်နဲ့ ကြက်သွေးရောင်တို့ဟာ ကောင်လေးတွေရဲ့ စိတ်ခံစားချက်ကို ပိုလေးနက်စေပြီး ဆွဲဆောင်မှုအားပြင်းတယ်လို့လည်း ထင်စေပါတယ်။ ဒါကြောင့် ဒိတ်လုပ်တဲ့အခါ အနီရောင်လေးကို ရွေးဝတ်ကြည့်ပါနော်။

penny

sponsored