အသက်ကြီးလာရင် အရိုးပါး၊အရိုးပွရောဂါဖြစ်နိုင်ချေရှိကြောင်း ပြနေတဲ့ရှေ့ပြေးလက္ခဏာများ

Sponsored

လူတော်တော်များများက ရောဂါတစ်ခု ကြီးကြီးမားမားဖြစ်လာမှ ကုသဖို့လုပ်ကြတာပါ။ တကယ်တော့ ရောဂါဆိုတာ ပြင်းပြင်းထန်ထန်မဖြစ်ခင် အစောပိုင်းမှာတည်းက လက္ခဏာအမျိုးမျိုး ပြတတ်ပြီး ဒါကိုလူတွေက သတိမထားမိကြတာပါ။ ဘယ်ရောဂါမဆို စဖြစ်တဲ့အချိန်မှာ ဂရုတစိုက်နဲ့ အနေအထိုင်ဆင်ခြင်လိုက်မယ်ဆိုရင် ဆိုးဆိုးရွားရွားအခြေအနေမဖြစ်လာအောင် တားဆီးနိုင်မှာပါ။

ပျိုမေတို့အနေနဲ့ အသက်ငါးဆယ်ကျော်လာရင် အရိုးပါး၊အရိုးပွရောဂါဖြစ်လာနိုင်ပြီး အဲ့လိုရောဂါဖြစ်နိုင်ချေရှိတယ်ဆိုရင် ငယ်ရွယ်စဉ်ကတည်းက လက္ခဏာတွေပြတတ်ပါတယ်။ ဒါကြောင့် အခုအသက်အရွယ်မှာ ဒီလိုလက္ခဏာတွေဖြစ်နေပြီဆိုရင် အနေအထိုင်အစားအသောက်ကို ဆင်ခြင်ပြီး အရိုးကျန်းမာရေးကို စောင့်ရှောက်ဖို့ပြောချင်ပါတယ်။

(၁) လက်သည်းတွေကျိုးပဲ့လွယ်နေရင်

shutterstock
Sponsored

လက်သည်းတွေ ကျွတ်ဆတ်ပြီး ကျိုးပဲ့လွယ်နေတယ် ၊ လက်သည်းခွံပေါ်မှာ အဖြူရောင်အစင်းကြောင်းတွေဖြစ်နေတယ်ဆိုရင် ခန္ဓာကိုယ်က calcium ဓာတ်ချို့တဲ့ နေတယ်ဆိုတာကို ပြနေတာပါ။ ဒါဆို သင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အရိုးပါး၊ အရိုးပွရောဂါ ဖြစ်နိုင်ချေရှိတဲ့သူ ဖြစ်တာကြောင့် calcium ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ များများစားပေးသင့်ပါတယ်။

(၂) ခြေထောက်တွေ မကြာခဏ ထုံကျင်နေရင်

shutterstock

calcium ချို့တဲ့ နေတဲ့အခါ အရိုးနဲ့ ဆက်စပ်နေတဲ့ အာရုံကြောတွေ၊ ကြွက်သားတွေရဲ့အလုပ်လုပ်ပုံကိုလည်း ထိခိုက်စေတာကြောင့် ခြေဖျား၊ လက်ဖျားတွေ မကြာခဏ ထုံကျင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ နေ့စဉ် နွားနို့တစ်ခွက် သောက်ပေးမယ်ဆိုရင် ခြေ၊လက်ထုံကျင်တာတွေကို သက်သာစေနိုင်ပြီး အရိုးကိုလည်း သန်မာစေနိုင်ပါတယ်။

READ
သူများထက်တော်နေတဲ့သူတိုင်း ကြုံရတတ်တဲ့ လူမသိသူမသိ အခက်အခဲ(၅)မျိုး

(၃) မကြာခဏကြွက်တက်နေရင်

ကြွက်တက်တယ်ဆိုတာ ခန္ဓာကိုယ်က ကြွက်သားတွေ သူ့အလိုလို ပြန်မကျုံ့နိုင်လို့ဖြစ်တာပါ။ အဲ့လိုဖြစ်တယ်ဆိုတာကလည်း ခန္ဓာကိုယ်ထဲမှာ calcium ဓာတ် မလုံလောက်လို့ပါ။ မကြာခဏ ကြွက်တက်နေတယ်ဆိုရင်တော့ အရိုးပါး၊ အရိုးပွရောဂါ မြန်မြန်ဖြစ်ဖို့ နီးစပ်နေတာကြောင့် ဆေးစစ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ခြင်းတို့ကို အမြန်ဆုံးလုပ်သင့်ပါတယ်။

(၄) သွားတွေပဲ့နေရင်

Pixabay

အရိုးတွေမှာလိုပဲ calcium မဖြစ်မနေ လိုအပ်တဲ့နေရာကတော့ သွားတွေပဲဖြစ်ပါတယ်။ သွားတွေလွယ်လွယ်နဲ့ ပဲ့ထွက်နေရင်၊ သွားကိုက်သွားနာတွေ အမြဲလိုလိုဖြစ်နေရင်၊ သွားဖုံးကနေ သွေးထွက်နေတယ်ဆိုရင် သင့်ခန္ဓာကိုယ်က calcium ဓာတ် လိုအပ်နေပါပြီ။

(၅) ဘာကိုမှ စိတ်မ၀င်စားဘဲဖြစ်နေရင်

shutterstock

ခန္ဓာကိုယ်ထဲမှာ calcium ဓာတ်နည်းပါးနေတဲ့အခါ အရိုးတွေက အားနည်းလာပြီး လူကိုပါ အားမရှိသလို ခံစားရစေပါတယ်။ အမြဲတမ်းလိုလို ပင်ပန်းနွမ်းနယ်နေပြီး စိတ်ဝင်စားမှု လျော့နည်းနေတာ၊ အာရုံစူးစိုက်လို့ မရတာတွေကိုလည်း ဖြစ်စေနိုင်တာကြောင့် calcium က နေ့စဉ်ဘ၀မှာ တော်တော်လေး အရေးပါရုံမက အသက်ကြီးတဲ့အထိ သန်သန်မာမာဖြစ်နေဖို့လည်း သူက အဓိကပါပဲ။

READ
သင့်အိပ်ချိန်ကို မသိမသာနဲ့ ဖျက်ဆီးပစ်နေတဲ့ အရာ (၅)မျိုး

calcium ချို့တဲ့ တဲ့ အခုလိုလက္ခဏာတွေပြနေပြီဆိုရင် အရိုးပါး၊အရိုးပွရောဂါဖြစ်ဖို့ နီးစပ်နေတာကြောင့် calcium ကြွယ်ဝတဲ့ အစားအစာ၊ ဖြည့်စွက်အာဟာရ နဲ့ အားဆေးတွေကို မှီဝဲသင့်ပါတယ်နော်။

MAY THAZINHTOO

sponsored