သူ႕မွာ ခ်စ္သူရွိေနတယ္ဆိုတာ ရိပ္မိသိရွိႏုိင္ေစမယ့္ အခ်က္မ်ား

Sponsored

( Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

 

Sponsored

တကယ္လုိ႔ သင္နဲ႔ နီးစပ္ဖုိ႔ ႀကိဳးစားေနသူတစ္ေယာက္ေယာက္မွာ သင္မသိေအာင္ လွ်ိ္ဳ႕၀ွက္ထားတဲ့ ရည္းစား သို႔မဟုတ္ အိမ္ေထာက္ဘက္ ရွိေနတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ဒါကို သင္ သတိမထားမိဘူးဆုိရင္ သင့္ဘက္က ခံရဖုိ႔သာ ရွိပါတယ္။ ကုိယ့္ကို နီးစပ္ေအာင္ ႀကိဳးစားေနတဲ့သူမွာ ေအာက္ပါအခ်က္ေတြနဲ႔ တုိက္ဆုိင္ေနရင္ သင္ သူ႕ကုိ မေမွ်ာ္လင့္သင့္ေတာဘူးလုိ႔ Aunty May မွ အႀကံျပဳခ်င္ပါတယ္။ ကိုယ့္ခ်စ္သူမွာလည္း ဒီလိုအခ်က္ေတြျဖစ္ေနရင္ သင္သတိထားသင့္ပါၿပီ။

(၁) သင္နဲ႔ ရွိေနခ်ိန္ ဖုန္းေျပာစရာကိစၥရွိရင္ ခပ္လွမ္းလွမ္းမွာ သြားေျပာေလ့ရွိတယ္

သူနဲ႔ သင္နဲ႔ အတူူတူ ရွိေနတဲ့အခါ သူ႕အဆက္ဆီကေန ဖုန္း၀င္လာတဲ့အခါမ်ိဳးမွာ သင့္အနီးအနားမွာ ဖုန္းမေျပာေသးဘဲ ခပ္လွမ္းလွမ္းကို ဖုန္းသြားေျပာတာမ်ိဳး သင္ ခဏခဏ သတိထားမိတယ္ဆုိရင္ ဒါ သူ႕ဘက္က မ႐ုိးသားမႈပါဘဲ။

(၂) ဖုန္းေခၚတုိင္း စက္ပိတ္ထားေလ့ရွိတယ္

တစ္ခ်ိဳ႕ ေပြတတ္႐ႈပ္တတ္သူေတြဟာ ဖုန္းကတ္ဆုိရင္လည္း သုံးကတ္ေလးကတ္ သုံးေလ့ရွိပါတယ္။ ဆုိရွယ္အေကာင့္ သုံးေလးခုေလာက္နဲ႔ ပတ္ေမႊေနတတ္ပါတယ္။ သူတုိ႔နဲ႔ ဖုန္းေျပာဖုိ႔ မက္ေဆ့ပုိ႔ဖုိ႔ ညေန ဘယ္အခ်ိန္ စသျဖင့္ သီးျခား သတ္မွတ္ေလ့ရွိတယ္ဆုိရင္ သူ႕ ေနာက္ကြယ္မွာ သင္ မသိေအာင္ ႐ႈပ္ထားတဲ့ ဇာတ္ေတြ အမ်ားႀကီးပါဘဲ။

(၃) သူ႕သူငယ္ခ်င္းေတြ၊ မိဘေတြနဲ႔ မိတ္ဆက္မေပးဘူး

မ႐ုိးသားသူေတာ္ေတာ္မ်ားမ်ားကေတာ့ သူတုိ႔ မ႐ုိးသားမႈေတြကို အစီအစဥ္တက် ေဖာ္ထုတ္ႏုိင္သူေတြနဲ႔ သင့္ကုိ မိတ္ဆက္ေပးမွာ မဟုတ္ပါဘူး။ အထူးသျဖင့္ မိဘေတြ၊ သူငယ္ခ်င္းေတြနဲ႔ဆုိ မိတ္ဆက္ေပးဖုိ႔ အတင့္ရဲမွာ မဟုတ္ပါဘူး။ သူငယ္ခ်င္းေတြထဲမွာဆုိ ဖုံးဖုံးဖိဖိ ဖာဖာေထးေထး ေျပာေပမယ့္သူမ်ိဳးနဲ႔ဆုိရင္ေတာ့ မိတ္ဆက္ေပးေကာင္း ေပးႏုိင္ပါ တယ္။ ေအာင္သြယ္ေတာ္ သေဘာမ်ိဳးေပါ့။

(၄) သူ႕အေၾကာင္းကို လွ်ိဳ႕၀ွက္ထားတယ္

သူရဲ႕ လူမႈေရးဆုိင္ရာ အခ်က္အလတ္ေတြကုိ ပုိပုိသာသာ ေျပာတာပဲျဖစ္ျဖစ္၊ အျဖစ္အမွန္ကို ဖုံးကြယ္တာပဲျဖစ္ျဖစ္၊ ေျပာသင့္တာကို မေျပာပဲ ခ်န္ထားတာမ်ိဳးပဲ ျဖစ္ျဖစ္ သင္ ရိပ္မိသိရွိခဲ့ရင္၊ သတိထားရမယ့္ လူဆုိတာ ေသခ်ာပါတယ္။

READ
ခ်စ္သူကို ဘယ္ေလာက္ခ်စ္ခ်စ္ မိန္းကေလးေတြ လံုးဝ ခြင့္မလႊတ္ႏိုင္ေသာ အခ်က္မ်ား
(၅) ပိတ္ရက္ေတြဆုိ မအားဘူး

အမွန္ဆုိ ပိတ္ရက္ေတြမွာ သင့္ကို ဦးစားေပးတဲ့သူဆုိရင္ေတာ့ ဘယ္ကုိ ခ်ိန္းခ်ိန္း လာမွာပါဘဲ။ ဒါေပမယ့္ အေမႊဇယား ရွိသူေတြဟာ ဒီရက္ေတြမွာ အဓိက လႈပ္ရွားေလ့ရွိၾကတာမုိ႔ သင့္ကို အခ်ိန္ပုိင္းေလာက္သာ ဦးစားေပးတာမ်ိဳးလားဆုိတာ သင့္ဘာသာ ေ၀ဖန္ ပုိင္းျခားတတ္ဖုိ႔ လုိပါတယ္။

(၆) အမ်ိဳးသမီးေတြ သုံးတဲ့ ေရေမြးနံ႔လုိမ်ိဳး သူ႕ဆီက ရတဲ့အခါ

ေယာက္်ားေတြ ေတာ္ေတာ္မ်ားမ်ားက အေမြးနံ႔သာ သုံးေလ့မရွိပါဘူး။ သုံးရင္လည္း ေတာ္ေတာ္မ်ားမ်ား သုံးေလ့ရွိတဲ့ Brand ကုိသာ ခပ္လြယ္လြယ္ လုိက္သုံးတတ္ၾကပါတယ္။ သူ႕ဆီမွာ ဒီလုိအနံ႔မ်ိဳးမဟုတ္ဘဲ မိန္းကေလးေတြ သုံးတဲ့ ေရေမြး၊ ေပါင္ဒါ၊ ႏႈတ္ခမ္းနီအစြန္းအထင္း စတဲ့ အမွတ္အသားေတြဟာ သင့္ကုိ မ်က္ရည္က်ေအာင္ လုပ္မယ့္ လူတစ္ေယာက္ရဲ႕ လကၡဏာေတြ ျဖစ္ပါတယ္။

 


[Unicode version]

သူ့မှာ ချစ်သူရှိနေတယ်ဆိုတာ ရိပ်မိသိရှိနိုင်စေမယ့် အချက်များ

 

တကယ်လို့ သင်နဲ့ နီးစပ်ဖို့ ကြိုးစားနေသူတစ်ယောက်ယောက်မှာ သင်မသိအောင် လျှိ်ု့ဝှက်ထားတဲ့ ရည်းစား သို့မဟုတ် အိမ်ထောက်ဘက် ရှိနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကို သင် သတိမထားမိဘူးဆိုရင် သင့်ဘက်က ခံရဖို့သာ ရှိပါတယ်။ ကိုယ့်ကို နီးစပ်အောင် ကြိုးစားနေတဲ့သူမှာ အောက်ပါအချက်တွေနဲ့ တိုက်ဆိုင်နေရင် သင် သူ့ကို မမျှော်လင့်သင့်တောဘူးလို့ Aunty May မှ အကြံပြုချင်ပါတယ်။ ကိုယ့်ချစ်သူမှာလည်း ဒီလိုအချက်တွေဖြစ်နေရင် သင်သတိထားသင့်ပါပြီ။

(၁) သင်နဲ့ ရှိနေချိန် ဖုန်းပြောစရာကိစ္စရှိရင် ခပ်လှမ်းလှမ်းမှာ သွားပြောလေ့ရှိတယ်

သူနဲ့ သင်နဲ့ အတူူတူ ရှိနေတဲ့အခါ သူ့အဆက်ဆီကနေ ဖုန်းဝင်လာတဲ့အခါမျိုးမှာ သင့်အနီးအနားမှာ ဖုန်းမပြောသေးဘဲ ခပ်လှမ်းလှမ်းကို ဖုန်းသွားပြောတာမျိုး သင် ခဏခဏ သတိထားမိတယ်ဆိုရင် ဒါ သူ့ဘက်က မရိုးသားမှုပါဘဲ။

(၂) ဖုန်းခေါ်တိုင်း စက်ပိတ်ထားလေ့ရှိတယ်

တစ်ချို့ ပွေတတ်ရှုပ်တတ်သူတွေဟာ ဖုန်းကတ်ဆိုရင်လည်း သုံးကတ်လေးကတ် သုံးလေ့ရှိပါတယ်။ ဆိုရှယ်အကောင့် သုံးလေးခုလောက်နဲ့ ပတ်မွှေနေတတ်ပါတယ်။ သူတို့နဲ့ ဖုန်းပြောဖို့ မက်ဆေ့ပို့ဖို့ ညနေ ဘယ်အချိန် စသဖြင့် သီးခြား သတ်မှတ်လေ့ရှိတယ်ဆိုရင် သူ့ နောက်ကွယ်မှာ သင် မသိအောင် ရှုပ်ထားတဲ့ ဇာတ်တွေ အများကြီးပါဘဲ။

READ
တည္ၿငိမ္သူ ကြီးေတြကိုမွ စိတ္၀င္စားေနမိတဲ့ ေကာင္မေလးေတြအတြက္…
(၃) သူ့သူငယ်ချင်းတွေ၊ မိဘတွေနဲ့ မိတ်ဆက်မပေးဘူး

မရိုးသားသူတော်တော်များများကတော့ သူတို့ မရိုးသားမှုတွေကို အစီအစဉ်တကျ ဖော်ထုတ်နိုင်သူတွေနဲ့ သင့်ကို မိတ်ဆက်ပေးမှာ မဟုတ်ပါဘူး။ အထူးသဖြင့် မိဘတွေ၊ သူငယ်ချင်းတွေနဲ့ဆို မိတ်ဆက်ပေးဖို့ အတင့်ရဲမှာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေထဲမှာဆို ဖုံးဖုံးဖိဖိ ဖာဖာထေးထေး ပြောပေမယ့်သူမျိုးနဲ့ဆိုရင်တော့ မိတ်ဆက်ပေးကောင်း ပေးနိုင်ပါ တယ်။ အောင်သွယ်တော် သဘောမျိုးပေါ့။

(၄) သူ့အကြောင်းကို လျှို့ဝှက်ထားတယ်

သူရဲ့ လူမှုရေးဆိုင်ရာ အချက်အလတ်တွေကို ပိုပိုသာသာ ပြောတာပဲဖြစ်ဖြစ်၊ အဖြစ်အမှန်ကို ဖုံးကွယ်တာပဲဖြစ်ဖြစ်၊ ပြောသင့်တာကို မပြောပဲ ချန်ထားတာမျိုးပဲ ဖြစ်ဖြစ် သင် ရိပ်မိသိရှိခဲ့ရင်၊ သတိထားရမယ့် လူဆိုတာ သေချာပါတယ်။

(၅) ပိတ်ရက်တွေဆို မအားဘူး

အမှန်ဆို ပိတ်ရက်တွေမှာ သင့်ကို ဦးစားပေးတဲ့သူဆိုရင်တော့ ဘယ်ကို ချိန်းချိန်း လာမှာပါဘဲ။ ဒါပေမယ့် အမွှေဇယား ရှိသူတွေဟာ ဒီရက်တွေမှာ အဓိက လှုပ်ရှားလေ့ရှိကြတာမို့ သင့်ကို အချိန်ပိုင်းလောက်သာ ဦးစားပေးတာမျိုးလားဆိုတာ သင့်ဘာသာ ဝေဖန် ပိုင်းခြားတတ်ဖို့ လိုပါတယ်။

(၆) အမျိုးသမီးတွေ သုံးတဲ့ ရေမွေးနံ့လိုမျိုး သူ့ဆီက ရတဲ့အခါ

ယောက်ျားတွေ တော်တော်များများက အမွေးနံ့သာ သုံးလေ့မရှိပါဘူး။ သုံးရင်လည်း တော်တော်များများ သုံးလေ့ရှိတဲ့ Brand ကိုသာ ခပ်လွယ်လွယ် လိုက်သုံးတတ်ကြပါတယ်။ သူ့ဆီမှာ ဒီလိုအနံ့မျိုးမဟုတ်ဘဲ မိန်းကလေးတွေ သုံးတဲ့ ရေမွေး၊ ပေါင်ဒါ၊ နှုတ်ခမ်းနီအစွန်းအထင်း စတဲ့ အမှတ်အသားတွေဟာ သင့်ကို မျက်ရည်ကျအောင် လုပ်မယ့် လူတစ်ယောက်ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

sponsored