သင့်ကို သူလုံးဝမချစ်တော့ဘူးဆိုတာ သက်သေပြနေတဲ့ အပြုအမူ (၅) ခု

Freepik- freepik
Sponsored

လူ့စိတ်ဆိုတာ ခန့်မှန်းရခက်သလိုပဲ အပြောင်းလဲလည်း လွယ်တတ်ပါတယ်။ အထူးသဖြင့် အချစ်စိတ်တွေမှာပေါ့။ လူတစ်ယောက်နဲ့တစ်ယောက် ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာတရားတွေဟာ ဆန်းကျယ်သလိုပဲ အဲဒီချစ်ခြင်းတရားတွေ ပျောက်ကင်းသွားဖို့ဆိုတာလည်း သိပ်လွယ်ကူလှပါတယ်။ ဒါဆိုရင် သင့်ချစ်သူဟာ သင့်အပေါ်မှာ အချစ်စိတ်တွေ ကုန်ခမ်းနေပြီလားဆိုတာ ဒီအချက် ၅ ချက်နဲ့ စမ်းစစ်ကြည့်လိုက်ရအောင်။

(၁) အားမထုတ်တော့ဘူး

Sponsored

သင်တို့နှစ်ယောက်ကြားမှာ ပြဿနာဖြစ်လာတာပဲဖြစ်ဖြစ် အရင်လို ပြန်အဆင်ပြေအောင် ငြှိနှိုင်းတော့မှာမဟုတ်ဘဲ ဒီတိုင်း ပစ်ထားပါလိမ့်မယ်။ ဒါမှမဟုတ် သင်နဲ့အတူတူရှိနေဖို့အတွက် ဘယ်လိုအားထုတ်မှုမျိုးကိုမှ မလုပ်တော့ပါဘူး။ အရမ်းသိသလာပါလိမ့်မယ်။

Freepik- freepik

(၂) ရင်ဘတ်ချင်းမရင်းနှီးကြတော့ဘူး

သင်နဲ့သူနဲ့ အရင်တုန်းက ပုံမှန်လေးတွေ့မယ်၊ သူနဲ့ကိုယ်နဲ့ စကားလုံးတွေနဲ့ မဖော်ပြဘဲနဲ့ မျက်လုံးအကြည့်နဲ့တောင်မှပဲ ဘာပြောသလဲ နားလည်နေမယ်ပေါ့လေ။ ဒါပေမဲ့လည်း အခုနောက်ပိုင်း အဲလိုတွေ မရှိတော့ပါဘူး။ အမြဲတမ်း ဘုနဲ့ဘောက်ပြောနေမယ်၊ စိတ်သဘောထားချင်းတွေ လွဲနေမယ်ဆိုရင် သေချာနေပါပြီ။

READ
အချစ်ဆုံး သူငယ်ချင်းကောင်းဆိုတာ ဒီအချက်တွေနဲ့ ဘယ်လိုမှ ခွဲထားလို့မရဘူး

(၃) သင့်ကိုအချိန်သိပ်မပေးတော့ဘူး

အရင်လိုတွေ့နေကျမဟုတ်ဘဲနဲ့ သင့်ထက် သူ့သူငယ်ချင်းတွေကို ပိုအချိန်ပေးနေမယ်၊ အားလည်းပဲ မအားဘူးဆိုပြီး ပြောကာ သင့်ကိုရှောင်ဖယ်နေပါလိ့မ်မယ်။ လူတွေက ကိုယ်မချစ်တော့တဲ့လူနဲ့ နည်းနည်းလေးတောင် ဟန်ဆောင်ပြီး မချစ်ပြနိုင်ကြတော့ပါဘူး။

Freepik- wayhomestudio

(၄) အနာဂတ်အကြောင်းတစ်ခွန်းမှမဟတော့ဘူး

တကယ်ချစ်တဲ့လူဟာ သင်နဲ့ပတ်သက်ပြီးတော့ အမြဲတမ်း သေချာတဲ့အနာဂတ်ရှိအောင် အမြဲတမ်းကြိုးစားနေသူပါ။ သင်နဲ့လည်း အနာဂတ်အကြောင်းတွေ အမြဲတမ်း တိုင်ပင်ဆွေးနွေးပြီး အကြံတွေတောင်းပြီးတော့ နီးနီးကပ်ကပ်နေလာရင်းနဲ့မှ ရုတ်တရက်ဆိုသလို အနာဂတ်အကြောင်းကို လုံးဝမပြောတော့ပါဘူး။

(၅) အမြဲတမ်းရန်မဖြစ်ဖြစ်အောင်လုပ်နေတယ်

သင့်ကို မချစ်ပေမယ့်လည်း လမ်းခွဲရမှာ အားနာတာ၊ သနားတာတွေကြောင့် သင့်ကိုပြတ်ဖို့အတွက် တွန့်ဆုတ်နေတတ်ပါတယ်။ ဒါကြောင့် ရန်မဖြစ်ဖြစ်အောင် လုပ်မယ်၊ ရန်ရှာမယ်၊ ပြဿနာတွေရှာမယ် စသဖြင့် လုပ်တတ်ကြပါတယ်။

Freepik- ther

penny

sponsored