လက်တလော Mr. Queen နဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Shin Hye Sun ဟာ အခုမှ နာမည်ကြီးလာတဲ့ မင်းသမီးအသစ်တစ်လက်မဟုတ်ပါဘူး။ အရင်ကတည်းကိုက Shin Hye Sun ရဲ့ ရုပ်ရှင်ကားတွေဟာ အားလုံးနီးပါး ကောင်းတာတွေချည်းပါပဲ။ ဒီတော့ Shin Hye Sun တစ်ယောက် ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ထားခဲ့တဲ့ ရုပ်ရှင်ကား (၅) ကားအကြောင်းဖော်ပြပေးလိုက်ပါတယ်။
Stranger (1+2)
ရဲအရေး၊ နိုင်ငံ့အရေးနဲ့ ဒရာမာကိုရောထွေးပြီး အာဏာနဲ့ ရာထူးတွေကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးအတွက်အသုံးချနေတဲ့လူတစ်စုကို တရားရေးနဲ့အမိဖမ်းဖို့ ဘယ်လိုတွေကြိုးပမ်းကြမယ်ဆိုတာ ဒီကားထဲ ကြည့်ရမှာပါ။ Stranger ပထမကားကိုတော့ ၂၀၁၇ ခုနှစ်မှာ တစ်ကြိမ်ထွက်ခဲ့ပြီး ဒုတိယမြောက်ကားကိုတော့ ၂၀၂၀ မှ ထွက်လာခဲ့တာပါ။
Angel’s Last Mission: Love
၂၀၁၉ ခုနှစ်ကမှ ထွက်ထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါ။ တော်တော်လေး အောင်မြင်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ မင်းသား Kim Myung Soo ကိုတော့ ဒီကားထဲ နတ်ပြည်ကိုပြန်ဖို့ ခက်ခဲနေတဲ့ နတ်သားလေးတစ်ပါးအဖြစ် မြင်တွေ့ရမှာပါ။ နတ်ပြည်ကိုပြန်ဖို့အတွက် သူဟာ mission တစ်ခုကို လုပ်ရမှာပါတဲ့လေ။ အဲဒီ mission ကတော့ အချစ်ကိုမယုံကြည်တဲ့ ကောင်မလေးကို ချစ်တတ်လာအောင် သင်ပေးရမှာပဲဖြစ်ပါတယ်။
The Hymn of Death
မင်းသား Lee Jong Suk နဲ့ အတူတူတွဲပြီး သရုပ်ဆောင်ထားတဲ့ The Hymn of Death ဟာလည်း ပြဇာတ်နောက်ခံနဲ့ classic ဆန်ဆန်၊ တေးဂီတတွေနဲ့ ၁၉၂၆ ခုနှစ်မှာ ပထမဆုံး K-pop သီချင်းကို စဆိုခဲ့တဲ့ အကြောင်း ရိုက်ကူးထားခဲ့တာပါ။ ကြေကွဲရင်နင့်ဖွယ်ဇာတ်လမ်းလေးကို ကြည့်ရမှာဖြစ်ပါတယ်။
Innocence
ရှေ့နေ Jung အဖြစ် ပါဝင်ထားပြီးတော့ ထောင်ခြောက်အဆင်ခံရတဲ့ မိခင်ကို အပြစ်မရှိကြောင်း ကိုယ်တိုင်အမှုလိုက်ပေးတဲ့ ဇာတ်လမ်းလေးအကြောင်းကို နိုင်ငံရေးနဲ့ သားအမိကြားထဲက ခိုင်မြဲတဲ့ဆက်ဆံရေးအကြောင်းကို အခြေခံရိုက်ကူးပုံဖော်ထားတာပါ။ မိခင်နေရာမှာတော့ လက်ရှိ Mr. Queen ထဲ မယ်မယ်ကြီးအဖြစ်ပါဝင်ထားတဲ့ Bae Jong Ok က ပါဝင်ထားခဲ့ပါတယ်။
One Summer Night
One Summer Night ကတော့ ဇာတ်လမ်းတွဲမဟုတ်ဘဲ ၂၀၁၄ ခုနှစ်တုန်းက ထွက်ထားခဲ့တဲ့ တစ်ကားတည်းပြီး ရုပ်ရှင်ကားဖြသ်ပါတယ်။ သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာတရားတွေ၊ လူငယ်တွေကြားထဲဖြစ်ပေါ်တတ်တဲ့ မာန်မာနတွေအကြောင်းကို လေးလေးနက်နက်ရိုက်ပြထားခဲ့တာပါ။
penny