စိတ်ပိုင်းဆိုင်ရာ အားနည်းတဲ့ သူတွေမှာ တွေ့ရတတ်တဲ့ စိတ်ပျက်ဖွယ် အမူအကျင့်များ

shutterstock/ Monkey Business Images
Sponsored

တစ်ချို့လူတွေက သူတို့ရဲ့ ပင်ကိုယ်ဗီဇအရကို စိတ်ပိုင်းဆိုင်ရာ အားနည်းတတ်တဲ့ သူတွေဖြစ်ကြပါတယ်။ ဒါက စိတ်ကျန်းမာရေး ထိခိုက်မှု တစ်ခုမဟုတ်ပေမယ့်လို့ သူတို့စိတ်ထဲမှာ မသိမသာလေး စိုးမိုးထားတတ်ကြတဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုလေးတွေ ဖြစ်ကြပါတယ်။ ဒါတွေကို ပြုပြင်ချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို အချိန်တစ်ခုအထိ ပြုပြင်ပြောင်းလဲသွားမှ ပြောင်းလဲနိုင်မယ့် အရာမျိုးပါ။ ဒီလို စိတ်ပိုင်းဆိုင်ရာ အားနည်းတတ်တဲ့ သူတွေဆီမှာ ဒီလိုမျိုး စိတ်ပျက်ဖို့ ကောင်းလွန်းတဲ့ အမူအကျင့်တွေကို တွေ့ရတတ်ပါတယ်။

တစ်ဖက်လူအပေါ် မနာလိုဖြစ်လွယ်တယ်

shutterstock/Dean Drobot

တစ်ဖက်လူအပေါ် လွယ်လွယ် မနာလိုဖြစ်တတ်တဲ့သူ၊ မနာလိုစိတ်များတဲ့ သူတွေဟာ တကယ်တမ်းမှာတော့ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကြောင့် ဖြစ်လာရတာပဲ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ အချိန်မှာ တစ်စုံတစ်ယောက်ရဲ့ အားသာချက်ကို မနာလိုဖြစ်သွားတတ်တာမျိုးပေါ့။ ဒါက သူတို့ရဲ့ စိတ်ကို သူတို့ ထိန်းချုပ်ဖို့ ခက်ခဲတဲ့အတွက် ကိုယ့်ထက်သာတဲ့သူကို တွေ့တဲ့အခါ မနာလိုစိတ်က ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

READ
သူ့ကြောင့်ဇာတ်ကားအရသာပျက်သွားမှာ စိုးရိမ်တယ်ဆိုတဲ့ ရွှေထူး

ဒေါသမထိန်းနိုင်ဘူး

shutterstock/Ollyy
Sponsored

စိတ်ပိုင်းဆိုင်ရာအရ အားနည်းတဲ့ သူတွေဟာ သူတို့ရဲ့ ဒေါသကို မထိန်းချုပ်နိုင်ကြပါဘူး။ ကိစ္စရပ်တစ်ခုကို အမှားအမှန် သေချာမစဉ်းစားပဲ ရှုးရှုးဒိုင်းဒိုင်းနဲ့ ပေါက်ကွဲလွယ်တတ်ကြပါတယ်။ ဒါက ကိုယ့်အတွက် အထိအခိုက်များတဲ့ အရာဖြစ်ပြီး သူတို့ကိုယ်တိုင်က ဒီဒေါသကို ထိန်းချုပ်ဖို့ ခက်နေကြတဲ့အတွက် အပြင်ကို ပေါက်ထွက်လာတတ်ကြတာပါ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ အားနည်းခြင်းရဲ့ လက္ခဏာရပ်ပဲ ဖြစ်ပါတယ်။

ကိုယ်ရည်သွေးတတ်တယ်

ကိုယ့်ကိုယ်ကို အရမ်း ကိုယ်ရည်သွေးတတ်လွန်းတဲ့ သူတွေ၊ အရာရာမှာ သူသိသူတတ်လုပ်တတ်တဲ့ သူတွေဟာလည်း တကယ်တမ်းမှာတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်မှု၊ အားနည်းမှုကို ဖော်ပြနေတာပါ။ တစ်ဖက်လူက ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကိုယ်စိတ်သက်သာရာရဖို့အတွက် သူတို့ဒီလို လုပ်ရတာကို ကျေနပ်နေတတ်ကြတာပါ။ အတော်လေးတော့ နားလည်ရခက်ပါတယ်နော်။

သိမ်ငယ်လွယ်တယ်၊ ယုံကြည်မှု နည်းတယ်

shutterstock/ Cookie Studio

တစ်ချို့လူတွေကျပြန်တော့ တစ်ယောက်ယောက်က သူတို့အပေါ် ဘာမှမဟုတ်တဲ့ အပြစ်တင်စကားလေး ပြောလိုက်ရင်တောင် အရမ်းကို ဝမ်းနည်းခံစားလွယ်တတ်ကြပါတယ်။ နောက်ပြီး အရာရာမှာ ကိုယ့်ကိုယ်ကို သိမ်ငယ်နေတတ်ကြပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း အရမ်းနည်းတတ်ကြပါတယ်။ နောက်ပြီး လူကြောက်တာ၊ လူတွေရှေ့ စကားမပြောရဲတာ စတာတွေကလည်း စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကြောင့် ဖြစ်လာတဲ့ အရာတွေပါ။ ဒါက ကိုယ့်အတွက် အရမ်းကို ထိခိုက်စေလို့ ပြုပြင်ပြောင်းလဲသင့်ပါတယ်နော်။

READ
ဟောလိုးဝင်းမှာကြည့်သင့်တဲ့ သည်းထိတ်ရင်ဖို ကိုရီးယားဒရမ်မာ (၅) ခု

အနိုင်လိုချင်စိတ် များတယ်

shutterstock/ Dean Drobot

နောက်ဆုံး တစ်ချက်ကတော့ စိတ်ပိုင်းဆိုင်ရာ အားနည်းတဲ့သူတွေက အနိုင်လိုချင်စိတ်များလွန်းတာပါ။ တစ်ယောက်ယောက်ကို အနိုင်ရဖို့ ကျိုးကြောင်းမဆီလျော်တဲ့ အရာတွေကိုလည်း လုပ်တတ်ကြသလို သူများကို ချောက်တွန်းတာ၊ အပုပ်ချတာ၊ ကိုယ်အနိုင်ရဖို့ သူများကို ထိခိုက်အောင် လုပ်တာမျိုးတွေတောင် ပြုလုပ်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာ အရမ်းကို ကလေးဆန်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းတယ်ဆိုတာကို ဖော်ပြနေပါတယ်။

Khin

sponsored