YouTube ရဲ့ Gold Play Button ကို ရတဲ့ ပထမဆုံး ကိုရီးယား မင်းသမီး Shin Se Kyung

Image:IG/ Shin Se Kyung
Sponsored

Shin Se-kyung ကေ တာ့ မင်းသမီး၊မော်ဒယ်၊အဆိုတော် တစ်ယောက်ပါ။မြန်မာပရိသတ်တွေနဲ့ ရင်းနှီး ပြီးသား အနုပညာရှင် တစ်ယောက်ပါ။ကလေးသရုပ်ဆောင်ဘ၀ နဲ့ အနုပညာလောကထဲကို စတင် ၀င် ရောက်လာ ခဲ့သူပါ။၂၀၀၉ က ထွက်ခဲ့တဲ့ High Kick Through the Roof နဲ့ ပရိသတ်တွေ ကြားမှာ စပြီး လူသိများခဲ့ သူပါ။အသက် ၃၀ ရှိေ န တဲ့ Shin Se-kyung က တော့ လက်ရှိမှာ ကိုရီးယားရဲ့ နာမည်ကြီး မင်းသမီးတွေ ထဲက တစ်ယောက် ဖြစ်လာ ခဲ့ပါတယ်။သူ မက တော့ ပြီးခဲ့တဲ့ရက်က YouTube ရဲ့ Gold Play Button ကို ရခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ zapzee.net မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by 신세경 (@sjkuksee)

Sponsored

Shin Se Kyung က တော့ YouTube ရဲ့ Gold Play Button ကို ရတဲ့ ပထမဆုံး ကိုရီးယား မင်းသမီး ကပါ။ရလာတဲ့ Gold Play Button ကို unboxing လုပ်တဲ့ video ကို ပါ သူမရဲ့ အကောင့်မှာ ဝေမျှ ပေးခဲ့ပါတယ်။ Gold Play Button နဲ့အတူ တွဲ ရိုက်ထားတဲ့ ပုံကိုလည်း သူမရဲ့ Instagram မှာ ဝေမျှ ခဲ့ပါတယ်။Caption မှာ တော့ “Unboxing YouTube’s Gold Play Button.” ဆိုပြီး ရေး ထားပါတယ်။ YouTube channel မှာ က တော့ “Untidy Gold Play Button Unboxing” ဆိုပြီး Gold Play Button ကို ဖွင့် ဖောက် ကြည့်တဲ့ ဗီဒီယို ဖိုင်ကို တင်ထားပါတယ်။

 

View this post on Instagram

 

A post shared by 신세경 (@sjkuksee)

Shin Se Kyung က တော့ ပြီးခဲ့တဲ့ မေလ တုန်းက YouTube မှာ subscribers တစ်သန်း ပြည့်သွားခဲ့ပါတယ်။ သူမက တော့ အခုလို မျိုး တစ်သန်း ပြည့်တဲ့ ပထမဆုံး ကိုရီးယား မင်းသမီးပါ။အဲ့ဒီနောက်မှာတော့ နောက်ထပ် ၉ သောင်း ထပ် တိုး လာခဲ့ပါတယ်။သူမ အခု တင်ထားတဲ့ နှစ်မိနစ်ကြာ ဗီဒီယိုဖိုင် ထဲမှာတော့.” Gold Play Button ဘူးကို ရထားတာ ကြာပါပြီ။

 

View this post on Instagram

 

A post shared by 신세경 (@sjkuksee)

ဒါပေမယ့် ဖွင့် ဖောက်ဖို့ အချိန် မရ ခဲ့လို့ အခုမှ ဖောက်ရတာပါ။ဒါက တန်ဖိုး ဖြတ်လို့ မရတဲ့ အရာ တန်ဖိုးကြီး ပစ္စည်း လို့ ကျွန်မ ထင်တယ်။လူတွေ အများကြီး ကျွန်မကို ဂုဏ်ပြု စ ကားပြောခဲ့ ကြတယ်။ YouTube က နေ လူတွေ နဲ့ Communicate လုပ်ချင်တဲ့ ကျွန်မရဲ့ အိမ်မက် ပြည့်ဝသွားပြီလို့ ထင်တယ်…” ဆိုပြီး ပြော ခဲ့ပါတယ်။

READ
လက်တွေ့ဘ၀နှင့် လူမှုကွန်ရက်ဘဝကို ဘယ်လိုညီမျှအောင်ထိန်းမလဲ

Shin Se Kyung ရဲ့ ဒရမ်မာ စီးရီးသစ် မကြာခင်မှာ ပြသ ဖို့ ရှိပါတယ်။ JTBC ရဲ့ Run On ဆိုတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကား မှာတော့ Im Si-wan, Shin Se-kyung, Choi Soo-young ၊ Kang Tae-oh တို့ ပါဝင် ထားကြပြီး လာမယ့် ဒီဇင်ဘာ ၁၆ မှာ ပြသ တော့မှာပါ။

 

View this post on Instagram

 

A post shared by 신세경 (@sjkuksee)

#AUNTYMAY

sponsored