လူငယ်ဘဝမှာ တစ်ခါလောက် ညှပ်ဖူးကြည့်သင့်တဲ့ ဆံပင်အတို ပုံစံများ

Photo by Alex Dugquem from Pexels
Sponsored

မိန်းကလေးတွေက ဆံပင်နဲ့ ပတ်သတ်ရင် သိပ်ကို တန်ဖိုးထားတတ်ကြပါတယ်။ ဆံပင်ပုံစံအမျိုးမျိုးကို စိတ်ဝင်စားလေ့ ရှိပေမယ့် မိန်းကလေး အများစုကတော့ ဆံပင်ရှည်ကိုပဲ ပုံစံအမျိုးမျိုး ပြုလုပ်တတ်ကြတာပါ။ ဆံပင်အတိုကို ကြိုက်ရင်တောင်မှ ဆံပင်ရှည်ကို နှမြောတာနဲ့ မညှပ်ဖြစ်တတ်ကြပါဘူး။ တကယ်တော့ ဆံပင်က အမြဲ ရှည်နေတာပါ။ အတိုညှပ်လိုက်လို့ ဆံပင်အရှည် ပြန်မရမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူငယ်ဘဝမှာတော့ ဆံပင်အတိုကို တစ်ခါလောက် ညှပ်ကြည့်သင့်ပါတယ်။

(၁) အတို

Sponsored

လုံးဝ အတို ပုံစံမျိုးကလည်း မိတယ် မိုက်တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်အောင် သင့်ကို ပြောင်းလဲ ပေးနိုင်ပါတယ်။ သင့်ကိုယ်သင်တောင် သတိမထားမိတဲ့ အလှတွေ ထွက်လာနိုင်တဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။

Photo by Streetwindy from Pexels

(၂) မတိုမရှည်

READ
ဆံပင်နဲ့ဦးရေပြားထဲက အဆိပ်တွေအားလုံးကို ထုတ်ပေးမယ့် အိမ်တွင်းနည်းလမ်းများ

မတိုမရှည် ပုံစံလေးတွေက မိန်းကလေးဆန်တဲ့ ပုံစံမျိုးကိုလည်း ဖြစ်စေသလို Boy ဆန်တဲ့ ကောင်မလေး ပုံစံဖြစ်အောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ တစ်ခေါက်လောက်တော့ ညှပ်ကြည့်သင့်တဲ့ ပုံတစ်ခုပါပဲ။ ဆံပင်ရှည်ကို နှမြောတဲ့သူတွေ ရွေးသင့်ပါတယ်။

Photo by Min An from Pexels

(၃) လူငယ်ပုံစံ

ဂုတ်အနားတစ်ဝိုက်လေးကို ခပ်ဝဲဝဲလေး ညှပ်တဲ့အခါ သင့်ကို ပိုပြီး ငယ်စေတဲ့ပုံ ပေါက်စေပါတယ်။ ဒီလို ပုံစံကြောင့် ဆယ်ကျော်သက်လေးလို နုပျိုမှုကို ပြန်ပြီး ခံစားနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ရဲ့ လွတ်လပ် ပေါ့ပါးမှုကိုလည်း ခံစားရမှာပါ။

Photo by Christian Diokno from Pexels

(၄) ချစ်စရာပုံစံ

ဆံပင်အတိုကိုမှ ရှေ့ဆံမြိတ်လေး ချတာမျိုးကို နဖူးကျယ်တဲ့သူတွေ ရွေးချယ်သင့်ပါတယ်။ ချစ်စရာလည်း ကောင်းသလို မိန်းမလေးဆန်စေပြီး နုပျိုတဲ့ အသွင်ကို ရစေတဲ့ ပုံစံမျိုးလည်း ဖြစ်ပါတယ်။

READ
အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်တွေ ညှပ်ထုတ်ပစ်ဖို့ မလိုဘဲလုံးဝပြန်ကောင်းသွားစေမယ့်နည်းလမ်းများ
Photo by Thiều Hoàng Phước from Pexels

(၅) အတိုအကောက်

ဆံပင်အတိုကိုမှ လှိုင်းပုံစံ အတွန့်လေးတွေနဲ့ဆို ဒီတိုင်းထားလည်း လှသလို တစ်ဝက်စီးရင်လည်း ချစ်စရာ ကောင်းနေပါတယ်။ ကိုယ့်ကို ပုံစံတစ်မျိုး ဖြစ်အောင် ပြောင်းပေးနိုင်လို့ ဒါလည်း လုပ်ကြည့်သင့်ပါတယ်။

Photo by cottonbro from Pexels

Kham

 

sponsored