Kim Woobin နဲ့ သူမကြားက ဆက်ဆံရေးအ ကြောင်း ဖွင့်ပြောလာတဲ့ Shin Minah

Image;IG/ Kim Woobin & Shin Minah
Sponsored

Shin Minah  ကတော့  တောင်ကိုရီးယားရဲ့ နာမည်ကြီး မင်းသမီး တစ်ယောက်ပါ။ချစ်စရာ ကောင်းတဲ့ ပါးချိုင့် ပိုင် ရှင် မင်းသမီး လေး ဖြစ်ပြီး မော်ဒယ် မင်းသားချော Kim Woobin ရဲ့ ချစ်သူပါ။ Shin Minah ရဲ့ အသက်က တော့ (၃၆)နှစ်ဖြစ်ပြီး Kim Woobin ရဲ့ အသက်က တော့ (၃၁)နှစ်ပါ။အသက် (၅)နှစ်ကွာတဲ့ မ နဲ့ မောင် အတွဲ လေးပါ။နှစ်ယောက်သားကြားက Relationship က တော်တော် လေးကို ခိုင်မြဲ ပါတယ်။ Shin Minah   က တော့ သူမနဲ့ ချစ်သူ Kim Woobin တို့ ကြားက ဆက်ဆံရေး အ ကြောင်းကို ထုတ်ပြောခဲ့ပါ တယ်။ဒီအ ကြောင်းကိုတော့ kstarlive မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

곧!!

A post shared by 김우빈 kimwoobin (@kimwoob1607) on

Sponsored

Shin Minah က တော့ Kim Woobin အတွက် တော့ ဘေးက နေ အမြဲ အားပေးနေတတ်တဲ့ ချစ်သူ ကောင်းတစ်ယောက်ပါ။စက်တင်ဘာ (၁၇) ရက်နေ့ တုန်းက သူမရဲ့ ဇာတ်ကား Diva အတွက် promote လုပ် တဲ့ အင်တာဗျူးမှာ ချစ်သူ အ ကြောင်းကိုပါ ထုတ် ပြောခဲ့ပါတယ်။’Diva’ ဇာတ်ကားကိုတော့ စက်တင်ဘာ (၂၃) မှာ ပြသမှာပါ။ Shin Minah က ချစ်သူ Kim Woobin လည်း အကြာကြီး နားပြီး နောက် အနုပညာ အလုပ် တွေ ပြန် လုပ်ဖို့ ပြင်ဆင် နေပြီလို့ ပြောခဲ့ပါတယ်။သူမတို့ကြားက ဆက်ဆံ ရေး အ ကြောင်း ပြောတဲ့ အခါမှာတော့..

 

View this post on Instagram

 

#디바 최이영 호시절.

A post shared by Shinmina (@illusomina) on

 

View this post on Instagram

 

A post shared by 김우빈 kimwoobin (@kimwoob1607) on

တစ်ယောက်နဲ့ တစ်ယောက်အားပေးပြီး နေကြတဲ့ ဆက်ဆံ ရေး မျိုးလို့ ပြောခဲ့ပါတယ်။”ကျွန်မ တို့ နှစ်ယောက်က အလုပ် လည်း တူတယ်။တစ်ယောက်နဲ့ တစ်ယောက် အားပေးပြီး နေ ကြတယ်။အခုသူ လဲ အနုပညာ အလုပ် တွေ ပြန်လုပ်ဖို့ ပြင်ဆင် နေတယ်။သူအဆင် ပြေဖို့ ကျွန်မ ဆု တောင်းပါတယ်။ကျွန်မ တို့ နှစ်ယောက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အားပေးရင်း နေ နေကြပါတယ်..” လို့ ပြောခဲ့ ပါတယ်။ Kim Woobin က တော့ (၂၀၁၇) မေ လ တုန်းက nasopharyngeal ကင်ဆာ ရောဂါ ကြောင့် အနုပညာ အလုပ်တွေ က နေ ခဏ နားခဲ့ပါတယ်။တောက်လျောက် ကင်ဆာ ရောဂါ ကုထုံးတွေကို ခံယူ ခဲ့ပြီး နောက် နှစ်နှစ် လောက် အကြာမှာ ကျန်းမာ ရေးပြန် ကောင်းလာခဲ့တာပါ။သူတို့ စုံတွဲ က တော့ (၂၀၁၅) တည်းက တွဲလာ တာ ဒီနေ့ အထိ ပါ။

 

View this post on Instagram

 

#디바 최이영선수

A post shared by Shinmina (@illusomina) on

 

View this post on Instagram

 

많은 사랑~~!!!!❤️🙏🏻

A post shared by 김우빈 kimwoobin (@kimwoob1607) on

#AUNTYMAY

sponsored