လေ့ကျင့်ရေးကာလအပြီးမှာ ထူးချွန်တဲ့တပ်သားအဖြစ် ဆုပါရရှိခဲ့တဲ့ SHINeeအဖွဲ့ဝင် Minho

Sponsored

SHINeeအဖွဲ့ဝင် Minho ကတော့ဧပြီလ ၁၅ ရက်နေ့မှာ မရိန်းတပ်မှာ စစ်မှုထမ်းဆောင်ဖို့အတွက် အခြေခံလေ့ကျင့်ရေးတွေကို လေ့ကျင့်သင့်ကြားခဲ့ပြီးနောက်မှာတော့ မေလ ၂၃ ရက်နေ့မှာ သူရဲ့ လေ့ကျင့်ရေးကာလ ပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။ လေ့ကျင့်ရေးပြီးဆုံးတဲ့ အခမ်းအနားမှာတော့ Minho ရဲ့ လည်ပင်းမှာ ဆုတံဆိပ်လေးဆွဲထားတာကို တွေ့ကြမှာပါ။

Sponsored

Minho ကတော့ လေ့ကျင့်ရေးကာလမှာ ထူးချွန်တဲ့အတွက်ကြောင့် ထူးချွန်တပ်သားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဘာကိုမဆို အမြဲတမ်း တက်တက်ကြွကြွနဲ့ ကြိုးစားတဲ့ Minho ကတော့ လေ့ကျင့်ရေးပြီးဆုံးတဲ့ အခမ်းအနားမှာလည်း ရှေ့ဆုံးတန်းမှာ ရှိနေတာကို တွေ့ရမှာပါ။

Minho ကတော့ သူရဲ့ စစ်မှုထမ်းတာဝန်ကို ‘Sea Dragon’ ဆိုတဲ့ တပ်ခွဲမှာ ထမ်းဆောင်မှာဖြစ် ခြေလျင်တပ်သားအဖြစ် တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

READ
fans တွေရဲ့ လှောင်ပြောင်တာ ခံနေရတဲ့ Kai

Source: Kstarlive

sponsored