ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မွုမရွိတဲ့ မိန္းကေလးတစ္ေယာက္ရဲ့လကၡဏာမ်ား

young woman looking into a mirror
Sponsored

( Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

ေဘးထြက္ဆိုးက်ိဳးေတြထဲမွာ ယုံၾကည္မွုလြန္ကဲျခင္းေၾကာင့္ျဖစ္တဲ့ ေဘးထြက္ဆိုးက်ိဳးက အညင္သာဆုံးနဲ႔ အသက္သာဆုံး လို႔ ဗဟုသုတအျဖစ္မွတ္သားဖူးပါတယ္။ယုံၾကည္မွုဆိုတာ ခက္ခဲေနတဲ့အရာအား လုံးၿပီးေျမာက္ေအာင္ျမင္ေအာင္ စြမ္းေဆာင္နိုင္တဲ့အရာတစ္ခုပါ။ တျခားလူရဲ့ယုံၾကည္မွုရရွိတဲ့သူဆိုရင္ လည္းဘဝမွာတိုးတက္ေအာင္ျမင္ဖို႔လမ္းစေတြ အမ်ားအျပားရွိေနပါတယ္။အဲဒီလိုအမ်ား ရဲ့ယုံၾကည္ျခင္း ကို ခံရဖို႔ အရင္ဆုံးကိုယ့္ ကိုယ္ကိုယ္ယုံၾကည္မွုရွိဖို႔ အေရးႀကီး ပါတယ္။တခါတေလဘဝမွာ ၾကဳံေတြ႕ရတဲ့ အခက္အခဲေတြမ်ားလြန္းတာေၾကာင့္ကိုယ့္ကိုယ္ ကိုယ္ယုံၾကည္ေနတဲ့ စိတ္ေတြေတာင္ ဘယ္ေရာက္ ကုန္မွန္းမသိပါဘူး။အခုေတာ့ယုံၾကည္မွုမရွိတဲ့ အမ်ိဳးသမီးေတြရဲ့ပုံစံက ဘယ္လိုရွိသလဲ၊ ကိုယ္တိုင္ေရာ ဒီအခ်က္ေတြနဲ႔ၿငိေနသလားဆိုတာ ေလ့လာဆန္းစစ္နိုင္ဖို႔ Aunty May ပရိသတ္ႀကီးအတြက္ေဖာ္ျပေပး လိုက္ပါတယ္။
(၁)ပတ္ဝန္းက်င္ကိုဂ႐ုစိုက္လြန္းျခင္း
ကိုယ္ကိုယ္ကိုယ္ေပ်ာ္ရႊင္ေအာင္ေနဖို႔ထက္ တျခားလူေတြသင့္ကိုျမင္တဲ့အျမင္နဲ႔ပတ္သက္ၿပီးစိုးရိမ္ရင္း အခ်ိန္ကုန္ေနတတ္ တယ္။ဒါကအဓိက ျပႆနာပဲ။သင့္ကိုလူတိုင္းကအဆင္ေျပတယ္၊ စမတ္က်တယ္ လို႔ျမင္ေစ၊ေျပာေစခ်င္ေနတယ္။ ေကာင္းတဲ့ သူကိုေကာင္းတဲ့အေလ်ာက္ေဝဖန္ၾကသလို မေကာင္းတဲ့ သူကိုလည္းမေကာင္းတဲ့အေလ်ာက္ကဲ့ရဲ့ၾကတဲ့ လူ႔သဘာဝကို သင္အျမဲသတိရေနဖို႔လိုပါတယ္။

Sponsored

(၂)တျခားလူေတြနဲ႔ကိုယ့္ကိုယ္ကိုယ္ႏွိုင္းယွဥ္ျခင္း

ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မွုမရွိတဲ့သူက တျခားသူေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ႏွိုင္းယွဥ္ၿပီး အျမဲအား ငယ္စိတ္ဓာတ္က်ေနတတ္ပါတယ္။အဲဒီလို တျခားသူေတြနဲ႔ႏွိုင္းယွဥ္တဲ့အခါ ကိုယ့္ရဲ့အမွားေတြကိုပဲ ထပ္ခါတလဲလဲေတြ႕ရမွာပါ။ဒါေၾကာင့္ ႏွိုင္းယွဥ္ခ်င္ရင္ မေန႔က ငါနဲ႔ ဒီေန႔ငါ ဘာကြဲသြားလဲဆိုတာ ပဲႏွိုင္းယွဥ္ပါ။တျခားသူေတြနဲ႔ႏွိုင္းယွဥ္ၿပီး စိတ္ဓာတ္မက်ပါနဲ႔။

(၃) ေလ်ာ့တိေလ်ာ့ရဲ ကိုယ္ေနဟန္ထား
ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မွုမရွိတဲ့သူတစ္ေယာက္မွာ တက္ႂကြတဲ့ပုံစံမေတြ႕ရသလို အျမဲတမ္းေပ်ာ့ တိေပ်ာ့ဖက္ျဖစ္ေန တတ္ပါတယ္။ကိုယ္ေနဟန္ထားကလည္းခပ္ရို႔ရို႔ျဖစ္ေနၿပီး လူအမ်ားရဲ့ေရွ႕မွာ သနားစရာပုံစံျဖစ္ေနပါတယ္။ဒီလိုတျခား သူေတြကို ရင္မဆိုင္ရဲတဲ့ သင့္ရဲ့ ယုံၾကည္ခ်က္မဲ့ေနတဲ့ပုံစံကပဲ သနားတဲ့အၾကည့္၊ႏွိမ္တဲ့အၾကည့္ေတြနဲ႔ တျခားလူေတြရဲ့သတိျပဳျခင္းကို ခံရနိုင္ပါတယ္။

(၄)ခ်ီးမြမး္စကားေတြအတြက္ သက္ေတာင့္သက္သာမျဖစ္ျခင္း
တစ္စုံတစ္ေယာက္က သင့္ရဲ့စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီးခ်ီးက်ဴးစကားဆိုတဲ့အခါ သင့္ကိုယ္သင္မလုံ မလဲျဖစ္ၿပီး မသက္မသာခံစားရပါလိမ့္မယ္။ကိုယ့္ကိုယ္ကိုယ္ယုံၾကည္ မွုမရွိတဲ့အတြက္ ကိုယ့္ရဲ့အရည္ အခ်င္းကိုေတာင္ အသိအမွတ္မျပဳရဲျဖစ္ေနတာဟာ ဘဝမွာ က်ရွုံးျခင္းရဲ့လမ္းစပဲျဖစ္ပါတယ္။ဒါ့အျပင္ ကိုယ့္ကိုယ္ခ်ီးမြမး္ေနတဲ့သူကို အေကာင္းဆုံးတုန႔္ျပန္ေက်းဇူးတင္နိုင္ျခင္းမရွိတဲ့အတြက္လည္း လူမွုဆက္ဆံေ႐ုးမွာနစ္နာဆုံးရွုံးမွုေတြျဖစ္လာနိုင္ပါတယ္။

READ
အမ်ိဳးသမီးမ်ား အတြင္းခံေဘာင္းဘီနဲ႔ပတ္သက္ၿပီး မွားတတ္တဲ့ အမွား(၆)ခု

(၅)ေဝဖန္မွုေတြကိုမခံစားနိုင္ျခင္း

အလုပ္မွာပဲျဖစ္ျဖစ္၊ ေပါင္းသင္းဆက္ဆံေရးမွာပဲျဖစ္ျဖစ္ သင့္ရဲ့လုပ္ေဆာင္ခ်က္အေကာင္းအ ဆိုးေပၚမူတည္ ၿပီးေန႔စဥ္္နဲ႔ အမၽွေဝဖန္အႀကံျပဳမွုေတြရွိေနမွာပါ။ဒီလိုေဝဖန္မွုေတြထဲက သင့္အတြက္ အသုံးဝင္မယ့္အရာကိုေရြးထုတ္ အသုံးမဝင္တာေတြကို စြန႔္လႊတ္နိုင္ ဖို႔ကလည္းအေရးႀကီးပါတယ္။ ဒါေပမယ့္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွုမရွိတဲ့သူအတြက္ကေတာ့ အမ်ားရဲ့ေဝဖန္သံေတြကိုပဲ အာ႐ုံစိုက္ၿပီး ေရွ႕ဆက္ဘာလုပ္ရမလဲဆိုတာစဥ္းစားနိုင္မွာ မဟုတ္ေတာ့ပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ေဝဖန္သံေတြၾကားမွာ အလဲလဲအၿပိဳၿပိဳျဖစ္ေနလို႔ပါ။

(၆)အဆိုးဘက္ကပဲေတြးျခင္း
ဘယ္အရာမဆို အဆိုးဘက္္ကပဲေတြးတတ္တဲ့ သူေတြဟာ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မွုမရွိတဲ့ သူေတြျဖစ္ပါတယ္။အဆိုးျမင္စိတ္ေၾကာင့္ဘဝရဲ့ေအာင္ျမင္ေရးနည္းလမ္းေတြကိုလည္း လက္လႊတ္ဆုံးရွုံး ရနိုင္ပါတယ္။

(၇)ထပ္ခါထပ္ခါေတာင္းပန္ေနျခင္း


ေတာင္းပန္ပါတယ္ ဆိုတဲ့စကားကိုအခ်ိန္တိုင္းေျပာေနတတ္တဲ့သူဟာ သူ႔ကိုယ္သူယုံၾကည္မွု ဘယ္ေလာက္ရွိနိုင္မွာလဲ။အမွားေတြအေတြ႕အႀကံဳေတြကေနပဲ ေအာင္ျမင္မွုကိုရွာေဖြရတယ္ဆိုတဲ့ အခ်က္ကိုေမ့ေနပုံပါပဲ။

 


[Unicode version]

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့လက္ခဏာများ

 

ဘေးထွက်ဆိုးကျိုးတွေထဲမှာ ယုံကြည်မှုလွန်ကဲခြင်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးက အညင်သာဆုံးနဲ့ အသက်သာဆုံး လို့ ဗဟုသုတအဖြစ်မှတ်သားဖူးပါတယ်။ယုံကြည်မှုဆိုတာ ခက်ခဲနေတဲ့အရာအား လုံးပြီးမြောက်အောင်မြင်အောင် စွမ်းဆောင်နိုင်တဲ့အရာတစ်ခုပါ။ တခြားလူရဲ့ယုံကြည်မှုရရှိတဲ့သူဆိုရင် လည်းဘဝမှာတိုးတက်အောင်မြင်ဖို့လမ်းစတွေ အများအပြားရှိနေပါတယ်။အဲဒီလိုအများ ရဲ့ယုံကြည်ခြင်း ကို ခံရဖို့ အရင်ဆုံးကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ အရေးကြီး ပါတယ်။တခါတလေဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေများလွန်းတာကြောင့်ကိုယ့်ကိုယ် ကိုယ်ယုံကြည်နေတဲ့ စိတ်တွေတောင် ဘယ်ရောက် ကုန်မှန်းမသိပါဘူး။အခုတော့ယုံကြည်မှုမရှိတဲ့ အမျိုးသမီးတွေရဲ့ပုံစံက ဘယ်လိုရှိသလဲ၊ ကိုယ်တိုင်ရော ဒီအချက်တွေနဲ့ငြိနေသလားဆိုတာ လေ့လာဆန်းစစ်နိုင်ဖို့ Aunty May ပရိသတ်ကြီးအတွက်ဖော်ပြပေး လိုက်ပါတယ်။
(၁)ပတ်ဝန်းကျင်ကိုဂရုစိုက်လွန်းခြင်း
ကိုယ်ကိုယ်ကိုယ်ပျော်ရွှင်အောင်နေဖို့ထက် တခြားလူတွေသင့်ကိုမြင်တဲ့အမြင်နဲ့ပတ်သက်ပြီးစိုးရိမ်ရင်း အချိန်ကုန်နေတတ် တယ်။ဒါကအဓိက ပြဿနာပဲ။သင့်ကိုလူတိုင်းကအဆင်ပြေတယ်၊ စမတ်ကျတယ် လို့မြင်စေ၊ပြောစေချင်နေတယ်။ ကောင်းတဲ့ သူကိုကောင်းတဲ့အလျောက်ဝေဖန်ကြသလို မကောင်းတဲ့ သူကိုလည်းမကောင်းတဲ့အလျောက်ကဲ့ရဲ့ကြတဲ့ လူ့သဘာဝကို သင်အမြဲသတိရနေဖို့လိုပါတယ်။

READ
ဆယ္လ္ဖီဆြဲတဲ့အခါ လံုးဝကို အထာက်ေနေစမယ့္ ဆယ္လ္ဖီရိုက္နည္းလွ်ိဳ႕ဝွက္ခ်က္္မ်ား

(၂)တခြားလူတွေနဲ့ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်ခြင်း


ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့သူက တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်ပြီး အမြဲအား ငယ်စိတ်ဓာတ်ကျနေတတ်ပါတယ်။အဲဒီလို တခြားသူတွေနဲ့နှိုင်းယှဉ်တဲ့အခါ ကိုယ့်ရဲ့အမှားတွေကိုပဲ ထပ်ခါတလဲလဲတွေ့ရမှာပါ။ဒါကြောင့် နှိုင်းယှဉ်ချင်ရင် မနေ့က ငါနဲ့ ဒီနေ့ငါ ဘာကွဲသွားလဲဆိုတာ ပဲနှိုင်းယှဉ်ပါ။တခြားသူတွေနဲ့နှိုင်းယှဉ်ပြီး စိတ်ဓာတ်မကျပါနဲ့။

(၃)သနားစရာကိုယ်နေဟန်ထား
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့သူတစ်ယောက်မှာ တက်ကြွတဲ့ပုံစံမတွေ့ရသလို အမြဲတမ်းပျော့ တိပျော့ဖက်ဖြစ်နေ တတ်ပါတယ်။ကိုယ်နေဟန်ထားကလည်းခပ်ရို့ရို့ဖြစ်နေပြီး လူအများရဲ့ရှေ့မှာ သနားစရာပုံစံဖြစ်နေပါတယ်။ဒီလိုတခြား သူတွေကို ရင်မဆိုင်ရဲတဲ့ သင့်ရဲ့ ယုံကြည်ချက်မဲ့နေတဲ့ပုံစံကပဲ သနားတဲ့အကြည့်၊နှိမ်တဲ့အကြည့်တွေနဲ့ တခြားလူတွေရဲ့သတိပြုခြင်းကို ခံရနိုင်ပါတယ်။

(၄)ချီးမွမး်စကားတွေအတွက် သက်တောင့်သက်သာမဖြစ်ခြင်း
တစ်စုံတစ်ယောက်က သင့်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးချီးကျူးစကားဆိုတဲ့အခါ သင့်ကိုယ်သင်မလုံ မလဲဖြစ်ပြီး မသက်မသာခံစားရပါလိမ့်မယ်။ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုမရှိတဲ့အတွက် ကိုယ့်ရဲ့အရည် အချင်းကိုတောင် အသိအမှတ်မပြုရဲဖြစ်နေတာဟာ ဘဝမှာ ကျရှုံးခြင်းရဲ့လမ်းစပဲဖြစ်ပါတယ်။ဒါ့အပြင် ကိုယ့်ကိုယ်ချီးမွမး်နေတဲ့သူကို အကောင်းဆုံးတုန့်ပြန်ကျေးဇူးတင်နိုင်ခြင်းမရှိတဲ့အတွက်လည်း လူမှုဆက်ဆံရေုးမှာနစ်နာဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။

(၅)ဝေဖန်မှုတွေကိုမခံစားနိုင်ခြင်း


အလုပ်မှာပဲဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ် သင့်ရဲ့လုပ်ဆောင်ချက်အကောင်းအ ဆိုးပေါ်မူတည် ပြီးနေ့စဉ််နဲ့ အမျှဝေဖန်အကြံပြုမှုတွေရှိနေမှာပါ။ဒီလိုဝေဖန်မှုတွေထဲက သင့်အတွက် အသုံးဝင်မယ့်အရာကိုရွေးထုတ် အသုံးမဝင်တာတွေကို စွန့်လွှတ်နိုင် ဖို့ကလည်းအရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူအတွက်ကတော့ အများရဲ့ဝေဖန်သံတွေကိုပဲ အာရုံစိုက်ပြီး ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာစဉ်းစားနိုင်မှာ မဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ဝေဖန်သံတွေကြားမှာ အလဲလဲအပြိုပြိုဖြစ်နေလို့ပါ။

(၆)အဆိုးဘက်ကပဲတွေးခြင်း
ဘယ်အရာမဆို အဆိုးဘက််ကပဲတွေးတတ်တဲ့ သူတွေဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့ သူတွေဖြစ်ပါတယ်။အဆိုးမြင်စိတ်ကြောင့်ဘဝရဲ့အောင်မြင်ရေးနည်းလမ်းတွေကိုလည်း လက်လွှတ်ဆုံးရှုံး ရနိုင်ပါတယ်။

(၇)ထပ်ခါထပ်ခါတောင်းပန်နေခြင်


တောင်းပန်ပါတယ် ဆိုတဲ့စကားကိုအချိန်တိုင်းပြောနေတတ်တဲ့သူဟာ သူ့ကိုယ်သူယုံကြည်မှု ဘယ်လောက်ရှိနိုင်မှာလဲ။အမှားတွေအတွေ့အကြံုတွေကနေပဲ အောင်မြင်မှုကိုရှာဖွေရတယ်ဆိုတဲ့ အချက်ကိုမေ့နေပုံပါပဲ။

sponsored