ဆံပင်သားကိုလိုက်ပြီး အသုံးပြုလို့ရတဲ့ မီးဖိုချောင်ထဲက သဘာဝ ခေါင်းလျှော်ရည်များ

shutterstock/ wasanajai
Sponsored

အိမ်တွေရဲ့ မီးဖိုချောင်ထဲက ပစ္စည်းတော်တော်များများဟာ အစားအသောက် ချက်ပြုတ်ရာမှာ အသုံးဝင်ရုံတစ်ခုတည်းမဟုတ်ပဲ ဆေးဝါးအတွက်၊ အလှအပအတွက် အသုံးဝင်တဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဒီတစ်ခါမှာတော့ ကိုယ့်ရဲ့ ဆံပင်သားကိုလိုက်ပြီး သဘာဝ ခေါင်းလျှော်ရည်အဖြစ် အသုံးပြုလို့ရတဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

shutterstock/iva

မုန့်ဖုတ်ဆိုဒါက ဆံပင်သားကို ပျက်စီးမယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ မုန့်ဖုတ်ဆိုဒါက ဦးရေပြားပေါ်က အညစ်အကြေးတွေကို ဖယ်ရှားဖို့ အကောင်းဆုံးဖြစ်ပြီး ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။ နောက်ပြီး ဦးရေပြား အဆီထွက်တတ်များတတ်သူတွေအနေနဲ့ တကယ့်ကို အသုံးတည့်စေပါတယ်။ ဗောက်နဲ့ ယားယံခြင်းတွေကိုလည်း သက်သာစေပြီး ဆံပင်ကို အဆိပ်အတောက် ဖယ်ရှားပေးပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေတစ်ခွက်နဲ့ ရောနှောပြီး ဦးရေပြားအနှံ လောင်းချပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။

READ
အသားအရေအတွင်းပိုင်းအထိ သန့်စင်ပြီးအဆိပ်ထုတ်ပေးမယ့် ပေါင်းတင်နည်း (၄)မျိုး

ပန်းသီးရှာလကာရည်

shutterstock/ Sea Wave
Sponsored

ပန်းသီးရှာလကာရည်က acid ဓာတ်ပါဝင်တဲ့အတွက် မှိုနဲ့ ဆံပင်ကျွတ်ခြင်းတွေကို သက်သာစေပါတယ်။ နောက်ပြီး သူ့မှာပါဝင်တဲ့ minerals and vitamins တွေက ဆံပင်သားကို ချောမွေ့စေပြီး ဆံပင်ကာလာကို ထိန်းသိမ်းပေးပါတယ်။ နောက်ပြီး ဆံပင်ရဲ့ pH level ကို ထိန်းညှိပေးပါတယ်။ ပုလင်းတစ်လုံးထဲမှာ ပန်းသီးရှာလကာရည် တစ်ဇွန်းကို ရေတစ်ခွက်နဲ့ ရောနှောပြီး shake လိုက်ပါ။ ခေါင်းလျှော်ပြီးတဲ့အခါ အဲဒီ့အရည်ကို ဆံပင်အနှံ လောင်းချပေးပြီး ရေဆေးချပေးရမှာ ဖြစ်ပါတယ်။

ကြက်ဥအနှစ်

shutterstock/ andriano.cz

ကြက်ဥမှာ ပရိုတိန်းဓာတ်နဲ့ ဗီတာမင်တွေ ပါဝင်တဲ့အတွက် ဆံပင်အတွက် အဟာရဖြည့်ပေးနိုင်ပါတယ်။ ကြက်ဥအနှစ်ကို ဆံပင်အတွက် အသုံးပြုခြင်းက ဆံပင်ကို အရှည်မြန်စေပြီး နူးညံပြီး တောက်ပလာစေပါတယ်။ ကြက်ဥအနှစ်ကို ဆံပင်မှာ လိမ်းပြီး သုံးလေးမိနစ်လောက် ထားပြီးရင်တော့ ရေအေးနဲ့ ခေါင်းလျှော်လို့ ရပါပြီ။

READ
စတိုင်ကျပြီး လူအများ အမြင်မှာ အမြဲ ကြည့်ကောင်းစေမယ့် အချက်လေးများ

ရှားစောင်းလက်ပတ်

shutterstock/ Tatevosian Yana

ခေါင်းမှာ ဗောက်တွေ၊ ဘက်တီရီးယားတွေနဲ့ မှိုတွေရှိနေပြီဆိုရင်တော့  ရှားစောင်းလက်ပတ်က အကောင်းဆုံးပါပဲ။ ရှားစောင်းလက်ပတ်က ဆဲလ်သေတွေကို ဖယ်ရှားပြီး ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ နောက်ပြီး ဆံပင်သားနဲ့ ဦးရေပြားတွေကို ရေဓာတ်ဖြည့်ပေးပြီး ဆံပင်ကို အရှည်မြန်ကြီးထွားစေနိုင်ပါတယ်။ ရှားစောင်းလက်ပတ် အနှစ်ကို ဦးရေပြားအထိ ရောက်အောင် လိမ်းပေးပြီး နာရီဝက်ခန့်ထားပြီးရင်တော့ ခေါင်းလျှော်ပေးလို့ ရပါပြီ။

Khin

sponsored