မေမေချစ်သမီးလေးတွေရဲ့ သူမတူတဲ့ ထူးခြားချက်လေးများ

Photo by Gustavo Fring from Pexels
Sponsored

များသောအားဖြင့် အမေတွေက သားကို ပိုချစ်ပြီး အဖတွေက သမီးတွေကို ချစ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း မေမေချစ် သမီးလေးတွေလည်း ရှိနေပါသေးတယ်။ မေမေရဲ့ အချစ်တွေကို ရရှိထားတဲ့ သမီးတွေမှာတော့ အခုလို ချစ်စရာအချက်လေးတွေ ရှိနေပါတယ်။

နူးညံ့တယ်

Sponsored

မိန်းကလေး သဘာဝက နူးညံ့ပါတယ်။ မေမေချစ် သမီးလေးတွေကတော့ အပြုအမူတွေ ယဉ်ကျေးသိမ်မွေ့တတ်သလို စကားအပြောအဆိုနဲ့ စိတ်ထားကလည်း နူးညံ့သိမ်မွေ့ကြပါတယ်။ ဒါက တကယ့်ကို ချစ်စရာပါ။

Photo by Ketut Subiyanto from Pexels

လှလှပပ နေထိုင်တတ်တယ်

သူတို့တွေက သပ်သပ်ရပ်ရပ် နေထိုင်တတ်ကြပါတယ်။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တွေလည်း ရွေးချယ်တတ်ကြတာကြောင့် အမြဲ လှနေတတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။

စည်းစနစ်ကျတယ်

သူတို့တွေက မေမေတွေကို ချစ်တဲ့သူပီပီ အမေဖြစ်သူရဲ့ စည်းကမ်းတွေကို နားထောင်တတ်ကြသူတွေပါ။ ဒါကြောင့် ပစ္စည်းအထားအသိုနဲ့ သုံးစွဲပုံတွေကအစ သပ်ရပ်ပြီး စနစ်ကျနေအောင် နေထိုင်တတ်ပါတယ်။

READ
အရပ်ပုတဲ့ကောင်မလေးတွေရဲ့ အားသာချက်(၆)ချက်
Photo by Gustavo Fring from Pexels

မေတ္တာတရား ကြီးမားတယ်

လူအချင်းချင်း စာနာတတ်တဲ့ စိတ်လည်း ရှိကြပြီး ကိုယ်ချင်းစာတရား ကြီးမားကြပါတယ်။ သူတို့က အမျိုးသမီးတွေ ဘဝကို ခံစားနားလည်ပေးတတ်ကြပါတယ်။ သူတို့တွေ ကူညီတတ်ကြတဲ့ အကျင့်လည်း ရှိနေပါတယ်။

သိတတ်တယ်

သူတို့တွေက ကိုယ့်မိဘအပြင် ပတ်ဝန်းကျင်ကိုပါ သိတတ်ကြသူတွေ ဖြစ်ပါတယ်။ မိဘတွေ ဘာလိုအပ်နေလဲဆိုတာကို ဂရုတစိုက်ကြည့်ပြီး ဖြည့်ဆည်းပေးတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်းအတွက် ကြည့်ပြီး မနေနတတ်ကြတာက သူတို့ရဲ့ သိတတ်မှုကြောင့်ပါပဲ။

Kham

sponsored