မိန်းကလေး ပီသတဲ့ ကောင်မလေးတွေပဲ ပိုင်ဆိုင်ထားနိုင်မယ့် အရည်အချင်းများ

chanakonlaorob/Freepik
Sponsored

လူတိုင်းမှာ သက်ဆိုင်တဲ့ အရည်အချင်း ကိုယ်စီ ပိုင်ဆိုင်ထားကြပါတယ်။ တစ်ချို့တွေကတော့ အားလုံးရဲ့ စံပြပုံစံလိုမျိုး ဖြစ်နေတဲ့ အရည်အချင်းတွေပါ ပိုင်ဆိုင်ထားကြပါတယ်။ မိန်းကလေးတွေအတွက်တော့ တစ်ချို့အရည်အချင်းတွေက မိန်းကလေး ပီသတယ်လို့ ချီးကျူးမှုကို ရရှိစေတတ်ပါတယ်။ ဒီလိုမျိုး မိန်းကလေး ပီသတယ်လို့ ချီးကျူးခံရတဲ့ ကောင်မလေးတွေမှာ အခုလို အရည်အချင်းတွေ ရှိနေတတ်ပါတယ်။

(၁) ဟင်းချက်တော်တယ်

Sponsored

ခေတ်တွေ ပြောင်းလဲလို့ အမြင်တွေ ပြောင်းလဲကြရင်တောင်မှ မိန်းကလေးတွေ ဟင်းချက်တတ်ရင် သိပ်ကို ချီးမွမ်းခံရလေ့ ရှိပါတယ်။ ကောင်လေးတွေ ဟင်းချက်တတ်တာထက်စာရင် ဟင်းချက်တတ်တဲ့ မိန်းကလေးတွေက ပိုပြီး ချီးကျူးခံရလေ့ ရှိပါတယ်။ ဒီလိုမျိုး ဟင်းချက်တတ်တဲ့ အပြင် ဘယ်သူမဆို အကြိုက်တွေ့နိုင်တဲ့ အရသာ ဖြစ်အောင် ချက်နိုင်တဲ့ မိန်းကလေးတွေကိုတော့ မိန်းကလေးပီသလိုက်တာလို့ ချီးမွမ်းကြလေ့ ရှိပါတယ်။

senivpetro/Freepik

(၂) အိမ်မှု ကိစ္စ နိုင်နင်းတယ်

အိမ်သန့်ရှင်းရေးလုပ်တယ်ဆိုတာ တော်ရုံ စိတ်ရှည်မှုမျိုးနဲ့ မဖြစ်နိုင်ပါဘူး။ အိမ်ရဲ့ ဝေယျာဝစ္စတွေနဲ့ ဖုန်တွေ သန့်ရှင်းတာအပြင် ပစ္စည်းအထားအသိုတွေကို သပ်ရပ်အောင် ထိန်းသိမ်းထားတာမျိုးက သန့်ရှင်းသပ်ရပ်စွာ နေလိုတဲ့စိတ်အပြင် အပျင်းမကြီးတဲ့စိတ်လည်း ရှိမှ ဖြစ်နိုင်ပါတယ်။ ဒီအတွက် အိမ်ကို သန့်ရှင်း သပ်ရပ်အောင် ထိန်းသိမ်းနိုင်တဲ့ မိန်းကလေးတွေကို သဘောကျတတ်ကြတာ ဖြစ်ပါတယ်။

READ
သကြားနဲ့ အချိုကို စွဲလမ်းမှုကို အလွယ်တကူ ဖြတ်တောက်ပစ်နိုင်မယ့် နည်းလမ်းများ
Freepik.com

(၃) စိတ်နှလုံး နူးညံ့တယ်

မိန်းကလေးတွေနဲ့ ပတ်သတ်ပြီး ချီးမွမ်းကြတဲ့ အချက်ထဲမှာ နူးညံ့မှုလည်း ပါဝင်နေပါတယ်။ မိန်းကလေးဆိုတာ သိမ်မွေ့စွာ ပြုမူတတ်ပြီး စိတ်ထားကလည်း နူးညံပြီး သနားကြင်နာတတ်တဲ့ ပုံစံနဲ့ လိုက်ဖက်တယ်လို့ တော်တော်များများက ယူဆကြလေ့ ရှိပါတယ်။ ဒါကြောင့် စကားပြော ချိုသာတာ၊ စိတ်ထားနူးညံ့တာ၊ မရိုင်းစိုင်း၊ မမောက်မာတဲ့ မိန်းကလေးတွေကို မိန်းမ ပီသတဲ့သူတွေလို့ ဂုဏ်တင်တတ်ကြပါတယ်။

Photo by cottonbro from Pexels

(၄) လှပတယ်

မိန်းကလေးတွေလို့ ပြောလိုက်ရင် အလှအပလို့ ပြေးမြင်ရလောက်တဲ့အထိ မိန်းကလေးတွေက အလှအပကို ကိုယ်စားပြုနေပါတယ်။ ဒါပေမယ့်လည်း အလှပြင်တယ်ဆိုတာ လွယ်တာမျိုးတော့ မဟုတ်ပါဘူး။ အနေအထိုင် သပ်ရပ်မှ လှပအောင် ပြင်ဆင်တတ်မှ လှပတယ်လို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်ရှည်ပြီး ကိုယ့်ကိုယ်ကို သပ်ရပ် လှပအောင် နေထိုင်တတ်တဲ့ မိန်းကလေးတွေကတော့ တကယ့်ကို မိန်းမ ပီသသူတွေလို့ ခေါ်ရမှာ ဖြစ်ပါတယ်။

READ
သင့်ချစ်သူက သင့်အပေါ် ပြတ်နိုင်ဖို့ သေချာနေပြီဆိုတာ ပြနေတဲ့ အပြုအမူများ
Photo by Anastasiya Gepp from Pexels

(၅) ထိုက်သင့်တဲ့ အရည်အချင်း ရှိတယ်

မိန်းကလေးတွေက ယောင်္ကျားလေးတွေလောက် ဉာဏ်ရည်မကောင်းဘူးလို့ ပြောကြတာမျိုး ရှိပေမယ့် ဘာဆိုဘာမှ မသိတဲ့ မိန်းကလေးမျိုးကို လူတွေက ချီးမွမ်းကြလေ့ မရှိပါဘူး။ အိမ်ရဲ့ ကိစ္စတွေကို စီမံနိုင်ဖို့၊ ငွေကြေး ခန့်ခွဲထိန်းသိမ်းနိုင်ဖို့နဲ့ တစ်ချို့သော ကိစ္စရပ်တွေအတွက် မိန်းကလေးတွေမှာ အရည်အချင်းရှိနေမှ မိသားစုတစ်ခုက တိုးတက် ပျော်ရွှင်ရတာလို့ သတ်မှတ်ထားကြတာမျိုး ရှိပါတယ်။ ဒါကြောင့် ဘာမှ မသိဘဲ လှပနေတဲ့ မိန်းကလေးမျိုးထက် ထိုက်သင့်တဲ့ ဉာဏ်ရည် အရည်အချင်း ရှိတဲ့ မိန်းကလေးမျိုးကို မိန်းကလေး ပီသတယ်လို့ သတ်မှတ်တတ်ကြပါတယ်။

Kham

sponsored