သူ သင့်ကို တစ်ဘဝလုံးစာ ရည်ရွယ်ပြီး ချစ်မိနေပြီဆိုတာ ဖော်ပြနေတဲ့ အချက်လေးတွေ

shutterstock/Bogoljubb
Sponsored

ချစ်သူရည်းစားအဖြစ် လက်တွဲကြတဲ့အခါ တစ်ခဏတာလည်း ဖြစ်နိုင်သလို၊ တစ်ဘဝလုံးစာ အတွက်လည်း ဖြစ်သွားနိုင်ပါတယ်။ တစ်ချို့လူတွေက တစ်ခဏတာ အဖြစ် လက်တွဲတတ်ကြပေမယ့် တစ်ချို့လူတွေကျတော့ သူတို့ရွေးချယ်လိုက်တဲ့သူကို သူတို့တစ်ဘဝလုံးစာလက်တွဲသွားချင်တတ်ကြပါတယ်။ ဒီအချက်လေးတွေကတော့ သူ သင့်ကို တစ်ဘဝလုံးစား ရည်ရွယ်ထားတယ်ဆိုတာကို ဖော်ပြလို့နေပါတယ်။

သင့်ကို လေးလေးစားစား ဆက်ဆံတတ်တယ်

shutterstock/ Bogoljubb

ချစ်သူရည်းစားပဲဖြစ်ဖြစ်၊ မိဖဆွေမျိုးပဲဖြစ်ဖြစ် ဆက်ဆံရေးတိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိဖို့က တကယ့်ကို အရေးကြီးပါတယ်။ သူကတော့ သင့်အပေါ် ဆက်ဆံတဲ့အချိန်မှာ လေးစားမှုလေး ကြားခံပြီး ဆက်ဆံတတ်တာဟာ သင့်ကို တန်ဖိုးထားလွန်းတယ်ဆိုတာကို ဖော်ပြနေတာပါ။ ဒါက သူ သင့်ကို ဘယ်တော့မှ လွယ်လွယ်ရတဲ့ အရာလို့ မသတ်မှတ်ထားပဲ သင့်ရဲ့ တန်ဖိုးကို နားလည်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

READ
စိတ်ထားကောင်းတဲ့သူတွေ အမြဲတမ်းကြုံတွေ့နေရတဲ့ အခက်အခဲ (၅) မျိုး

သင့်အကြောင်းတွေကို ပြောတတ်တယ်

shutterstock/Bobex-73
Sponsored

တစ်ခြား သူငယ်ချင်းတွေနဲ့ ဆုံတဲ့အချိန်တွေတိုင်းမှာ သင့်အကြောင်းလေးတွေ ထည့်ပြောတတ်သလို တစ်ခုခု တိုက်ဆိုင်သွားတဲ့အချိန်တိုင်း သင့်အကြောင်းလေးတွေ ပါလာတတ်ပါတယ်။ ဒါက သူ့ရဲ့စိတ်ကို သင်ရာနှုန်းပြည့် စိုးမိုးထားနိုင်တယ်ဆိုတာကို ဖော်ပြနေတာပါ။ ယောကျာ်းလေးတွေဟာ ကိုယ်တကယ် မြတ်မြတ်နိုးနိုး ချစ်မိတဲ့ မိန်းကလေးရဲ့ အကြောင်းတွေကိုပဲ ထုတ်ပြောလေ့ရှိကြပါတယ်။ ဒီအချက်လေးက သူ့ရဲ့ တစ်ဘဝလုံးစာအဖြစ် သင့်ကို သတ်မှတ်ထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

တစ်ခြား ကောင်မလေးတွေကို စိတ်မဝင်စားဘူး

shutterstock/ Bogoljubb

သူက သင်ကလွဲပြီး တစ်ခြားကောင်မလေးတွေကို သတိတောင်မထားမိဘူးဆိုတဲ့ အချက်ဟာ သင့်အပေါ် နက်နက်ရှိုင်းရှိုင်း ချစ်နေမိတဲ့အတွက် ဖြစ်လာရတဲ့အရာပါ။ သူ့ရဲ့ တစ်ဘဝလုံးစာ လက်တွဲဖော်ဖို့ သင်လို့ တွေးထင်ထားတဲ့အခါမှာ ကျန်တဲ့မိန်းကလေးတွေက ဖွဲနဲ့စကွဲတွေ ဖြစ်သွားတတ်ကြပါတယ်။ ဒါဆိုရင်တော့ သင်ဟာ ကံကောင်းသူ တစ်ယောက်လို့ ဆိုရမှာပါ။

READ
ဓမ္မတာလာစဉ် ဒေါသအထွက်လွန်ခြင်းပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း (၄) ခု

သင်နဲ့ အနာဂတ်အိပ်မက်လေးတွေ ရှိတယ်

shutterstock/HSSstudio

ကိုယ်ချစ်တဲ့သူနဲ့ တစ်ဘဝလုံး လက်တွဲသွားမယ့်သူတွေမှာ အနာဂတ်အိပ်မက်လေးတွေ အနည်းနဲ့ အများတော့ ရှိတတ်ကြပါတယ်။ နောက်နှစ်ဘယ်လောက်မှာ လက်ထပ်မယ်၊ ဘယ်လို အိမ်မျိုးလေးကို ဖန်တီးမယ်၊ ဘယ်လို မိသားစု ကမ္ဘာလေးကို တည်ဆောက်မယ်၊ အမှတ်တရတွေ၊ ပျော်ရွှင်မှုတွေနဲ့ အတူတူ ရှေ့ဆက်သွားမယ် စသဖြင့်ပေါ့။ ဒါက သူသင့်ကို သူ့တစ်ဘဝလုံးရဲ့ လက်တွဲဖော်အဖြစ် ရည်ရွယ်ထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

Khin

sponsored