လူတစ်ယောက်ရဲ့ အရေးအကြီးဆုံး ဖက်ရှင်တွေထဲမှာ ဖိနပ်ကလည်း ပါဝင်နေပါတယ်နော်။ ဘယ်လောက်ပဲ ဖက်ရှင်ကျကျ အမိုက်စားဝတ်စားထားပါစေ ဖိနပ်က စုတ်ပြတ်နေရင်တော့ ဘယ်လိုမှ ကြည့်လို့လှမှာမဟုတ်သလို ဖက်ရှင်ကျတယ်လို့လည်း သတ်မှတ်ခံရမှာ မဟုတ်ပါဘူး။ ဒီတော့ မိန်းကလေးတိုင်းဆီမှာ ရှိနေသင့်တဲ့ ဖိနပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
White sneakers
View this post on Instagram
အဖြူရောင် sneakers လေးတစ်ရံကတော့ မိန်းကလေးတစ်ယောက်အတွက် မရှိမဖြစ်တဲ့ ဖိနပ်အမျိုးအစားပဲ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်သလို ဘောင်းဘီ၊ စကတ်၊ ဂါဝန် စတဲ့ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို တွဲဖက်ဝတ်ဆင်လို့ရတဲ့ ဖက်ရှင်ကျလှတဲ့ ဖိနပ်အမျိုးအစားပဲ ဖြစ်ပါတယ်။
Black booties
View this post on Instagram
စတိုင်လ်မိမိနဲ့ အမိုက်စား ဖက်ရှင်တွေအတွက်ဆိုရင် အမည်းရောင်ဘွတ်ဖိနပ်လေး တစ်ရံကတော့ လိုကိုလိုအပ်ပါတယ်နော်။ ခပ်မိုက်မိုက် ဒီဇိုင်းလေးတွေနဲ့ အပြတ်ဂေါ်နေစေမယ့် black booties လေးတွေက ဖက်ရှင်ကျကျ ဝတ်ဆင်ဖို့ အကောင်းဆုံး ဖိနပ်တွေထဲမှာ ပါဝင်ပါတယ်။
Classic loafers
View this post on Instagram
ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာအဆင်ပြေတဲ့ သားရေပျော့ loafers ဖိနပ်လေးတွေကလည်း မိန်းကလေးတစ်ယောက်မှာ ရှိထားသင့်တဲ့ ဖိနပ်လေးတွေပဲ ဖြစ်ပါတယ်နော်။
Slide sandals
View this post on Instagram
ရာသီမရွေး ဝတ်ဆင်လို့ရတဲ့ sandals ဖိနပ်တွေက ဖက်ရှင်ကျသလို လူငယ်ဆန်ပြီး ပေါ့ပါးမှုကို ပေးပါတယ်။
Heels
View this post on Instagram
မိန်းကလေးတစ်ယောက်အတွက် မရှိမဖြစ်တဲ့ ဒေါက်မြှင့်ဖိနပ်တွေကတော့ လုံးဝချန်ထားခဲ့လို့ မဖြစ်တဲ့အထဲမှာ ပါဝင်နေပါတယ်နော်။ မိန်းကလေးတစ်ယောက်ဟာ ဒေါက်မြှင့်ဖိနပ်လေးစီးလိုက်ရုံနဲ့ ပိုစမတ်ကျသွားသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုရှိသွားပါတယ်။
Khin