ရန်ဖြစ်တဲ့ အခန်းက ကြမ်းတမ်းလွန်းတယ်လို့ ဝေဖန်ခံ နေရတဲ့ အပေါ် ရွှေထူး ဖြေရှင်း

Image:Fb/Shwe Htoo
Sponsored

ရွှေထူနဲ့ ရွှေမှုံရတီ တို့ က တော့ ရွှေနှစ်ရွှေ ဆိုပြီး ပရိသတ် ကြားမှာ နာမည်ကြီးတဲ့ အနုပညာရှင် ဇနီး မောင်နှံပါ။နှစ်ေ ယာက် အတူ တွဲပြီး ဂီတ တွေ ပါ အတူ ဖန်တီး လာတာကိုလည်း တွေ့ ရပါတယ်။သူတို့နှစ်ယောက် အတူ သီဆို ပါဝင် သရုပ်ဆောင်ထားတဲ့ မိုးစက်များက ပြောသော သီချင်း က တော့ MV နဲ့ တကွ ဇူလိုင် (၁၂) ရက်ေ န့က ထွက်ရှိလာ ခဲ့ပါတယ်။ထွက်ရှိပြီး ခဏ လေး အတွင်းမှာ ပဲ ကြည့်တဲ့ သူ သန်းနဲ့ ချီပြီး ရှိခဲ့ပါတယ်။ဒါပေမယ့် MV ထဲ က ရန် ဖြစ်တဲ့ အခန်းနဲ့ ပတ်သက်ပြီး ဝေဖန် မှု တွေ ထွက်ပေါ် ခဲ့ပါတယ်။အရမ်းကြမ်း လွန်းတယ်ဆိုပြီး ဝေဖန် ခဲ့တာပါ။ အခုလို ဝေဖန် မှု နဲ့ ပတ်သက်ပြီး ရွှေထူးက သူ့ရဲ့ FB မှာ အခုလို ပြန် ဖြေရှင်းခဲ့ပါတယ်။

Image:Fb/Shwe Htoo

ရန်ဖြစ်တဲ့အခန်းကြီးပဲ ဘာလို့ကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြလဲဆိုတော့… ရုပ်ရှင်ထဲမှာဆို ဆင်ဆာ ထိလောက်မယ်ဗျ…ဒါမျိုးတွေက…Music Video ထဲမှာ ရန်ဖြစ်တဲ့အကြောင်းအရာကိုကြည့်ပါ… Anniversary ပျော်ရမယ့်နေမှာရန်ဖြစ်တာ… အဲ့ထက်ပေါ့ပါးတဲ့ပြသနာတွေနဲ့ ကြီးကြီးကျယ်ကျယ်ရန်ဖြစ်နေတဲ့ အတွဲတွေလည်းအ​​ပြင်မှာအများကြီးပါ…ဒီ Music Video ထဲကထက် ရိုင်းတဲ့အတွဲတွေလည်းအများကြီးပါ… အထူးသဖြင့်လူငယ်တွေ ပိုများတာပေါ့ ငယ်တော့စိတ်မြန်တယ်… အမှားပိုများကြတယ်… စကားပိုများကြတယ်… မာနပိုထားကြတယ်…

Sponsored

( ယဥ်ယဥ်ကျေးကျေး အေးအေးဆေးဆေး
ရန်ဖြစ်တတ်တဲ့အတွဲတွေတော့မပါဘူးပေါ့ဗျာ ) 😁

Image:Fb/Shwe Htoo

ကောင်မလေးမှာလည်း ဝမ်းနည်းဒေါသတွေနဲ့စောင့်နေတဲ့အချိန်… ကောင်လေးကလည်း အပြင်မှာအလု ပ်တွေပင်ပန်းလာတာရှိမယ်… စိတ်ရှုပ်လာတာတွေရှိမယ်… Music Video ကိုသေချာကြည့်ပါ… ဘာမဟုတ်တဲ့ပြသနာနဲ့အကြီးအကျယ်စကားတွေများ ဆဲဆိုပြီး လက်တွေပါ… ရိုက်ရဲရင် ရိုက်ကြည့် စိန်ခေါ်… တကယ်ကိုဘာမှမဟုတ်တဲ့ပြသနာပါ… တစ်ယောက်ယောက်လျော့ရင် အဆင်ပြေသွားနိုင်ပေမယ့်…

READ
မဖြစ်မနေသွားသင့်တဲ့ ခရီးထွက်လို့အကောင်းဆုံးနှင့် အလှဆုံးသော နေရာများ
Image:Fb/Shwe Htoo

နှစ်ဖက်လုံးမလျှော့ကြဘူးလေ…တစ်ချို့တွေသဘောပေါက်နားလည်ကြပေမယ့် တစ်ချို့တွေအတွက်ကျ ကြည့်ရတာအရမ်းအကျည်းတန်နေပါလိမ့်မယ်… မတတ်နိုင်ဘူးလေ…အပြင်မှာ အရမ်းချစ်ကြတဲ့
အတွဲတွေ ဒီလိုရန်ဖြစ်ကြတယ် ဒီ့ထက်ပိုဆိုးကြတယ်ဆိုတာ အမှန်တရားပဲ … ( ဒီလို ပုံစံမျိုးနဲ့ Music Video တင်ဆက်ပေးတာကို ဘဝင်မကျကြတဲ့မိဘပြည်သူအချို့ကိုလည်းတောင်းပန်ပါတယ်ခင်ဗျာ )

Shwe Htoo x Shwe Hmone Yati – Moe Sat Myar Ka Pyaw Thaw (Official Music Video)

Shwe Htoo x Shwe Hmone Yati – Moe Sat Myar Ka Pyaw Thaw (Official Music Video)မိုးရေထဲမှာ တစ်စုံတစ်ယောက်ကို လွမ်းဖူးလား… ?Composer – Shwe HtooGuitar – Thawing LinnMusic & Mixing – TimmyDirected by Jason Slip x Phwint Theingi ZawArt Director – The_alphabet_TDOP – Pk Min Chit ThuGaffer – Ar NoeYoutube Link – https://youtu.be/z01KHj7PcLQJOOX Link – https://joox.page.link/kXDPcK#မိုးစက်များကပြောသော… #AVENUE_J

Posted by Shwe Htoo on Sunday, July 12, 2020

Music Video မှာ ကျွန်တော်တို့ပေးချင်တာကတော့…အရမ်းချစ်ကြတဲ့အတွဲအတော်များများကိုကြည့်လိုက်…
ရန်အကြီးအကျယ်ဖြစ်လို့ စကားတွေများကြလို့ ဘာပြသနာနဲ့ဖြစ်တာလဲဆိုရင်…ဥပမာ – ဖုန်းမဆက်လို့…Message မပို့လို့…စသဖြင့်ပေါ့ဗျာ… ဘာမှမဟုတ်ဘူး…အဲ့ဒီဘာမှမဟုတ်တာကပဲ ပြသနာအကြီးအကျယ်တက်ကြတာ… အရမ်းလည်းချစ်ကြပြီး ပြသနာတက်တော့လည်းဘာမဟုတ်တာလေးနဲ့ စကားတွေများ ရန်တွေဖြစ်… စကားနာထိုး… ရွဲ့စောင်း… ဆဲဆို…နာကျင်အောင်ပြော… မာနတွေထား… ပြေပြေလည်လည်ပြောလို့ရလဲ မပြောကြ… လက်တွေပါ… နောက်ဆုံး အရမ်းချစ်ရက်နဲ့ လမ်းခွဲသွားရတယ်…အဲ့တာဘာကြောင့်လို့ထင်လဲ… ??? ကျွန်တော်ရေးထားတာလိုအပ်ချက်များရှိရင်လည်း… ကိုယ့်ထင်မြင်ချက်လေးတွေ ဝင်ရေးသွားကြပါဦးဗျို့…
ကျွန်တော်အနုပညာပိုင်းနဲ့ပက်သက်လို့လည်းအများကြီးကြိုးစားပါဦးမယ်ခင်ဗျာ…ဘယ်လိုမှအဆင်မပြေရင်လမ်းခွဲပါ… အမုန်းနဲ့လမ်းမခွဲပါနဲ့… အချစ်နဲ့ပဲလမ်းခွဲပါ…P.S ဒီPostက သိတဲ့လူတွေအတွက်မဟုတ်ပါခင်ဗျာ…လေးစားလျက်ရွှေထူး ………………” ဆိုၿပီး ရွှေထူးက ပြန် ဖြေရှင်း ထားပါ တယ်။

READ
ကလေးအဖေဖြစ်တော့မယ့် ကောင်းကောင်း

Source:Fb/Shwe Htoo

 

sponsored